ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ျမိဳ႔နယ္အခ်ိဳ႕ ၂၄.၁၁.၂၀၂၀ တြင္ လွ်ပ္စစ္မီး ျပတ္ေတာက္မည္

ကိဳတင္အသိေပးပႏ္ုၾကားအပ္ပါသည္ ….ျပည္သူထံသို့ အသိေပးပန္ၾကားျခင္း

၁။ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ျမင့္မားတိုးတက္လာေသာ ဓာတ္အားလိုအပ္ခ်က္ကို လာမည့္ေႏြရာသီအမွီ အခ်ိန္မွီျဖည့္ဆည္းေပးနိုင္ရန္အတြက္ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ (ေလွာ္ကား၊ ရြာမ၊ အလုံ၊ သာေကတ) ဓာတ္အားခြဲ႐ုံ (၄)႐ုံ အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းကို အဆင္ေျပေခ်ာေမြ႕စြာႏွင့္ အခ်ိန္ႏွင့္တေျပးညီ ေဆာင္ရြက္သြားမည္ျဖစ္ပါသည္။

၂။ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ သာေကတဓာတ္အားခြဲ႐ုံႏွင့္ ရြာမဓာတ္အားခြဲ႐ုံတို့၌ (၂၄.၁၁.၂၀၂၀) ရက္ေန႔တြင္ ဓာတ္အားခြဲ႐ုံ အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ပါသျဖင့္ (၂၄.၁၁.၂၀၂၀) ရက္ေန႔ (၀၉:၀၀)နာရီမွ (၁၀:၃၀)နာရီအခ်ိန္အတြင္းႏွင့္ (၁၅:၃၀)နာရီမွ (၁၇:၀၀)နာရီအခ်ိန္အတြင္း

မရမ္းကုန္း၊ ရန္ကင္း၊ ေတာင္ဥကၠလာပ၊ ေျမာက္ဥကၠလာပ၊လွိုင္၊ ဒဂုံေျမာက္၊ ဗဟန္း၊ တာေမြၿမိဳ့နယ္မ်ားအတြင္းရွိ ေနရာအခ်ိဳ့တို့တြင္ လည္းေကာင္း၊

(၁၂:၀၀)နာရီမွ (၁၄:၀၀)နာရီအခ်ိန္အတြင္း၌ သဃၤန္းကၽြန္း၊ ဒဂုံဆိပ္ကမ္း၊ ဒဂုံေတာင္၊ ဒဂုံအေရွ႕ၿမိဳ့နယ္မ်ားအတြင္းရွိ ေနရာအခ်ိဳ့တို့တြင္ လည္းေကာင္း၊

(၀၉:၀၀)နာရီမွ (၁၃:၀၀)နာရီအခ်ိန္အတြင္း အင္းစိန္၊ မဂၤလာဒုံၿမိဳ့နယ္မ်ားအတြင္းရွိ ေနရာအခ်ိဳ့တို့တြင္ လည္းေကာင္း ယာယီဓာတ္အားျပတ္ေတာက္မွုမ်ား ရွိနိုင္မည္ျဖစ္ပါသည္။

၃။ ထိုသို့ လုပ္ငန္းမ်ားေဆာင္ရြက္ရာ၌ ဓာတ္အားျပတ္ေတာက္ခ်ိန္ ၾကာျမင့္မွုမရွိေစေရးႏွင့္ ဓာတ္အားျပတ္ဧရိယာေလ်ာ့နည္းေစေရးအတြက္ အရန္ဓာတ္အားျဖင့္ ဓာတ္အားေပးနိုင္ေရးကို စီစဥ္ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း ႏွင့္

 

မျဖစ္မေန အခ်ိန္ႏွင့္တေျပးညီ ေဆာင္ရြက္ရေသာ လုပ္ငန္းျဖစ္ပါသျဖင့္ ယာယီဓာတ္အားျပတ္ေတာက္ရျခင္းေၾကာင့္ လူမွုေရးအခက္အခဲမ်ား ေပၚေပါက္လာနိုင္မွုမ်ားအေပၚ နားလည္ခြင့္လႊတ္ေပးပါရန္ ျပည္သူထံသို့ အသိေပးပန္ၾကားအပ္ပါသည္။

ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း

————————–

ကြိုတင်အသိပေးပန်ုကြားအပ်ပါသည် ….ပြည်သူထံသို့ အသိပေးပန်ကြားခြင်း

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြင့်မားတိုးတက်လာသော ဓာတ်အားလိုအပ်ချက်ကို လာမည့်နွေရာသီအမှီ အချိန်မှီဖြည့်ဆည်းပေးနိုင်ရန်အတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတ) ဓာတ်အားခွဲရုံ (၄)ရုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အဆင်ပြေချောမွေ့စွာနှင့် အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတဓာတ်အားခွဲရုံနှင့် ရွာမဓာတ်အားခွဲရုံတို့၌ (၂၄.၁၁.၂၀၂၀) ရက်နေ့တွင် ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် (၂၄.၁၁.၂၀၂၀) ရက်နေ့ (၀၉:၀၀)နာရီမှ (၁၀:၃၀)နာရီအချိန်အတွင်းနှင့် (၁၅:၃၀)နာရီမှ (၁၇:၀၀)နာရီအချိန်အတွင်း

မရမ်းကုန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊လှိုင်၊ ဒဂုံမြောက်၊ ဗဟန်း၊ တာမွေမြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင် လည်းကောင်း၊

(၁၂:၀၀)နာရီမှ (၁၄:၀၀)နာရီအချိန်အတွင်း၌ သင်္ဃန်းကျွန်း၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့မြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင် လည်းကောင်း၊

(၀၉:၀၀)နာရီမှ (၁၃:၀၀)နာရီအချိန်အတွင်း အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင် လည်းကောင်း ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ပါသည်။

၃။ ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာ၌ ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အရန်ဓာတ်အားဖြင့် ဓာတ်အားပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့်

 

မဖြစ်မနေ အချိန်နှင့်တပြေးညီ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းကြောင့် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ပြည်သူထံသို့ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

Leave a Reply

Your email address will not be published. Required fields are marked *