
Zawgyi ဖြင့်ဖတ်ရန်


ကျောက်တံခါးမြို့မှ အမည်မဖော်ပြလိုသူ ညီငယ်လေးတစ်ဦး ထံသို့ လူမှု့ကွန်ယက်ပေါ်တွင် Friend ဖြစ်နေခဲ့သည့် နိုင်ငံကြီးတစ်နိုင်ငံမှဟုဆိုသူ ကင်စာဝေဒနာ ခံစားနေရသော အဖွားအိုတစ်ဦးမှ မိမိသည် ကင်စာဝေဒနာအား အပြင်းအထန်ခံစားနေရသူဖြစ်ပြီး နောက်ဆုံးအချိန်သို့ ရောက်နေပြီး ဖြစ်၍

၎င်းပိုင်ဆိုင်သော ငွေများအနက်မှ ဆေးကုသရန် အနည်းငယ်မျှသာခြံ၍ ကျန်ရှိသော အမေရိကန်ဒေါ်လာ(၂)သန်း အား အမည်မဖော်လိုသူညီငယ်လေး၏ နံမည် မှတ်ပုံတင်နံပါတ် ဖုန်းနံပါတ်တို့ဖြစ် လွဲပို့ပေးထားပြီးဖြစ်ကြောင်း တခြားနိုင်ငံနေရာဒေသ အသီးသီးတွင်လည်း မြောက်များစွာသောငွေများ လှူဒါန်းခဲ့ပြီးပြီ ဖြစ်ကြောင်း အောက်ပုံမှာပါသောပစ္စည်းများအား လေယာဉ်ဖြစ် တင်ပို့ပေးလိုက်ပြီး ဖြစ်ကြောင်း ငွေလွဲဖြစ် ပို့ပေးထားသော ဒေါ်လာ(၂)သန်းအား တချို့တဝက်အား သူ့အတွက်လှူဒါန်း ပေးရန်နှင့်ကျန်ငွေများအား ညီငယ်လေး၏ ဘဝအတွက်လိုအပ်သလိုအသုံးပြုရန် ပြောဆိုခဲ့သည်။


ညီငယ်လေးမှအမှန်တကယ် မိမိ၏ရှေ့ကံတရားများကြောင့် သူတော်ကောင်း အဖွားအိုမှ စေတနာနှင့် ပေးသည်ဟု ထင်ကာငွေ(၁၄)သိန်းကျပ်အား အချိန်မှီ လွဲပေးရန်အတွက်ဆွှေမျိုးသားချင်းများ မိတ်ဆွေများထံမှ ခဏချေးယူခဲ့ပြီးဘဏ်သို့သွားစဉ် အလားတူ တွေ့ကြုံခဲ့ရဘူးသူ တစ်ဦးနှင့်တွေ့ဆုံခဲ့၍ ထိုသူမှ၎င်းထံသို့လည်း ဤကဲ့သို့ဆက်သွယ်ခဲ့၍ ၄င်းမှအမှန်တကယ် ထင်မှတ်ပြီး ငွေလွဲပေးခဲ့ကြောင်း ရှက်၍မည်သူ့ကိုမှ မပြောပြခဲ့ကြောင်း ရှင်းလင်းပြောပြခဲ့၍ အလားတူ ဖြစ်ရပ်မျိုးအားနောက်လူများ ဤကဲ့သို့ လှည့်ဖျားခြင်းမခံကြရစေရန် သတင်းမီဒီယာအဖွဲ့ထံသို့ ဖြစ်စဉ်များအား မှတ်တမ်းဓါတ်ပုံ အပြန်အလှန် စာပို့ထားသောစာများ အသံဖိုင်များနှင့်အတူ အများပြည်သူများသိရှိစေရန် တင်ပြပေးပါဟု အကူအညီတောင်းဆိုလာပါသဖြစ် အကျင်းချုံး၍ တင်ပြပေးလိုက်ပါသည်။


Kyaw Min San CMT

Unicode ဖြင့်ဖတ်ရန်

ဒေါ်လာ(၂)သန်းအား အဖွားအိုမှ စေတနာနှင့် ပေးသည်ဟု ထင်ကာငွေ(၁၄)သိန်းကျပ် လိမ်ခံရမည့်အဖြစ်နဲ့ကြုံလာသူ

ကျောက်တံခါးမြို့မှ အမည်မဖော်ပြလိုသူ ညီငယ်လေးတစ်ဦး ထံသို့ လူမှု့ကွန်ယက်ပေါ်တွင် Friend ဖြစ်နေခဲ့သည့် နိူင်ငံကြီးတစ်နိူင်ငံမှဟုဆိုသူ ကင်စာဝေဒနာ ခံစားနေရသော အဖွားအိုတစ်ဦးမှ မိမိသည် ကင်စာဝေဒနာအား အပြင်းအထန်ခံစားနေရသူဖြစ်ပြီး နောက်ဆုံးအချိန်သို့ ရောက်နေပြီး ဖြစ်၍

၎င်းပိုင်ဆိုင်သော ငွေများအနက်မှ ဆေးကုသရန် အနည်းငယ်မျှသာခြံ၍ ကျန်ရှိသော အမေရိကန်ဒေါ်လာ(၂)သန်း အား အမည်မဖော်လိုသူညီငယ်လေး၏ နံမည် မှတ်ပုံတင်နံပါတ် ဖုန်းနံပါတ်တို့ဖြစ် လွဲပို့ပေးထားပြီးဖြစ်ကြောင်း တခြားနိူင်ငံနေရာဒေသ အသီးသီးတွင်လည်း မြောက်များစွာသောငွေများ လှူဒါန်းခဲ့ပြီးပြီ ဖြစ်ကြောင်း အောက်ပုံမှာပါသောပစ္စည်းများအား လေယာဉ်ဖြစ် တင်ပို့ပေးလိုက်ပြီး ဖြစ်ကြောင်း ငွေလွဲဖြစ် ပို့ပေးထားသော ဒေါ်လာ(၂)သန်းအား တချို့တဝက်အား သူ့အတွက်လှူဒါန်း ပေးရန်နှင့်ကျန်ငွေများအား ညီငယ်လေး၏ ဘဝအတွက်လိုအပ်သလိုအသုံးပြုရန် ပြောဆိုခဲ့သည်။

ထို့နောက် ဖုန်းတစ်လုံးမှ ညီငယ်လေးထံသို့ ဆက်သွယ်လာပြီး လေယာဉ်ကွင်းတွင် ညီငယ်လေး၏ နံမည် နေရပ်လိပ်စာ ဖုန်းနံပါတ်တို့ဖြစ် အဖွားအိုထံမှ ပို့ပေးလိုက်သော ပစ္စည်းပါဆယ်ထုပ် ရောက်ရှိနေပြီး ဖြစ်၍ လေယာဉ်ကွင်း ပါဆယ်ဌာနတွင် ထုတ်ယူရမည်ဖြစ်ပြီး ပစ္စည်းထုတ်ယူရန်အတွက် အခွန်ငွေ(၁၄)သိန်းကျပ်အား ပေးဆောင်ရမည်ဖြစ်၍ ယနေ့နို ဝင်ဘာလ(၂၃)ရက် နေ့လည် ၁၂နာရီ အချိန်ထက် နောက်မကျဘဲ ပေးသွင်းရမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုသော အမျိုးသ္မီး ထံသို့ ငွေအားလွဲပေးရမည် ဖြစ်ကြောင်း ငွေလွဲပေးပြီးသည်နှင့် ပါဆယ်ပစ္စည်းထုတ်အား အိမ်တိုင်ရာရောက် ပို့ပေးလိုက်ပါမည်ဟု ပြောဆိုလာသဖြင့်

ညီငယ်လေးမှအမှန်တကယ် မိမိ၏ရှေ့ကံတရားများကြောင့် သူတော်ကောင်း အဖွားအိုမှ စေတနာနှင့် ပေးသည်ဟု ထင်ကာငွေ(၁၄)သိန်းကျပ်အား အချိန်မှီ လွဲပေးရန်အတွက်ဆွှေမျိုးသားချင်းများ မိတ်ဆွေများထံမှ ခဏချေးယူခဲ့ပြီးဘဏ်သို့သွားစဉ် အလားတူ တွေ့ကြုံခဲ့ရဘူးသူ တစ်ဦးနှင့်တွေ့ဆုံခဲ့၍ ထိုသူမှ၎င်းထံသို့လည်း ဤကဲ့သို့ဆက်သွယ်ခဲ့၍ ၎င်းမှအမှန်တကယ် ထင်မှတ်ပြီး ငွေလွဲပေးခဲ့ကြောင်း ရှက်၍မည်သူ့ကိုမှ မပြောပြခဲ့ကြောင်း ရှင်းလင်းပြောပြခဲ့၍ အလားတူ ဖြစ်ရပ်မျိုးအားနောက်လူများ ဤကဲ့သို့ လှည့်ဖျားခြင်းမခံကြရစေရန် သတင်းမီဒီယာအဖွဲ့ထံသို့ ဖြစ်စဉ်များအား မှတ်တမ်းဓါတ်ပုံ အပြန်အလှန် စာပို့ထားသောစာများ အသံဖိုင်များနှင့်အတူ အများပြည်သူများသိရှိစေရန် တင်ပြပေးပါဟု အကူအညီတောင်းဆိုလာပါသဖြစ် အကျင်းချုံး၍ တင်ပြပေးလိုက်ပါသည်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

Kyaw Min San CMT

Leave a Reply

Your email address will not be published. Required fields are marked *