ဝန္ႀကီးခ်ဳပ္မ်ားအပါအဝင္ အစိုးအဖြဲ႔ဝင္ဝန္ႀကီးမ်ားကို ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ေရြးခ်ယ္မည္

အစိုးရသစ္တြင္ ပါဝင္မည့္ တိုင္းေဒသႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႔ဝင္ဝန္ႀကီးမ်ားကို NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္စုၾကည္ ကိုယ္တိုင္ စိစစ္ေရြးခ်ယ္မည္ ဟု ပါတီ ဗဟိုျပန္ၾကားေရးမွ အတြင္းေရးမွဴးျဖစ္သူ မံုရြာေအာင္႐ွင္ က The Ladies News သို႔ ေျပာၾကားသည္။

မံုရြာေအာင္႐ွင္ က ” အဓိက,ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ပါပဲ။ ေဒၚေအာင္ဆန္းစုၾကည္ သူ႔စံႏႈန္းနဲ႔ သူေရြးမယ္လို႔ ထင္ပါတယ္ ” ဟု ဆိုသည္။

လက္႐ွိအစိုးရအဖြဲ႔တြင္ပါဝင္ေသာ ဝန္ႀကီးခ်ဳပ္တခ်ိဳ႕ႏွင့္ ဝန္ႀကီးတခ်ိဳ႕၏ စြမ္းေဆာင္ရည္မ်ားႏွင့္ ပတ္သက္ၿပီး ျပည္သူမ်ားၾကားတြင္ ေဝဖန္မႈမ်ားလည္း႐ွိသည္။

၂၀၁၅ ေရြးေကာက္ပြဲအလြန္၌ အစိုးရအဖြဲ႔ကိုဖြဲ႔စည္းရာတြင္ ဝန္ႀကီးခ်ဳပ္မ်ားအား NLD သဘာပတိအဖြဲ႔ဝင္ ဦးဝင္းထိန္ က ေရြးခ်ယ္ခဲ့ေၾကာင္းသိရၿပီး၊ ယခုတစ္ႀကိမ္တြင္မူ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္ကိုင္ေရြးခ်ယ္ မည္ဟု မံုရြာေအာင္ ႐ွင္က ေျပာၾကားသည္။

” အဲဒါ ကြၽန္ေတာ္ေျပာတာေလ။ ကြၽန္ေတာ္ သိသေလာက္ကေတာ့ ဒီတစ္ခါေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ကမကထ လုပ္ၿပီးေတာ့ ေရြးခ်ယ္လိမ့္မယ္လို႔ ကြၽန္ေတာ္သိပါတယ္ ” ဟု ၎က ဆိုသည္။

 

လက္႐ွိအခ်ိန္တြင္မူ မည္သူက မည္သည့္ေနရာေဒသ၌ ဝန္ႀကီးခ်ဳပ္ျဖစ္မည္ ဝန္ႀကီးျဖစ္မည္ စသျဖင့္ ထင္ေၾကးေပးကာ မွန္းဆေျပာဆိုမႈမ်ားလည္း႐ွိေနၿပီး၊ ယင္းသို႔ ထင္ေၾကးေပး မွန္းဆေျပာဆိုမႈမ်ားသည္ ေရရာေသခ်ာမႈမ႐ွိဟု မံုရြာေအာင္႐ွင္ က ေျပာၾကားသည္။

” အဲဒီဟာေတြကေတာ့ လူေတြက အမ်ိဳးမ်ိဳး ထင္ေၾကးေပးေနၾကတာပဲ။ အမ်ိဳးမ်ိဳးထင္ေၾကးေပးၾကတယ္။ အမ်ိဳးမ်ိဳး မွန္းဆၾကတယ္။ တခ်ိဳ႕ၾကေတာ့ အမ်ိဳးမ်ိဳးေလာ္ၾကတာေပါ့ဗ်ာ။ ေလာ္ဘီလုပ္ၾကတာေပါ့။ တကယ္ေတာ့ ဒါေတြက အကုန္လံုးဘာမွ ေရရာေသခ်ာတဲ့ဟာမဟုတ္ပါဘူး။ အခ်ိန္တန္လို႔ ထြက္လာတဲ့အခါၾကေတာ့မွပဲ သိရမွာပါ။ တကယ့္အမွန္ကို သိရမွာပါပဲ ” ဟု ၎က ေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မ႐ွင္၏ တရားဝင္ ထုတ္ျပန္ခ်က္အရ NLD သည္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ကိုယ္စားလွယ္ေနရာ ၃၉၆ ေနရာရ႐ွိသြားေသာေၾကာင့္ လာမည့္ အစိုးရသစ္ကို ဦးေဆာင္ဖြဲ႔စည္းခြင့္ရ႐ွိသြားၿပီ ျဖစ္သည္။

ေအာင္ရဲေနာင္
The Ladies News

ဝန်ကြီးချုပ်များအပါအဝင် အစိုးအဖွဲ့ဝင်ဝန်ကြီးများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရွေးချယ်မည်
—– —– —–
အစိုးရသစ်တွင် ပါဝင်မည့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်စုကြည် ကိုယ်တိုင် စိစစ်ရွေးချယ်မည် ဟု ပါတီ ဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင် က The Ladies News သို့ ပြောကြားသည်။

မုံရွာအောင်ရှင် က ” အဓိက,ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် သူ့စံနှုန်းနဲ့ သူရွေးမယ်လို့ ထင်ပါတယ် ” ဟု ဆိုသည်။

လက်ရှိအစိုးရအဖွဲ့တွင်ပါဝင်သော ဝန်ကြီးချုပ်တချို့နှင့် ဝန်ကြီးတချို့၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်ပြီး ပြည်သူများကြားတွင် ဝေဖန်မှုများလည်းရှိသည်။

၂၀၁၅ ရွေးကောက်ပွဲအလွန်၌ အစိုးရအဖွဲ့ကိုဖွဲ့စည်းရာတွင် ဝန်ကြီးချုပ်များအား NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် က ရွေးချယ်ခဲ့ကြောင်းသိရပြီး၊ ယခုတစ်ကြိမ်တွင်မူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်ကိုင်ရွေးချယ် မည်ဟု မုံရွာအောင် ရှင်က ပြောကြားသည်။

” အဲဒါ ကျွန်တော်ပြောတာလေ။ ကျွန်တော် သိသလောက်ကတော့ ဒီတစ်ခါတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကမကထ လုပ်ပြီးတော့ ရွေးချယ်လိမ့်မယ်လို့ ကျွန်တော်သိပါတယ် ” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင်မူ မည်သူက မည်သည့်နေရာဒေသ၌ ဝန်ကြီးချုပ်ဖြစ်မည် ဝန်ကြီးဖြစ်မည် စသဖြင့် ထင်ကြေးပေးကာ မှန်းဆပြောဆိုမှုများလည်းရှိနေပြီး၊ ယင်းသို့ ထင်ကြေးပေး မှန်းဆပြောဆိုမှုများသည် ရေရာသေချာမှုမရှိဟု မုံရွာအောင်ရှင် က ပြောကြားသည်။

” အဲဒီဟာတွေကတော့ လူတွေက အမျိုးမျိုး ထင်ကြေးပေးနေကြတာပဲ။ အမျိုးမျိုးထင်ကြေးပေးကြတယ်။ အမျိုးမျိုး မှန်းဆကြတယ်။ တချို့ကြတော့ အမျိုးမျိုးလော်ကြတာပေါ့ဗျာ။ လော်ဘီလုပ်ကြတာပေါ့။ တကယ်တော့ ဒါတွေက အကုန်လုံးဘာမှ ရေရာသေချာတဲ့ဟာမဟုတ်ပါဘူး။ အချိန်တန်လို့ ထွက်လာတဲ့အခါကြတော့မှပဲ သိရမှာပါ။ တကယ့်အမှန်ကို သိရမှာပါပဲ ” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်အရ NLD သည် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၃၉၆ နေရာရရှိသွားသောကြောင့် လာမည့် အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိသွားပြီ ဖြစ်သည်။

အောင်ရဲနောင်
The Ladies News

Leave a Reply

Your email address will not be published. Required fields are marked *