[Zawgyi]
Credit Kyaw Thu
[Unicode]
အမေစု ပုံတူသက်ဝင်ပန်းချီကားချပ် နာရေးကူညီမှု(ရန်ကုန်)အသင်းထံရောက်ရှိလာခြင်းနဲ့ပတ်သက်လို့ပြောပြလာတဲ့ ဦးကျော်သူ
မင်္ဂလာရှိသောနေ့။အမှန်တရား ရပ်တည်သောနေ့။
ဓမ္မ လွှမ်းခြုံတဲ့နေ့။
ပန်းချီဆရာမ နုယဉ်သည် အမေဒေါ်အောင်ဆန်းစုကြည် ၏သက်ဝင် ပန်းချီပုံတူလက်ရာများအား ယနေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့လာရောက်ကာ ကျွန်တော့်အတွက်၊အသင်းအတွက် မှတ်မှတ်ရရချိတ်ဆွဲထားရန် လက်ဆောင်ပေးခဲ့ပါသည်။
အမှန်တရားကိုလက်ကိုင်ပြုသူ၊ဓမ္မများလွှမ်းခြုံထားသူ၊အများအတွက်အနစ်နာခံပေးဆပ်နေသူ အမေဒေါ်အောင်ဆန်းစုကြည်ပုံတူသက်ဝင်ပန်းချီကားချပ် ရောက်ရှိလာခြင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ကျွန်တော့်အတွက် အမှန်တရား ဓမ္မများမှ ဝင်းရံပေးခဲ့သလိုအတိတ်နိမိတ်ဆောင်လိုက်ခြင်းဖြစ်ပေတော့သည်။
ကျေးဇူးအထူးပါ ဆရာမ နုယဉ် ခင်ဗျား။
ကျော်သူ (ပရဟိတသစ္စာနှင့် သီလသစ္စာတို့အား ဗုဒ္ဓဘုရားရှင်ထံ တိုင်တည်သစ္စာဆိုဝံ့သူ)
Credit Kyaw Thu
Leave a Reply
Your email address will not be published. Required fields are marked *