နာဆာရဲ႕ အာကာသ သန႔္စင္ခန္းဒီဇိုင္းၿပိဳင္ပြဲမွာ အႏိုင္ရရွိသြားခဲ့တဲ့ ၉ႏွစ္သားေလး

Zawgyi ျဖင့္ဖတ္ရန္

နာဆာရဲ႕ အာကာသ သန႔္စင္ခန္းဒီဇိုင္းၿပိဳင္ပြဲမွာ အႏိုင္ရရွိသြားခဲ့တဲ့ ၉ႏွစ္သားေလး

အေမရိကန္ရဲ႕ အမ်ိဳးသား အာကာသႏွင့္ ေလေၾကာင္း ဦးစီးဌာန (နာဆာ) က က်င္းပတဲ့ ၂၀၂၀ ခုႏွစ္ Lunar Loo Challenge ၿပိဳင္ပြဲမွာ ခ်န္ပီယံအျဖစ္နဲ႔ အႏိုင္ရရွိသြားသူဟာ Zyson Kang Zy Sun ပါ။

ယခု ၿပိဳင္ပြဲဟာ လာမည့္၂၀၂၄ ခုႏွစ္ လကမာၻေပၚမွာ ေျခခ်မယ့္ နာဆာရဲ႕ စီမံကိန္းအတြက္ လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။Kang ကေတာ့ မေလးရွားႏိုင္ငံက အသက္ ၉ႏွစ္အ႐ြယ္သာရွိတဲ့ ကေလးငယ္ျဖစ္ၿပီးေတာ့

အျခားႏိုင္ငံေပါင္း ၈၅ ႏိုင္ငံက ကေလးေပါင္း ၉၀၀ နီးပါးကို ျဖတ္ေက်ာ္ကာ အႏိုင္ရရွိခဲ့တာပါ။ Kang ရဲ႕ လကမာၻသြား အာကာသဝတ္စုံ သန႔္စင္ခန္းက အာကာသယာဥ္မႉးရဲ႕ဝတ္စုံမွာတင္ တပ္ဆင္ႏိုင္ၿပီး ေတာ့ အရည္ေတြကိုစုပ္ယူဖို႔

ေလဟာနယ္တခုကို ဖန္တီးေပးျခင္းျဖင့္ ဆြဲအားမရွိတဲ့ အာကာသထဲမွာ အလုပ္လုပ္ေစတာ ျဖစ္ပါတယ္ေနာ္။ဒါကို အသုံးျပဳမယ္ဆိုရင္ေတာ့ အာကာသယာဥ္မႉးေတြက သူတို႔ရဲ႕ေျခေထာက္ေတြကို လႈပ္ရွားေနရမွာျဖစ္ၿပီးေတာ့

ဖိနပ္နဲ႔တြဲခ်ိတ္ထားတဲ့ ႁပြန္ကို ႏွိပ္လိုက္ျခင္းအားျဖင့္ စုပ္ဆြဲအားတခုကို ဖန္တီးေပးမွာျဖစ္ၿပီးေတာ့ စြန႔္ထုတ္လိုက္တဲ့ အညစ္အေၾကးေတြဟာ ႁပြန္ေကာက္ကေနတဆင့္

အသင့္တပ္ဆင္ထားတဲ့ သိုေလွာင္ခြက္အတြင္းကို ေရာက္ရွိေစမွာပါ။ကြာလာလမ္ပူမွာရွိတဲ့ I-Discovery World က Kang ရဲ႕ ဆရာျဖစ္သူ Chong Soo Sheong ကေတာ့ Kang ဒီၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့တာဟာ

ကံေကာင္းတာေၾကာင့္မဟုတ္သလို တေန႔တည္း တညတည္းနဲ႔ ျဖစ္လာတာမဟုတ္ပဲနဲ႔ လနဲ႔ခ်ီကာ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္ေနာ္။ Kang အေနနဲ႔ ဒီပေရာဂ်က္ကို ဇြန္လကတည္းက ျပဳလုပ္ေနခဲ့တာျဖစ္ၿပီးေတာ့ ၾသဂုတ္လမွာမွ သူ႔ရဲ႕ဒီဇိုင္းကို နာဆာအဖြဲ႕ဆီသို႔

ပို႔ေပးႏိုင္ခဲ့တာလို႔ သိရပါတယ္ေနာ္။ေအာက္တိုဘာ ၂၉ မွာေတာ့ နာဆာအဖြဲ႕ကေန Kang ကို ဖိတ္ၾကားၿပီး သူ႔ရဲ႕သန႔္စင္ခန္း ဒီဇိုင္းအေၾကာင္းကို ဗီဒီယိုကြန္ဖရန္းဆင္း ကေန တဆင့္ ရွင္းျပခိုင္းခဲ့ၿပီးေတာ့ ႐ိုးရွင္းၿပီး အသုံးဝင္တာေၾကာင့္

တာဝန္ရွိသူေတြက အလြန္သေဘာက်သြားၾကတာပါ။သူ႔ရဲ႕သန႔္စင္ခန္း ရဲ႕ အဓိကအခ်က္ကေတာ့ ဘက္ထရီမလိုသလို လွ်ပ္စစ္ဓာတ္အား ကိုလည္း သုံးဖို႔မလိုတာျဖစ္ၿပီးေတာ့ ေျခေထာက္ကို လႈပ္ေပးတာနဲ႔ အသုံးျပဳႏိုင္တာေၾကာင့္

အသုံးျပဳသူေတြအတြက္ သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။ ေ႐ႊ႕လ်ားစြမ္းအင္သာ အသုံးျပဳထားတဲ့အတြက္ အာကာသထဲမွာ စက္ခ်ိဳ႕ယြင္း (သို႔) အလုပ္မလုပ္မွာလည္း ပူစရာ မရွိေတာ့ပါဘူး။” ကြၽန္ေတာ့္ရဲ႕သန႔္စင္ခန္း ဒီဇိုင္းဟာ လကမာၻေပၚမွ

ာ အသုံးျပဳဖို႔ ထုတ္ထားတာဆိုေပမယ့္ ဆရာဝန္ေတြ သူနာျပဳေတြ အေနနဲ႔လည္း ေဆးဘက္ဆိုင္ရာသန႔္စင္ခန္း တခုအျဖစ္ အသုံးျပဳႏိုင္တယ္လို႔ Kang က ဆိုပါတယ္ေနာ္။တီထြင္သူတေယာက္ျဖစ္ေပမယ့္ Kang ရဲ႕ အနာဂတ္

အိပ္မက္ကေတာ့ မ်ိဳး႐ိုးဗီဇပညာရွင္ တေယာက္ျဖစ္လာဖို႔ပါေနာ္။ တိုးတက္ထြန္းကားတဲ့ ႏိုင္ငံေတြမွာေတာ့ မ်ိဳးဆက္သစ္ေတြရဲ႕ တီထြင္မႈ နဲ႔ ပညာေရးကို အလြန္အားက်စရာ ေကာင္းေလာက္ေအာင္အထူးအားေပးလ်က္ရွိပါတယ္ေနာ္။Credit;သုတဇုန္

Unicode ျဖင့္ဖတ္ရန္

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရရှိသွားခဲ့တဲ့ ၉နှစ်သားလေး

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ်နဲ့ အနိုင်ရရှိသွားသူဟာ Zyson Kang Zy Sun ပါ။

ယခု ပြိုင်ပွဲဟာ လာမည့်၂၀၂၄ ခုနှစ် လကမ္ဘာပေါ်မှာ ခြေချမယ့် နာဆာရဲ့ စီမံကိန်းအတွက် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။Kang ကတော့ မလေးရှားနိုင်ငံက အသက် ၉နှစ်အရွယ်သာရှိတဲ့ ကလေးငယ်ဖြစ်ပြီးတော့

အခြားနိုင်ငံပေါင်း ၈၅ နိုင်ငံက ကလေးပေါင်း ၉၀၀ နီးပါးကို ဖြတ်ကျော်ကာ အနိုင်ရရှိခဲ့တာပါ။ Kang ရဲ့ လကမ္ဘာသွား အာကာသဝတ်စုံ သန့်စင်ခန်းက အာကာသယာဉ်မှူးရဲ့ဝတ်စုံမှာတင် တပ်ဆင်နိုင်ပြီး တော့ အရည်တွေကိုစုပ်ယူဖို့

လေဟာနယ်တခုကို ဖန်တီးပေးခြင်းဖြင့် ဆွဲအားမရှိတဲ့ အာကာသထဲမှာ အလုပ်လုပ်စေတာ ဖြစ်ပါတယ်နော်။ဒါကို အသုံးပြုမယ်ဆိုရင်တော့ အာကာသယာဉ်မှူးတွေက သူတို့ရဲ့ခြေထောက်တွေကို လှုပ်ရှားနေရမှာဖြစ်ပြီးတော့

ဖိနပ်နဲ့တွဲချိတ်ထားတဲ့ ပြွန်ကို နှိပ်လိုက်ခြင်းအားဖြင့် စုပ်ဆွဲအားတခုကို ဖန်တီးပေးမှာဖြစ်ပြီးတော့ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေဟာ ပြွန်ကောက်ကနေတဆင့်

အသင့်တပ်ဆင်ထားတဲ့ သိုလှောင်ခွက်အတွင်းကို ရောက်ရှိစေမှာပါ။ကွာလာလမ်ပူမှာရှိတဲ့ I-Discovery World က Kang ရဲ့ ဆရာဖြစ်သူ Chong Soo Sheong ကတော့ Kang ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာဟာ

ကံကောင်းတာကြောင့်မဟုတ်သလို တနေ့တည်း တညတည်းနဲ့ ဖြစ်လာတာမဟုတ်ပဲနဲ့ လနဲ့ချီကာ အကြိမ်ကြိမ် ကြိုးစားခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်နော်။ Kang အနေနဲ့ ဒီပရောဂျက်ကို ဇွန်လကတည်းက ပြုလုပ်နေခဲ့တာဖြစ်ပြီးတော့ သြဂုတ်လမှာမှ သူ့ရဲ့ဒီဇိုင်းကို နာဆာအဖွဲ့ဆီသို့

ပို့ပေးနိုင်ခဲ့တာလို့ သိရပါတယ်နော်။အောက်တိုဘာ ၂၉ မှာတော့ နာဆာအဖွဲ့ကနေ Kang ကို ဖိတ်ကြားပြီး သူ့ရဲ့သန့်စင်ခန်း ဒီဇိုင်းအကြောင်းကို ဗီဒီယိုကွန်ဖရန်းဆင်း ကနေ တဆင့် ရှင်းပြခိုင်းခဲ့ပြီးတော့ ရိုးရှင်းပြီး အသုံးဝင်တာကြောင့်

တာဝန်ရှိသူတွေက အလွန်သဘောကျသွားကြတာပါ။သူ့ရဲ့သန့်စင်ခန်း ရဲ့ အဓိကအချက်ကတော့ ဘက်ထရီမလိုသလို လျှပ်စစ်ဓာတ်အား ကိုလည်း သုံးဖို့မလိုတာဖြစ်ပြီးတော့ ခြေထောက်ကို လှုပ်ပေးတာနဲ့ အသုံးပြုနိုင်တာကြောင့်

အသုံးပြုသူတွေအတွက် သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ရွှေ့လျားစွမ်းအင်သာ အသုံးပြုထားတဲ့အတွက် အာကာသထဲမှာ စက်ချို့ယွင်း (သို့) အလုပ်မလုပ်မှာလည်း ပူစရာ မရှိတော့ပါဘူး။” ကျွန်တော့်ရဲ့သန့်စင်ခန်း ဒီဇိုင်းဟာ လကမ္ဘာပေါ်မှ

ာ အသုံးပြုဖို့ ထုတ်ထားတာဆိုပေမယ့် ဆရာဝန်တွေ သူနာပြုတွေ အနေနဲ့လည်း ဆေးဘက်ဆိုင်ရာသန့်စင်ခန်း တခုအဖြစ် အသုံးပြုနိုင်တယ်လို့ Kang က ဆိုပါတယ်နော်။တီထွင်သူတယောက်ဖြစ်ပေမယ့် Kang ရဲ့ အနာဂတ်

အိပ်မက်ကတော့ မျိုးရိုးဗီဇပညာရှင် တယောက်ဖြစ်လာဖို့ပါနော်။ တိုးတက်ထွန်းကားတဲ့ နိုင်ငံတွေမှာတော့ မျိုးဆက်သစ်တွေရဲ့ တီထွင်မှု နဲ့ ပညာရေးကို အလွန်အားကျစရာ ကောင်းလောက်အောင်အထူးအားပေးလျက်ရှိပါတယ်နော်။Credit;သုတဇုန်

Leave a Reply

Your email address will not be published. Required fields are marked *