ခင္ပြန္းျဖစ္သူက မယားငယ္ကိုအိမ္အသစ္ဝယ္ေပးခဲ့လို႔ ေျမေကာ္စက္ငွါးၿပီး အိမ္အသစ္ကိုၿဖိဳဖ်က္ခိုင္းခဲ့တဲ့ မယားႀကီး

[Zawgyi]

ခင္ပြန္းျဖစ္သူက မယားငယ္ကိုအိမ္အသစ္ဝယ္ေပးခဲ့လို႔ ေျမေကာ္စက္ငွါးၿပီး အိမ္အသစ္ကိုၿဖိဳဖ်က္ခိုင္းခဲ့တဲ့ မယားႀကီး

အေရွ႕ေတာင္အာရွနိုင္ငံအခ်ိဳ႕ဟာ ၎တို႔ရဲ့ရိုးရာယဥ္ေက်းမႈအရ မယားၿပိဳင္ယူတတ္တာမ်ိဳးရွိၾကပါတယ္ ။ သို႔ေပမဲ့လည္း အခ်စ္ႀကီးလြန္းၿပီး ၊ မနာလို သဝန္တိုစိတ္ေတြရွိတတ္တဲ့ မိန္းကေလးေတြအတြက္ကေတာ့ လက္ခံနားလည္ေပးဖို႔အေတာ္ခက္မွာပါ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီးရွားနိုင္ငံက မယားႀကီးရဲ့လုပ္ရပ္ဟာ social media ေပၚမွာ ေရပန္းစားေနလ်က္ရွိပါတယ္ ။ ျဖစ္စဥ္ကေတာ့ M အမည္ရွိတဲ့ မယားႀကီးျဖစ္သူက ခင္ပြန္းသည္ဟာ မယားငယ္အတြက္အိမ္အသစ္ဝယ္ေပးလိုက္တဲ့သတင္းကို ၾကားၿပီးေနာက္ သဝန္တိုလြန္းၿပီး စိတ္မထိန္းနိုင္တဲ့အဆုံး ေျမေကာ္စက္ႀကီးကိုငွါးၿပီး အဆိုပါေနအိမ္ကိုၿဖိဳဖ်က္ခ်ပစ္ခဲ့တာပါ ။

အဆိုပါအျဖစ္အပ်က္ဟာ Sumatera ကၽြန္းေျမာက္ဖက္ျခမ္းမွာရွိတဲ့ Desa Mangga Dua ဆိုတဲ့ရြာမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ ရြာသားေတြရဲ့ေျပာျပခ်က္အရ မယားႀကီးဟာ သူမထက္အသက္အရြယ္အေတာ္ငယ္တဲ့မယားငယ္ကို ခင္ပြန္းျဖစ္သူက အိမ္အသစ္ဝယ္ေပးခဲ့မွန္း သိရွိခဲ့လို႔ ယခုလိုစိတ္လိုက္မွန္ပါျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္ ။

Video ထဲမွာေတြ႕ျမင္ရတဲ့အတိုင္းရြာသားေတြဟာ ၿဖိဳဖ်က္ေနတဲ့ေနအိမ္ႀကီးကို ဝိုင္းၿပီးၾကည့္ရႈေနခဲ့ၾကတာပါ ။ ေျမေကာ္စက္ႀကီးကလည္း အဆိုပါအိမ္ကိုအစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ တစ္လႊာၿပီးတစ္လႊာၿဖိဳဖ်က္ေနခဲ့တာပါ ။ ရြာသားေတြက မယားငယ္ကိုေနအိမ္ကေန ထြက္လာဖို႔ ေအာ္ဟစ္ေနခဲ့ၾကတာပါ ။ မယားငယ္မွာေတာ့ 3လသားအရြယ္ကိုယ္ဝန္လြယ္ထားရသူျဖစ္ေၾကာင္း သိရွိရပါတယ္ ။ တာဝန္ရွိသူေတြကေတာ့ အဆိုပါအျဖစ္အပ်က္ကို စုံစမ္းစစ္ေဆးေနလ်က္ရွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

[Unicode]

ခင်ပွန်းဖြစ်သူက မယားငယ်ကိုအိမ်အသစ်ဝယ်ပေးခဲ့လို့ မြေကော်စက်ငှါးပြီး အိမ်အသစ်ကိုဖြိုဖျက်ခိုင်းခဲ့တဲ့ မယားကြီး

အရှေ့တောင်အာရှနိုင်ငံအချို့ဟာ ၎င်းတို့ရဲ့ရိုးရာယဉ်ကျေးမှုအရ မယားပြိုင်ယူတတ်တာမျိုးရှိကြပါတယ် ။ သို့ပေမဲ့လည်း အချစ်ကြီးလွန်းပြီး ၊ မနာလို သဝန်တိုစိတ်တွေရှိတတ်တဲ့ မိန်းကလေးတွေအတွက်ကတော့ လက်ခံနားလည်ပေးဖို့အတော်ခက်မှာပါ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံက မယားကြီးရဲ့လုပ်ရပ်ဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။ ဖြစ်စဉ်ကတော့ M အမည်ရှိတဲ့ မယားကြီးဖြစ်သူက ခင်ပွန်းသည်ဟာ မယားငယ်အတွက်အိမ်အသစ်ဝယ်ပေးလိုက်တဲ့သတင်းကို ကြားပြီးနောက် သဝန်တိုလွန်းပြီး စိတ်မထိန်းနိုင်တဲ့အဆုံး မြေကော်စက်ကြီးကိုငှါးပြီး အဆိုပါနေအိမ်ကိုဖြိုဖျက်ချပစ်ခဲ့တာပါ ။

အဆိုပါအဖြစ်အပျက်ဟာ Sumatera ကျွန်းမြောက်ဖက်ခြမ်းမှာရှိတဲ့ Desa Mangga Dua ဆိုတဲ့ရွာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ရွာသားတွေရဲ့ပြောပြချက်အရ မယားကြီးဟာ သူမထက်အသက်အရွယ်အတော်ငယ်တဲ့မယားငယ်ကို ခင်ပွန်းဖြစ်သူက အိမ်အသစ်ဝယ်ပေးခဲ့မှန်း သိရှိခဲ့လို့ ယခုလိုစိတ်လိုက်မှန်ပါပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Video ထဲမှာတွေ့မြင်ရတဲ့အတိုင်းရွာသားတွေဟာ ဖြိုဖျက်နေတဲ့နေအိမ်ကြီးကို ဝိုင်းပြီးကြည့်ရှုနေခဲ့ကြတာပါ ။ မြေကော်စက်ကြီးကလည်း အဆိုပါအိမ်ကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင် တစ်လွှာပြီးတစ်လွှာဖြိုဖျက်နေခဲ့တာပါ ။ ရွာသားတွေက မယားငယ်ကိုနေအိမ်ကနေ ထွက်လာဖို့ အော်ဟစ်နေခဲ့ကြတာပါ ။ မယားငယ်မှာတော့ 3လသားအရွယ်ကိုယ်ဝန်လွယ်ထားရသူဖြစ်ကြောင်း သိရှိရပါတယ် ။ တာဝန်ရှိသူတွေကတော့ အဆိုပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Leave a Reply

Your email address will not be published. Required fields are marked *