ကထိန်ခင်းလိုတဲ့ မိဘပြည်သူတိုင်းအတွက် သာသနာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်လိုက်ပြီဗျာ

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို လူ ၃၀ ဦးထက်မပိုဘဲ ကျင်းပပြုလုပ်ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်း သာသနာရေးတာဝန်ရှိသူများမှ စီစဉ်လျက်ရှိသည်။နိုဝင်ဘာ ၄ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသာရေးဦးစီးဌာနရုံးက ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမည့် အခမ်းအနားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား တင်ပြလျှောက်ထားသည့် စာတစ်စောင်ကို တိုင်းအတွင်းရှိ ကျောင်းတိုက်များထံ ဆက်ကပ်ခဲ့သည်။အဆိုပါ တိုင်းသာသနာရေးဦးစီးဌာနမှ ဆက်ကပ်သည့်စာတွင် ကထိန်သင်္ကန်း

ဆက်ကပ်လှူဒါန်းမည့်အခမ်းအနားများ ကျင်း ပပြုလုပ်လိုပါက ပြုလုပ်မည့်ရက်မတိုင်မီ ရက်သတ္တပတ် ၃ ပတ်ကြိုတင်၍ သာသနာရေးနှင့် ယဉ်ကျေ းမှုဝန်ကြီးဌာနသို့ ပေးပို့ရန်၊ သာ/ဝန်ဌာနမှ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြခွင့်ပြုချက် ရယူသွားရန်၊ ခွင့်ပြုချက် ရရှိပါက လူ ၃၀ ဦး ထက်မပိုစေဘဲ ညွှန်ကြားချက်များနှင့်အညီ ဆောင် ရွက်သွားရန်ဟူ၍ ဖော်ပြပါရှိသည်။အဆိုပါ ဆက်ကပ်စာနှင့်ပတ်သက်၍ ဆရာတော်တစ်ပါးထံ လျှောက်ထားမေးမြန်းရာ “ထုတ်ပြန်ချက်ထဲမှ

ာ ကထိန်ခင်းတဲ့အခါ သုံးပတ်ကြိုတင်ပြီးတော့ အကြောင်းကြားရမယ်တဲ့။လေးပတ်ကြိုတ င်ပြီးတော့ အစီအစဉ်ကို ဆိုင်ရာကို ပို့ရမယ်ပေါ့လေ။ ကထိန်ခင်းခွင့်ရှိတာက မြတ်စွာဘုရားခွင့်ပြုထားတာသည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ကစပြီး တန်ဆောင်မုန်းလပြည့်အထိ လေးပတ်ပဲရှိတယ်။လေးပတ်ပဲရှိတဲ့ကထိန်မှာ လေးပတ်ကြိုတင်ပြီးတော့ အကြောင်းကြားပေးရ မယ်ဆိုတော့ ဖြစ်နိုင်တယ်

မဖြစ်နိုင်ဘူးဆိုတာ စဉ်းစားကြည့်ပေါ့။ ကထိန်းပဲ မခင်းနဲ့လို့ ပြောလိုက်သလို ဖြစ်နေတယ်။စာထုတ်တဲ့ ပုဂ္ဂိုလ်တွေက သာသနာရေးဆိုင်ရာ မသိလို့များလား စဉ်းစားစရာပဲ” ဟု ရန်ကုန်တိုင်းအတွင်းရှိ သံဃာတော်တစ်ပါးမှ မိန့်ကြားသည်။ယင်းဆက်ကပ်စာနှင့်ပတ်သက်၍ ထပ်မံပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေနှင့် အတိအကျသေချာ မသိရှိရသေးသည့်အတွက် ဖြေကြား၍ မရကြောင်း ပြောဆိုခဲ့သည်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *