“မိန်းမမြတ်ကျမ်း”


“မိန်းမမြတ်ကျမ်း”

သူမဟာလူနဲ့ သိက္ခာတို့ရဲ့ ရှင်ကွဲခြေကျင်း တွဲလဲနဲ့ အခွင့်အရေးအလေးပေးမခံရတဲ့ မနက်ဖြန်ထူးခတ်ခံရသော ကမ္ဘာအတွက်

ငါတို့ရဲ့ လွတ်လပ်မှုအရှင်အစင်ကြယ်ဆုံးလူရိုင်းရဲ့ လက်ဆောင်အယုံကြည်ရဆုံး ကျမ်းတစ်စောင်ဖြစ်တယ်။

သူမဟာတရိုတသေရွတ်ဖတ်ကြတဲ့ကမ္ဘာဦးကျမ်းစာတစ်ချပ်သူမဟာတခုတ်တရပြ ဋ္ဌာန်းကြတဲ့ကမ္ဘာသုံးဥပဒေတစ်ရပ်သူမဟာတလေးတစားညွတ်တွားကြတဲ့

ကမ္ဘာကျော်မိန်းမမြတ်သူမဟာဒေါင်းအ ပေါင်းတို့ မာတာမဟာအဆန်ဆုံး သက်ရှိမြစ်နှစ်လိုခြင်း ပရမတ်တရားလူစင်ကြယ်များရဲ့

အမှတ်တံဆိပ်ပြတ်သားမှုပုံရိပ် အမြူတေ
လူ့အခွင့်အရေးတွေရဲ့ အုတ်မြစ်ဗျူဟာအသစ်နဲ့ ဆွန်ဇူးကျမ်းအခမ်းနားဆုံး

အဘိဓာန်လူသားဆန်ခြင်း ဥပဒေသတရားမျှတမှု အကြောင်းတရားသူတော်ကောင်းများ ချီးမွမ်းသံကမ္ဘာဆန်ခြင်း

အက္ခရာတစ်ပါးကြီးမြတ်သူများရဲ့ နိမိတ်ပုံယဉ်ကျေးမှုအလုံးစုံအတွက် စံရဲရင့်ခြင်းနတ်ဘုရားမဟန်နဲ့ငြိမ်းချမ်းရေးရဲ့

သရုပ်သကန်သံလွင်ခက်တွေ ခေါင်းမှာပန်လို့တမန်တော်ဆန်ဆန်ပြုံးတတ်လွန်းသူ
ထီးလိုမင်းလို

အမယ်ပျို(အဲဒီလို) အဖြူထက် ဖြူတဲ့ အ ဖြူနဲ့အမေလို့ ခေါ် ခေါ်ပြီး ထုဆစ်ခဲ့တဲ့လူရိုင်းရဲ့ သမီးတော်ကိုကမ္ဘာဦးလူတို့

အလင်းမျှော်သလိုငါတို့ စိတ်လိုလက်ရ မျှော်လင့်ခဲ့ကြတယ်တကယ်ဆိုဒီမြေ ဟာဒီအမေ ထွန်ယက်ပေးမှ

ညက်မယ့်ယာပဉ္စမကမ္ဘာမှာသူမသာလျှင်သမိုင်းအသစ်ရဲ့ ဖန်တီးရှင်အဲဒီလိုနဲ့အမေ့ရဲ့ ဒြပ်စင်အပေါင်းဟာလူသိမ်မွေ့တို့ ကမ္ဘာမှာတော့တစ်ထောင့်တစ်ညကြာအောင် ရွာနေခဲ့ ။

သရသစ်

Leave a Reply

Your email address will not be published. Required fields are marked *