မိုးလေးရွာပြီးပြီးချင်း မြွေဟောက်ကြီးတစ်ကောင်လိုက်ကိုက်နေတဲ့(ရုပ်/သံ)

မိုးလေးရွာပြီးပြီးချင်း မြွေဟောက်ကြီးတစ်ကောင်လိုက်ကိုက်နေတဲ့(ရုပ်/သံ)

Vedioအောက်ဆုံးတွင်ပါဝင်သည်။

လွန်ခဲ့တဲ့ ရက်ပိုင်းလေးကပဲ ကျနော်တို့ စောင့်ရှောက်ပေးနေတဲ့ ခြံတစ်ခြံက လုပ်သားတစ်ယောက်ရဲ့အမျိုးသမီး မြွေအကိုက်ခံလိုက်ရလို့ ဆေးရုံပို့လိုက်ရတဲ့ အဖြစ်လေး ဖြစ်ခဲ့ပါတယ်။

ညဖက် အုပ်ချူပ်မှုရုံးကအပြန် ခြံတွင်းလမ်းမက မပြန်ပဲ ဖြတ်လမ်း တောလမ်းကလေးကနေ ပြန်ရာကမီးမလုံလောက်တော့ မမြင်မစမ်းသွားရာက မြွေပွေး တက်နင်းမိပြီး အကိုက်ခံရတာပါပဲ။

(လည်ရှည်ဖိနပ်တွေ ထုတ်ပေးထားပေမယ့် မစီးဖြစ်ကြပဲ ထွက်လာကြတာ)

ရှေးဦးသူနာပြုနည်းနဲ့ ပြုစု၊ အမြန်ဆေးရုံပို့လိုက်နိုင်တော့ ဘာအန္တရာယ်မှ မရှိပဲ အခုတော့ ပြန်လည် ကျန်းမာနေပါပြီ။

ဒီလို အချိန်ရာသီ မိုးလေး တစ်ပေါက် နှစ်ပေါက်ကျချိန် မြေတွင်း အပူငွေ့တွေကြောင့် တွင်းအောင်း သတ္တဝါတွေထွက်လေ့ရှိတတ်တာ သတိထားကြရပါတယ်။အခု ထိုင်းက ဗီဒီယိုလေးလိုပါပဲ၊ ကြက်၊ဘဲ ခွေးတွေရဲ့ မူမမှန်တဲ့

အသံတွေကိုလည်း သတိထားကြရပါတယ်။အခုခေတ်ကတော့ ကျေးလက်နေ လူတွေမှာလည်း ကား ဆိုင်ကယ်တွေလည်းပေါ၊

လမ်းတွေလည်း ကောင်းလာတဲ့အပြင် ဆေးရုံတိုင်းမှာလည်း မြွေအန္တရာယ် ကာကွယ်ဆေးတွေ အလုံအလောက် ထားရှိပေးထားတာမို့ဟိုးအရင်ခေတ်တွေလိုတော့ အန္တရာယ် ကြီးလှတယ် မဟုတ်တော့ပါဘူး။

ဘာဖြစ်ဖြစ် မိုးဦးကျတော့မှာမို့ သတိထားကြပါခင်ဗျာ။အားလုံးသတိထားနိုင်အောင် လည်း မျှဝေပေးပါအုံးရှင့်

SSS Forest Agri Services Ltd

Leave a Reply

Your email address will not be published. Required fields are marked *