နိုင္​ငံ​ေတာ္​၏ အတိုင္​ပင္​ခံပုဂၢိဳလ္​ ​ေဒၚေအာင္ဆန္းစုၾကည္ ၏ ဟားဗတ္မိန႔္ခြန္း

နိုင္​ငံ​ေတာ္​၏ အတိုင္​ပင္​ခံပုဂၢိဳလ္​ ​ေဒၚေအာင္ဆန္းစုၾကည္ ၏ ဟားဗတ္မိန႔္ခြန္း

ဒီဆုကို က်မေဆာင္ရြက္ခဲ့တာေတြအတြက္ အသိအမွတ္ျပဳၿပီးေပးတာလို့ေရာ၊ အနာဂတ္မွာ က်မတို့ ရေအာင္ႀကံေဆာင္ရမယ့္အရာေတြအတြက္ အတိတ္နိမိတ္ေကာင္းအျဖစ္ပါ က်မ သေဘာထားပါတယ္။

ဘာလို့လည္းဆိုေတာ့ က်မတို့ ျပည္သူေတြ လြတ္လပ္မွုေရာ၊ လုံျခဳံမွုေရာ ရွိေနၿပီလို့ ေျပာနိုင္တဲ့အထိေရာက္ဖို့ အေဝးႀကီးလိုေသးလို့ပါ။ လြတ္လပ္ျခင္းနဲ႔လုံျခဳံျခင္းကို မၽွမၽွတတရဖို့ ဆိုတာ ဘဝမွာ လူေတြ အေတာင့္တဆုံးအရာေတြပါဘဲ။

ဒါေၾကာင့္ ဒီေန႔ က်မဒီလိုလာနိုင္ေအာင္ အခြင့္အေရးေပးခဲ့ၾကတဲ့ လူႀကီးမင္းေတြေရာ၊ က်မကို ခ်ီးက်ဴးေျပာဆိုခဲ့သူေတြေရာ အားလုံးကို ေက်းဇူးတင္ပါရေစ။

”ပညာေရးဆိုတာ တျခားလူေတြရဲ့ စိတ္ေတြကို နားလည္ဖို့ လုပ္တာဘဲ” လို့ မိန႔္ခြန္းအစပိုင္းမွာ ေျပာခဲ့တဲ့ ေဒါက္တာ Khurana ကိုလည္း ေက်းဇူးတင္ပါတယ္။ က်မစိတ္ထဲ သိပ္ကို ထိသြားေစတဲ့စကားပါဘဲ။

စာဖတ္တာကို က်မသေဘာက်ရတာကလည္း ဒါေၾကာင့္ပါဘဲ။ စာဖတ္ျခင္းက တျခားလူေတြရဲ့စိတ္ေတြဘယ္လိုရွိသလဲဆိုတာ စူးစမ္းေလ့လာဖို့အခြင့္အေရးေပးပါတယ္။

စာေရးဆရာရဲ့ စိတ္ကူးကိုတင္ ဖတ္လို့ရတာမဟုတ္ဘဲ ဇာတ္ေကာင္ေတြရဲ့ စိတ္ေတြကို စူးစမ္းလို့ရတယ္ ။ စိတ္ကူးယဥ္ဝတၱဳဘဲျဖစ္ျဖစ္ ၊ ၀တၱဳမဟုတ္တာမွာဘဲ ျဖစ္ျဖစ္ ကိုယ္မဟုတ္တဲ့လူေတြအေၾကာင္းကို အမ်ားႀကီး ေလ့လာလို့ရပါတယ္ ။

(ေဒါက္တာ Khurana ဒီလိုေျပာတာကို နားေထာင္ခြင့္ရတာက) ဒီဆုရဲ့ အေကာင္းဆုံးအပိုင္းပါဘဲ ……. အဆိုးဆုံးအပိုင္းကေတာ့ က်မမိန႔္ခြန္းေျပာရတာပါဘဲ (ရယ္သံမ်ား)။

က်မက မိန႔္ခြန္းေတြ ေျပာရတာ မႀကိဳက္ပါဘူး။ ဒါေၾကာင့္ဘဲ လူေတြက က်မကို ေမးၾကေရာ…..( မႀကိဳက္ဘူး ဆိုၿပီး ) တနိုင္ငံလုံးမွာေရာ နိုင္ငံျခားမွာပါ မိန႔္ခြန္းေပါင္းမ်ားစြာ ေျပာခဲ့တယ္ေနာ္တဲ့။

ဒါေပမယ့္ က်မက လူထုကို စကားေျပာတဲ့အခါတိုင္း လူေတြ ေသာင္းနဲ႔ သိန္းနဲ႔ ခ်ီေနပါေစ သူတို့ကို မိန႔္ခြန္းေႁခြေနတယ္လို့ က်မ မခံစားရပါဘူး ၊ သူတို့နဲ႔ အတူတကြ စကားေျပာေနတယ္ လို့ ခံစားရပါတယ္ ၊ ဘာလို့လည္းဆို သူတို့နဲ႔မ်က္လုံးခ်င္းဆုံလို့ရတယ္၊ က်မ ေျပာတဲ့အေၾကာင္းအရာအေပၚ သူတို့ဘယ္လိုခံစားရတယ္ဆိုတာကို ျမင္ရတယ္။

ၿပီးေတာ့ လူထုကို စကားေျပာၿပီးတိုင္း သူတို့ေမးခ်င္တာေတြေမးလို့ရေအာင္လည္း အျမဲႀကိဳးစားေပးပါတယ္။ ဒါမွလည္း တစ္ေယာက္နဲ႔တစ္ေယာက္နားလည္လို့ရေအာင္ပါ။

ဒါေပမယ့္ အခုလိုေနရာမ်ိဳးမဟုတ္ဘဲ တကယ့္အခမ္းအနားနဲ႔ေျပာရတဲ့အခါက်ရင္ေတာ့ ပရိသတ္နဲ႔တကယ္ထိေတြ႕ေနရတယ္လို့ မခံစားရပါဘူး ။

ဒါမ်ိဳးက က်မအတြက္ေတာ့ ႏွစ္ဦးႏွစ္ဖက္စကားေျပာေနတဲ့ ပုံစံမ်ိဳး မဟုတ္ပါဘူး ။ ဒိုင္ယာေလာ့ဆိုတာက ကိုယ္ေျပာခ်င္တာကို တစ္ဦးခ်င္းစီေျပာေနတာမ်ိဳးထက္ ပိုတဲ့အရာပါဘဲ ။

အေမရိကန္မွာ အစိုးရအဖြဲ႕ထဲအလုပ္လုပ္ရင္ ရတဲ့ခံစားခြင့္တစ္ခုက ေျပာရမယ့္အေၾကာင္းအရာ (talking point) ကို ကိုယ့္႐ုံးက အဆင္သင့္ေရးေပးတယ္လို့ က်မ သိရပါတယ္ (ရယ္သံမ်ား)။

ဒါဆိုရင္ ကိုယ္တိုင္ ဘာမွေတာင္ လုပ္စရာမလိုဘူး ေပါ့။ ေရးေပးတာကို အသင့္ဖတ္႐ုံဘဲ တဲ့။ ဒီ (talking point) ေတြကို ဖတ္တိုင္း က်မ စဥ္းစားမိတယ္ ….

ဒါက က်မပုံစံမွ မဟုတ္တာဘဲ၊ က်မက သူမ်ားေျပာခိုင္းတဲ့ အေၾကာင္းအရာကို ေျပာတဲ့သူ မဟုတ္ဘူး … လို့ပါဘဲ။ ဒီေတာ့လည္း အဲဒီ လွလွပပ talking points ဆိုတာေတြကို က်မကေတာ့ မ်ားေသာအားျဖင့္ လၽွစ္လ်ဴရွုလိုက္တာပါဘဲ။

က်မ ဘာအေၾကာင္းေျပာရမယ္ဆိုတာကို ဟားဗတ္ကလည္း ႀကိဳေျပာထားေသးတယ္…..အဲဒါ မင္းတို့ သိၾကသလား (ရယ္သံမ်ား)။ တကယ္တမ္းေျပာရရင္ အဲလိုေျပာျပထားေတာ့ က်မက ႀကိဳက္ေတာင္ ႀကိဳက္ပါေသးတယ္၊ ေျပာရမယ့္အေၾကာင္းအရာကို သိပ္ေတြးစရာေတာင္ မလိုေတာ့ဘူးေလ (ရယ္သံမ်ား)။

က်မအေနနဲ႔- ” ယဥ္ေက်းမွုမတူသူ ၊ လူမ်ိဳးမတူသူ၊ ေနာက္ခံသမိုင္းမတူသူ၊ ကိုးကြယ္ရာ မတူသူအခ်င္းခ်င္းၾကားက ၿငိမ္းခ်မ္းေရးကို တိုးတက္ေအာင္ေဆာင္ရြက္ျခင္းရဲ့ အေရးပါပုံ” ကို ေျပာရမယ္ဆိုဘဲ ….. ႐ုုွည္လ်ားလိုက္တဲ့ အမိန႔္ပါလား (ရယ္သံမ်ား)။

ဒါေပမယ့္လည္း တကယ္ေတာ့ အခုအခ်ိန္ဟာ ဒီအေၾကာင္းေတြကို ေျပာဖို့အေကာင္းဆုံးအခ်ိန္ပါဘဲ။ ခုနက ေျပာတဲ့ ယဥ္ေက်းမွုအခ်င္းခ်င္းၾကားက၊ တိုင္းရင္းသားအခ်င္းခ်င္းၾကားကနဲ႔၊ နိုင္ငံေတြၾကားက ၿငိမ္းခ်မ္းေရးအေၾကာင္းေတြေပါ့ေလ….. ။

ဘာလို့လည္းဆိုေတာ့ ဒါေတြက တကယ္ဘဲ က်မတို့ရေအာင္ ႀကိဳးပမ္းေနတဲ့အရာေတြ ျဖစ္လို့ပါဘဲ ။ ဒါနဲ႔ ဒီေန႔ က်မရဲ့ နိုင္ငံအေၾကာင္းေျပာၾကေတာ့ တခ်ိဳ့က ျမန္မာလို့ ေျပာၾကတယ္ ၊ တခ်ိဳ့က ဘားမား လို့ ေျပာၾကတာ က်မ ခ်က္ခ်င္းသတိထားမိပါတယ္ ။

က်မတို့ ျပသနာေတြက အဲဒီက စတာပါဘဲ ……ကိုယ့္နိုင္ငံကို ဘယ္လိုေခၚရမယ္ဆိုတာေတာင္ က်မတို့တေတြ သေဘာထားမတိုက္ဆိုင္ၾကဘူး (ရယ္သံမ်ား) ။

၁၉၄၈ မွာ က်မတို့နိုင္ငံလြတ္လပ္ေရးရၿပီး ”Union of Burma” ဆိုၿပီး ျဖစ္လာခဲ့ပါတယ္ ။ က်မတို့လည္း သိပ္ဂုဏ္ယူခဲ့ၾကတာေပါ့။ က်မက အဲဒီတုန္းက အသက္ ၂ ႏွစ္ခြဲဘဲ ရွိေသးေတာ့ လြတ္လပ္ေရးေန႔ အခမ္းအနားက်င္းပတာေတြကိုေတာ့ မမွတ္မိပါဘူး ။

ဒါေပမယ့္ က်မက လြတ္လပ္ေရးအတြက္ ဂုဏ္ယူတဲ့အေငြ႕အသက္ေတြနဲ႔ Union of Burma ဆိုၿပီး ျဖစ္လာမွုအေပၚ ပီတိျဖာေနတဲ့ ပတ္ဝန္းက်င္မွာ ႀကီးျပင္းလာခဲ့တာပါ။ ဒီေတာ့ က်မအတြက္ Burma ဆိုတဲ့နာမည္က လွပတဲ့စကားလုံးတစ္ခုပါဘဲ။ က်မတို့ ဘာသာစကားနဲ႔ ေခၚတာေတာ့ မဟုတ္ဘူးေပါ့ေလ။

ဗမာစကားနဲ႔ေတာ့ အခုေခၚသလို ျမန္မာနိုင္ငံလို့ ေခၚၾကတယ္။ ဒါေပမယ့္ ျမန္မာလို့ ကမၻာ့အလယ္မွာ နာမည္တြင္သြားရတဲ့ အေၾကာင္းကေတာ့ Burma ဆိုတာ ၿဗိတိန္ကိုလိုနီအစိုးရရဲ့ ထြင္လုံးတစ္ခုလို့ စစ္အစိုးရက သတ္မွတ္လိုက္လို့ပါဘဲ …..Burma ဆိုတာကို မသုံးသင့္ဘူးဆိုၿပီး ျမန္မာလို့ ေခၚခိုင္းခဲ့တယ္၊

ျမန္မာဆိုတာ က်မတို့နိုင္ငံထဲက တိုင္းရင္းသားအားလုံးကို ရည္ညႊန္းၿပီး၊ Burma ဆိုတာက ဗမာတိုင္းရင္းသားေတြကိုဘဲ ရည္ညႊန္းတယ္လို့လည္း စစ္အစိုးရက ရွင္းခ်က္ထုတ္ခဲ့ပါတယ္။ ဒါက တကယ္ေတာ့ မမွန္ပါဘူး။

ဘာလို့ဆိုေတာ့ ဗမာဆိုတာကို စာသံေပသံအသုံးေတြမွာ ျမန္မာလို့ ေရးေလ့ရွိပါတယ္။ ဗမာဆိုတာကလည္း တကယ္ေတာ့ တိုင္းရင္းသား တစ္မ်ိဳးပါဘဲ။ ဒါေၾကာင့္ က်မကေတာ့ နိုင္ငံတကာအလယ္မွာ ေျပာရဆိုရရင္ ျမန္မာဆိုတဲ့စကားကို သိပ္ၿပီး မႀကိဳက္လွပါဘူး ။

ဒုတိယအခ်က္ကေတာ့ နိုင္ငံျခားသားေတြအဖို့ ျမန္မာဆိုတာကို အသံထြက္မွန္ေအာင္ ထြက္ဖို့ ခက္လိုပါဘဲ……Burma ဆိုတာက ေခၚရတာ လြယ္ပါတယ္ ( ရယ္သံမ်ား ) ။

က်မတို့တိုင္းျပည္မွာ အမ်ိဳးသားရင္ၾကားေစ့ေရး ရကို ရမွ ျဖစ္မွာပါ။ အခုအခ်ိန္မွာ က်မတို့အေနနဲ႔ ျမန္မာဆိုတာကို မသုံးေတာ့ဘဲ Burma လို့ ျပန္ေခၚရမယ္ ဆိုၿပီး တရားဝင္သတ္မွတ္လိုက္လို့ရေပမယ့္ အဲတာမ်ိဳး က်မတို့လုပ္မွာ မဟုတ္ပါဘူး။

ဘာလို့လည္းဆိုေတာ့ အာဏာရလာတာနဲ႔ ကိုယ့္အလိုကို အာဏာသုံးၿပီး လုပ္ခိုင္းတယ္ဆိုတဲ့ ၀ဲဂယက္ထဲကို မက်ခ်င္လုုိ့ပါဘဲ ။ သူမ်ားကို အမိန႔္ေပးလို့ရတဲ့ေနရာကို ေရာက္လာရင္ အာဏာကို အလြဲသုံးစားမလုပ္မိဖို့က သိပ္အေရးႀကီးပါတယ္ ။

ဒါက အမ်ိဳးသားရင္ၾကားေစ့ေရးအတြက္ အေျခခံပါဘဲ ။ က်မတို့လိုခ်င္တာက အာဏာနဲ႔လႊမ္းမိုးထိန္းခ်ဳပ္မွု မဟုတ္ပါဘူး ၊ သင့္ျမတ္ရင္ၾကားေစ့ေရးပါ ။ ဒါေၾကာင့္ဘဲ ျမန္မာဆိုတာ က်မတို့နိုင္ငံရဲ့ တရားဝင္နာမည္အျဖစ္ နို္င္ငံတကာအသိုင္းအဝိုင္းမွာ သုံးဖို့ က်မတို့အစိုးရအဖြဲ႕က ဆုံးျဖတ္လိုက္ပါတယ္ ။

ဒါေပမယ့္ Burma လို့ ေခၚတာကို ပိုႀကိဳက္လို့ အဲလိုဘဲ ေခၚခ်င္တယ္ဆိုတဲ့သူရွိရင္လည္း က်မကေတာ့ သေဘာက်ပါတယ္ ။ နို္င္ငံျခားသားေတြနဲ႔ စကားေျပာတဲ့အခါ က်မအေနနဲ႔ Burma လို့ ေျပာရတာကို ႀကိဳက္ပါတယ္။

ျမန္မာနိုင္ငံမွာ တိုင္းရင္းသား ၁၃၅ မ်ိဳး ရွိပါတယ္။ ကိုးကြယ္တဲ့ဘာသာေတြကလည္း မတူၾကပါဘူး။ တိုင္းျပည္မၿငိမ္းခ်မ္းတာကေတာ့ ၁၉၄၈ လြတ္လပ္ေရးရၿပီးကတည္းပါ။ ဘာလို့လည္းဆိုေတာ့ လြတ္လပ္ေရးရၿပီးေနာက္မွာ တိုင္းရင္းသားတစ္ဖြဲ႕က ပုန္ကန္ခဲ့ၾကပါတယ္။ ဗမာတိုင္းရင္းသားေတြအမ်ားစုနဲ႔ဖြဲ႕စည္းထားတဲ့ ဗဟိုအစိုးရကို မယုံတဲ့အတြက္ပါ။

ဒီေတာ့ လြတ္လပ္ေရးလည္းရ၊ ၿငိမ္းခ်မ္းေရးလည္းဆုံးရွုံးတဲ့အျဖစ္ကို ေရာက္ခဲ့ၾကတယ္။ ဒါေပမယ့္ အရာအားလုံးဆုံးရွုံးသြားတဲ့အျဖစ္မ်ိဳးေတာ့ မဟုတ္ခဲ့ပါဘူး။

က်မအျမဲဘဲ ေျပာခဲ့ပါတယ္…….ဘာကိုဘဲ ဆုံးရွုံး ဆုံးရွုံး ေနလို့ရပါေသးတယ္၊ ဒါေပမယ့္ ေမၽွာ္လင့္ခ်က္ဆုံးရွုံးရင္ေတာ့ အားလုံးဆုံးရွုံးသြားတာနဲ႔အတူတူပါဘဲ။ ေမၽွာ္လင့္ခ်က္ဆုံးရွုံးသြားရင္ ေျဖရွင္းရသိပ္ခက္သြားတတ္ပါတယ္။

တိုင္းရင္းသားအမ်ားႀကီး၊ ကိုးကြယ္ရာဘာသာမတူတာေတြအမ်ားႀကီးရွိတဲ့က်မတို့တိုင္းျပည္အတြက္ က်မ အရမ္းဂုဏ္ယူပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာ အုပ္စုအခ်င္းခ်င္းပဋိပကၡျဖစ္ပြားမွုေတြ အရင္က မျမင္ဖူးေလာက္ေအာင္အတိုင္းအတာမ်ိဳးနဲ႔ ျဖစ္ခဲ့တဲ့အတြက္ေတာ့ က်မ စိတ္မေကာင္းျဖစ္ရပါတယ္။

က်မရဲ့ စာအုပ္ျဖစ္တဲ့ ”ေၾကာက္ရြံ့ျခင္းမွ လြတ္ကင္းျခင္း” မွာ က်မေရးခဲ့ဖူးပါတယ္……..အေၾကာက္တရားဟာ ေသြးကြဲမွုေတြအားလုံးရဲ့အရင္းအျမစ္ပါဘဲ လို့ပါ။ အေၾကာက္တရားဟာ အမုန္းတရားကို ျဖစ္ေစပါတယ္၊ အမုန္းတရားဟာ မယုံၾကည္ေသြးကြဲျခင္းကို ျဖစ္ေစပါတယ္။

အေၾကာက္တရားမွာ အေျခမခံတဲ့ မုန္းတီးမွု ဆိုတာ မရွိဘူး၊ ရွိရင္ သက္ေသျပလွည့္ပါ လို့ လူေတြကို က်မ အျမဲေျပာေလ့ရွိပါတယ္။ အမုန္းတရားအားလုံးဟာ အေၾကာက္တရားမွာ တနည္းနည္းနဲ႔အေျခခံေနတာပါဘဲ။ ဥပမာရိုးရိုးေလးဘဲ ေပးရရင္ ” ေႁမြကို မုန္းတယ္ ” ဆိုတာ ေႁမြကို ေၾကာက္လို့ပါဘဲ။

မေၾကာက္ဘဲ ဘာေၾကာင့္ မုန္းမွာလဲ။ တစ္ေယာက္ေယာက္ကို မုန္းတယ္ ဆိုတာလည္း အဲဒီတစ္ေယာက္အေပၚမွာ ေၾကာက္ေနလို့ပါဘဲ ….မဟုတ္ရင္ ဘာေၾကာင့္ မုန္းမွာလဲ။ သူက ကိုယ့္ထက္ ပညာေရးမွာ သာသြားမွာ စိုးလို့လား။

ဒါမွမဟုတ္ သူက ကိုယ့္ရည္းစားကို လုယူသြားမွာ စိုးလို့လား (ရယ္သံမ်ား)၊ ဒီေတာ့ အမုန္းတရားတိုင္းရဲ့ ေနာက္မွာ အေၾကာက္တစ္ခုခုေတာ့ ရွိပါတယ္ ။ ဒီေတာ့ မုန္းတာကို ေဖ်ာက္ခ်င္ရင္ ေၾကာက္တာကို ေဖ်ာက္ရမယ္။ မုန္းတာကို မပယ္နိုင္ဘဲနဲ႔ေတာ့ ဘယ္နိုင္ငံ၊ ဘယ္အသိုင္းအဝိုင္းမွာဘဲျဖစ္ျဖစ္ ၿငိမ္းခ်မ္းေရး၊ ရင္ၾကားေစ့ေရးဆိုတာ ရမွာ မဟုတ္ပါဘူး။

ယဥ္ေက်းမွုမတူသူ၊ ဘာသာမတူသူေတြ ၾကားထဲက ၿငိမ္းခ်မ္းေရးကို ျမႇင့္တင္ဖို့ဆိုရင္ အမုန္းတရားရဲ့အရင္းအျမစ္ျဖစ္တဲ့အေၾကာက္တရားကို ပယ္မွ ရမွာပါ။ ဘာကို ေၾကာက္ေနတာလဲ ဆိုတာ သိဖို့ ရိုးသားမွုေတာ့ လိုပါတယ္ …..

သူမ်ားနဲ႔တင္မကဘဲ ကိုယ့္ကိုယ္ကိုယ္အေပၚမွာေရာ ရိုးသားမွ ရပါမယ္။ ဘာလို့လည္းဆို လူေတြက တစ္ခုခု၊ တစ္ေယာက္ေယာက္ကို မုန္းတယ္လို့သာ ေျပာၾကတာ၊ မ်ားေသားအားျဖင္ေတာ့ ဘာလို့ မုန္းတာလဲဆိုတဲ့ အေၾကာင္းကိုက်ေတာ့ အမွန္မေျပာတတ္ၾကပါဘူး။ ပတ္ဝန္းက်င္က လက္ခံမယ္ထင္ရတဲ့ အေၾကာင္းျပခ်က္တစ္ခုခုကိုဘဲ ေပးေလ့ရွိၾကတယ္။

ၾကားတဲ့သူ ကိုယ့္ဘက္ပါလာနိုင္တဲ့အေၾကာင္းတစ္ခုခုကို ျပေလ့ရွိၾကတယ္။ ”ဒီလူ႔ကို မင္းမုန္းတာ မင္းမွန္တယ္” လို့ ပတ္ဝန္းက်င္က လက္ခံလာေအာင္ လုပ္တတ္ၾကတယ္။ ဒီလိုနဲ႔ အုပ္စုလိုက္ေတြပါ ပါလာေတာ့တာဘဲ။ အုပ္စုတစ္ခုကို မုန္းခ်င္ရင္ မုန္းဖို့အေၾကာင္းျပခ်က္ဆိုတာကေတာ့ ရွာလို့ရေနတာပါဘဲ ။

ဒါက ကိုယ္နဲ႔ဘဲ ဆိုင္ပါတယ္ ။ ကိုယ့္အေၾကာက္တရားကို အမုန္းတရားျဖစ္လာေအာင္ ကိုယ္ကဘဲ ဖန္တီးခြင့္ေပးလိုက္လို့ပါဘဲ ။ ဒီေတာ့ ဒါကို ေပ်ာက္ဖို့ နည္းက မရွုပ္ေထြးမခက္ခဲပါဘူး ၊ ကိိုယ့္အေၾကာက္တရားကို ေက်ာ္နိုင္ေအာင္လုပ္ပါ….

ဒါဆိုရင္ လူေတြကိုမုန္းတာျဖစ္ျဖစ္ ၊ အဖြဲ႕အစည္းကို မုန္းတာျဖစ္ျဖစ္ ၊ အိုင္ဒီယာေတြကို မုန္းတာျဖစ္ျဖစ္ ၊ လွုပ္ရွားမွုေတြကို မုန္းတာျဖစ္ျဖစ္ မုန္းေနတာေတြကို ေလၽွာ့နိုင္လာပါလိမ္ ။ ဒါမွ ညီညြတ္ၿငိမ္းခ်မ္းတဲ့လူ႔အဖြဲ႕အစည္းတစ္ခုကို ထူေထာင္နိုင္မွာပါ ။

”မတူကြဲျပားျခင္းကေနျဖစ္ေပၚလာတဲ့ညီညြတ္မွု” အေၾကာင္းကို က်မတို့အျမဲေျပာေလ့ရွိၾကတယ္ ။ က်မတို့တိုင္းျပည္ရဲ့ မတူကြဲျပားျခားနားမွုေတြအတြက္ က်မ သိပ္ဂုဏ္ယူပါတယ္ …

ဒါေပမယ့္ ဒါကို က်မတို့အားလုံးအတြက္ အင္အားတစ္ရပ္အျဖစ္ ေျပာင္းလဲနိုင္ျခင္း မရွိေသးပါဘူး ၊ ဒါေတြအတြက္ အတူတကြ ဂုဏ္ယူစြာေပ်ာ္ရႊင္ေနရတာမ်ိဳး မရွိေသးပါဘူး ။ က်မတို့ တစ္ေယာက္နဲ႔တစ္ေယာက္မွ မယုံၾကဘဲေလ ။

မၾကာေသးခင္ကဘဲ က်မတို့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို က်င္းပခဲ့ၾကပါတယ္ ။ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာေအာင္ လက္နက္စြဲကိုင္ေတာ္လွန္လာတဲ့ တိုင္းရင္းသားအဖြဲ႕အစည္းေတြကို ရင္ၾကားေစ့ေျပလည္ေစဖို့ပါ ။

ႏွစ္ေပါင္းမ်ားစြာ လက္နက္ကိုင္တိုက္ပြဲဝင္လာၾကတဲ့ ဒီအဖြဲ႕အစည္းေတြကို ညႇိႏွိုင္းေပးဖို့၊ အျပစ္အခတ္ရပ္စဲေရးစာခ်ဳပ္မွာ လက္နက္ထိုးခိုင္းဖို့ဆိုတာ သိပ္ခက္ခဲတဲ့ ကိစၥပါဘဲ ။

ဘာေၾကာင့္သူတို့ လက္နက္မျဖဳတ္သိမ္းခ်င္ၾကတာလဲဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို့ ၊ ကိုယ့္လူမ်ိဳးကို ကိုယ္ကာကြယ္ဖို့ ၊ ကိုယ္ယုံၾကည္ရာကို ကာကြယ္ဖို့ ၊ ကိုယ့္အက်ိဳးစီးပြာေတြကို ကာကြယ္ဖို့ လက္နက္လိုတယ္လို့ ယုံၾကည္ၾကလို့ပါဘဲ ။

ဆိုလိုတာကေတာ့ သူတို့ရဲ့လုံျခဳံမွုနဲ႔ လြတ္လပ္မွုကို ထိပါးေအာင္လုပ္နိုင္တဲ့အာဏာရွိသူေတြကို မယုံလို့ပါဘဲ ။ ဒါေတြအားလုံးဟာ အေၾကာက္တရားကလာတာေတြပါဘဲ ။

ဒါေပမယ့္ ဘာလို့ေၾကာက္တာလဲဆိုတာထက္ ”ဘာေၾကာင့္ကိုယ့္ကို သူမ်ားက ေၾကာက္ေနေအာင္ လုပ္ရတာလဲ” ဆိုတဲ့ ကိစၥကေတာ့ ပိုေတာင္ ဆိုးပါေသးတယ္ ။ သူမ်ားက ကိုယ့္ကို ေၾကာက္ေနတာကိုမွ ဂုဏ္ယူေနသူေတြကို က်မေတြ႕ဖူးပါတယ္ ။

အဲဒါဟာ ဂုဏ္ယူစရာလို့ သူတို့က ထင္ေနၾကတယ္ ။ က်မကေတာ့ ဒါကို ရွက္စရာလို့ ထင္ပါတယ္ ။ သူမ်ားက ကိုယ့္ကို ေၾကာက္ေနတယ္ဆိုတာ ရွက္စရာေကာင္းတဲ့ကိစၥပါ ။ ဒါက ကိုယ့္မွာ မမွန္တာတစ္ခုခုရွိေနၿပီဆိုတာ ျပတာပါဘဲ…..

ကိုယ္ဟာ မၽွတသင့္သေလာက္ မမၽွတဘူး ၊ ရက္ေရာသင့္သေလာက္ မရက္ေရာဘူး ။ သူမ်ားေတြရဲ့ အျမင္ေတြအေပၚမွာ နားလည္သင့္သေလာက္နားမလည္ဘူး ၊ မိမိကိုယ္ကိုယ္ သင့္ေတာ္သလို မခ်ဳပ္တည္းနိုင္ဘူး ဆိုတဲ့ သေဘာပါဘဲ ။

ကိုယ့္ကိုယ္ကိုယ္ မခ်ဳပ္တည္းနိုင္တဲ့ သူေတြကို လူေတြက အျမဲေၾကာက္လန႔္ေနတတ္ၾကပါတယ္ ။ ဒီလူေတြ ဘာထလုပ္မယ္ဆိုတာ ဘယ္သူမွ မသိနိုင္ဘူးလို့ပါဘဲ ။

ဒီေတာ့ သူမ်ားက ကိုယ့္ကို ေၾကာက္ေနတာဟာ ဂုဏ္ယူစရာမဟုတ္ပါဘူး ။ ဒါေပမယ့္ တခါတေလက်ေတာ့လည္း ” အရမ္းေလးစားတယ္ ” ဆိုတာမ်ိဳး ရွိပါတယ္ ၊ ဒါက နည္းနည္းေတာ့ နားေထာင္လို့ ေကာင္းပါေသးတယ္ ။

အဲလို အရမ္းေလးစားတယ္ ဆိုၿပီး ရိုးရိုးသားသားေျပာတာ ခံစားမိတာကေတာ့ ေၾကာက္တာနဲ႔မတူပါဘူး ။ ဒါက တဖက္သားရဲ့ ဂုဏ္သိကၡာ ၊ ဉာဏ္ပညာ ၊ စိတ္ဓါတ္ ၊ ဥစၥာပစၥည္း စတာေတြနဲ႔ ပတ္သက္လို့ ရိုးရိုးသားသား ေလးစားမိတဲ့ သေဘာပါပါတယ္ ။ ဒါေပမယ့္ တစ္ေယာက္ေယာက္ကို ေၾကာက္ေနရတာနဲ႔ ကိုယ့္ကို ေၾကာက္ေအာင္ လုပ္ထားတာဟာ ႏွစ္ခုစလုံး မေကာင္းပါဘူး ။

ဒီေတာ့ တိုင္းရင္းသားေတြၾကား ၊ မတူတဲ့ ယဥ္ေက်းမွုေတြၾကား ၿငိမ္းခ်မ္းေရး ရဖို့ဆိုတာ အေၾကာက္တရားကို အျမစ္ျဖတ္ပစ္မွ ျဖစ္မွာပါဘဲ ။ ဒါေပမယ့္ ဒါကို ဘယ္လို အေကာင္အထည္ေဖာ္ရမလဲ ။ က်မမွာ အေျဖအသင့္ရွိရင္ က်မတို့တိုင္းျပည္ ၿငိမ္းခ်မ္းေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာလွေရာေပါ့ ။

က်မမွာ အေျဖအားလုံး မရွိပါဘူး ။ ဒါေပမယ့္ လူတိုင္းတစ္ေယာက္ခ်င္းစီမွာ ေကာင္းတဲ့အခ်က္ေလးေတာ့ တစ္ခုစီရွိတယ္ဆိုတာကို အျမဲလက္ခံၿပီး အစျပဳလို့ေတာ့ ရပါတယ္ ၊ လူတစ္ဦးခ်င္းစီမွာ ရွိတဲ့ ဒီေကာင္းတဲ့အခ်က္ေလးေတြကို ရွာေဖြေဖာ္ထုတ္ၿပီး လူသားမ်ိဳးႏြယ္တစ္ရပ္လုံးရဲ့အက်ိဳးအတြက္ အသုံးခ်လို့ရပါတယ္ ဆိုတာကို လက္ခံၿပီး အစျပဳလို့ရပါတယ္ ။

ဒီအခ်က္ကို လက္ခံယုံၾကည္ရင္ အေၾကာက္တရားဟာ ေလ်ာ့ပါးလာပါတယ္ ။ ဘာလို့လည္းဆိုေတာ့ တစ္ေယာက္ေယာက္ကို မေၾကာက္ဘဲ မုန္းလို့မွ မရတာ ။ က်မနဲ႔ လာေျပာဖို့ က်မ ဖိတ္ေခၚပါတယ္….ကိုယ့္ကိုယ္ကို စမ္းစစ္ၾကည့္ပါ ။ ဘာကို မုန္းေနသလဲ ။ ဘယ္သူ႔ကို မုန္းေနသလဲ ။ အဲဒီမုန္းတဲ့စိတ္ရဲ့ေအာက္ေျခမွာ ေၾကာက္တဲ့စိတ္က တကယ္မရွိတာလား ။

ကိုယ့္ကိုယ္ကိုယ္ ေမးၿပီး ရိုးရိုးသားသား ေျဖၾကည့္ပါ ။ ”က်ေနာ္ က်မကျဖင့္ အဲဒီလူကို မုန္းပါတယ္ ၊ ဒါေပမယ့္ လုံးဝေတာ့ မေၾကာက္ပါဘူး ” လို့ဆိုရင္ က်မကို လာေျပာလွည့္ပါ ။ သိပ္ကို စိတ္ဝင္စားစရာေကာင္းမွာ….ဒါေပမယ့္ က်မကေတာ့ ယုံမယ္ မထင္ပါဘူး ……

က်မလက္ခံေအာင္ ေျပာဖို့ေတာ့ လြယ္မွာ မဟုတ္ဘူးေနာ္ ၊ ႀကိဳးစားၾကည့္ေပါ့ ( ရယ္သံမ်ား ) ။ က်မတို့ဟာ ကမၻာ့ရြာႀကီးမွာ ေနၾကတာပါ ၊ ဒီေတာ့ လူမ်ိဳးမတူသူေတြ ၊ ဘာသာမတူသူေတြနဲ႔ မေနဘူးဆိုၿပီး ေရွာင္လို့မရပါဘူး ။

အေမရိကန္ျပည္ေထာင္စုကို က်မ လည္ပတ္ၾကည့္ရွုရေတာ့ က်မရဲ့တိုင္းျပည္ထက္ ေရာ ၊ က်မေရာက္ဖူးတဲ့ တိုင္းျပည္တခ်ိဳ့ထက္ေရာ သိပ္ကို ခ်မ္းသာႂကြယ္ဝတာကို ေတြ႕ရပါတယ္ ။ ဒါေပမယ့္ ဒီခ်မ္းသာႂကြယ္ဝမွုေတြနဲ႔ ဘာလုပ္ၾကသလဲ ၊ ဘာလို့ ခ်မ္းသာၿပီးရင္း ခ်မ္းသာခ်င္ေနၾကသလဲ ။

ပိုပိုၿပီးမ်ားျပားတဲ့ ဥစၥာဓနအင္အားကို ရေအာင္လုပ္ေနတဲ့ တြန္းအားက ဘာလို့ရွိေနတာလဲ ။ က်မေတာ့ နားမလည္ပါဘူး ။ လူဆိုတာ တေန႔ကို အစား ဘယ္ႏွစ္နပ္စားနိုင္လို့လဲ ( ရယ္သံမ်ား ) ။ က်မတို့ နိုင္ငံ သိပ္ကို က်ပ္တည္းတဲ့ ကာလမွာ လူေတြ ဒုကၡေရာက္ေနတာကို အခြင့္ေကာင္းယူၿပီး အျမတ္ထုတ္တဲ့လူတခ်ိဳ့ ရွိခဲ့တယ္ ၊

သူတို့တေတြ ကားေတြတစ္စီးၿပီးတစ္စီး ၊ အိမ္ေတြ တစ္အိမ္ၿပီးတစ္အိမ္ ပြားေအာင္ လုပ္ၾကတာျမင္ေတာ့ က်မ သိပ္အံ့ၾသတာပါဘဲ ။ တစ္ႀကိမ္မွာ ကားတစ္စီးဘဲ စီးလို့ရတယ္ ၊ ဆပ္ကပ္ျပပြဲထဲမွာဆိုရင္ေတာ့ တစ္ခါတည္းနဲ႔ ျမင္းႏွစ္ေကာင္စီးတာမ်ိဳး ရွိခ်င္ရွိမွာေပါ့ ။

ကားက်ေတာ့ တစ္ႀကိမ္မွာ ႏွစ္ကားဆိုၿပီး စီးလို့ရတာမ်ိဳးလည္း မဟုတ္ဘူး ( ရယ္သံမ်ား ) ။ အိမ္ဆိုလည္း တစ္ႀကိမ္မွာ တစ္အိမ္ဘဲ ေနလို့ရတယ္ ။ တစ္အိမ္ကတစ္အိမ္ ကူးလို့ရေပမယ့္ ဒါက ဘာမွ အက်ိဳးမရွိဘူးဆိုတာ က်မ ေသခ်ာေျပာနိုင္ပါတယ္ ၊

အခု က်မဆို ရန္ကုန္အိမ္ကေန ေနျပည္ေတာ္အိမ္ကို ကူးေနရတယ္…..အိမ္ႏွစ္အိမ္ကို စီမံခန႔္ခြဲရတာ တကယ္ဘဲ စိတ္ပ်က္စရာေကာင္းပါတယ္ ။ အိမ္ေတြ ဆယ္အိမ္ ၊ ဆယ့္တစ္အိမ္ ၊ ဆယ့္ႏွစ္အိမ္ရွိတဲ့လူေတြ ဘယ္လိုမ်ား စီမံေနၾကပါလိမ့္ ။ တခ်ိဳ့မ်ား သူတို့မွာ အိမ္ဘယ္ႏွစ္အိမ္ရွိလဲဆိုတာ မွတ္ေတာင္ မမွတ္မိဘူး လို့ ေျပာၾကတယ္ ။

ဒီေတာ့ ပစၥည္းဥစၥကို ပိုပိုလိုခ်င္တဲ့ဆႏၵရွိေနတာ ဘာလို့လဲ ။ လုံျခဳံမွုအတြက္လား ။ သူမ်ားထက္ပိုသာတယ္လို့ သက္ေသျပခ်င္တာလား ။ က်မျဖင့္ တကယ္နားမလည္နိုင္ေအာင္ပါဘဲ ။
ဒီေတာ့ ဒီေန႔ က်မ ေမးခဲ့တဲ့
-အေၾကာက္တရားမပါဘဲ မုန္းလို့ရသလား
-ဘာလို့ ပိုပိုၿပီး လိုခ်င္ေနၾကတာလဲ ၊ ပိုပိုၿပီးခ်မ္းသာခ်င္ေနၾကတာလဲ……..

ဒီေမးခြန္းေတြရဲ့အေျဖကိုရရင္ လူမ်ိဳးမတူသူ ၊ ဘာသာမတူေတြၾကား ၊ ဆက္ဆံေရးေတြတိုးတက္ေစမယ့္အေျဖေတာ္ေတာ္မ်ားမ်ားကို ရၿပီးျဖစ္မွာပါဘဲ ၊

အဲဒီအေျဖေတြကိုရရင္ လူသားေတြအခ်င္ခ်င္းၾကားက ဆက္ဆံေရး ဘယ္လိုတိုးတက္ေအာင္လုပ္မလဲဆိုတာကိုပါ နားလည္လာပါလိမ့္မယ္ ။ က်မက လူသားဆိုတဲ့အေပၚမွာ ယုံၾကည္မွုရွိပါတယ္ ၊ တကယ္လို့သာ က်မတို့လူသားေတြမွာ အျပဳသေဘာေဆာင္တဲ့ စိတ္ဓါတ္ကေလးေတြ မပါလာဘူး ဆိုရင္

အခုအခ်ိန္ထိ ဂူေတြထဲဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ တင္းပုတ္ေတြ ၊ ဒုတ္ေတြနဲ႔ထုရိုက္ေနတုန္း ရွိဦးမွာေပါ့။ အခု အဲလိုမ်ိဳးလုပ္မေနၾကဘူးဆိုတာ လူသားမ်ိဳးႏြယ္ရဲ့ တိုးတက္လာမွုကို ျပတာပါဘဲ ။ ဒီေတာ့ လူသားေတြရဲ့ေရွ႕ကို တိုးတက္ေအာင္ လုပ္နိုင္စြမ္းအေပၚမွာ က်မကေတာ့ ယုံၾကည္ပါတယ္ ။

ဒါက က်မအတြက္ေတာ့ ”လူမ်ိဳးမတူသူေတြၾကား ၊ ယဥ္ေက်းမွုမတူသူေတြၾကား ၿငိမ္းခ်မ္းေရးကို တိုးတက္ေအာင္ လုပ္လို့ရမယ့္ နည္းလမ္းပါဘဲ ။ ဟားဗတ္တကၠသိုလ္ဟာ ဒီလို မတူညီတဲ့ေနာက္ခံအသိုင္းအဝိုင္းကလူေတြ အမ်ားႀကီး စုေဝးရာ ၀န္းက်င္ပါဘဲ ။

ဒီေတာ့ အားလုံးပူးေပါင္းအေျဖရွာၾကပါစို့ ၊ အေျဖရရင္လည္း ကိုယ့္အတန္းသူအတန္းသားေတြကို ေျပာလိုက္ၾကပါဦး ။ ဘာလို့လည္းဆိုေတာ့ ဒီလိုမိန႔္ခြန္းတိုတိုေလးတစ္ခုအတြင္းမွာ က်မအေနနဲ႔ ေဆြးေႏြးအေျဖရွာဖို့ရာ မတတ္နိုင္လို့ပါ ။ ေက်းဇူးတင္ပါတယ္ ( ရယ္သံ ၊ လက္ခုပ္သံမ်ား )

Translated By Spring Flowers
Maung Tun Wai

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ဟားဗတ်မိန့်ခွန်း

ဒီဆုကို ကျမဆောင်ရွက်ခဲ့တာတွေအတွက် အသိအမှတ်ပြုပြီးပေးတာလို့ရော၊ အနာဂတ်မှာ ကျမတို့ ရအောင်ကြံဆောင်ရမယ့်အရာတွေအတွက် အတိတ်နိမိတ်ကောင်းအဖြစ်ပါ ကျမ သဘောထားပါတယ်။

ဘာလို့လည်းဆိုတော့ ကျမတို့ ပြည်သူတွေ လွတ်လပ်မှုရော၊ လုံခြုံမှုရော ရှိနေပြီလို့ ပြောနိုင်တဲ့အထိရောက်ဖို့ အဝေးကြီးလိုသေးလို့ပါ။ လွတ်လပ်ခြင်းနဲ့လုံခြုံခြင်းကို မျှမျှတတရဖို့ ဆိုတာ ဘဝမှာ လူတွေ အတောင့်တဆုံးအရာတွေပါဘဲ။

ဒါကြောင့် ဒီနေ့ ကျမဒီလိုလာနိုင်အောင် အခွင့်အရေးပေးခဲ့ကြတဲ့ လူကြီးမင်းတွေရော၊ ကျမကို ချီးကျူးပြောဆိုခဲ့သူတွေရော အားလုံးကို ကျေးဇူးတင်ပါရစေ။

”ပညာရေးဆိုတာ တခြားလူတွေရဲ့ စိတ်တွေကို နားလည်ဖို့ လုပ်တာဘဲ” လို့ မိန့်ခွန်းအစပိုင်းမှာ ပြောခဲ့တဲ့ ဒေါက်တာ Khurana ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျမစိတ်ထဲ သိပ်ကို ထိသွားစေတဲ့စကားပါဘဲ။

စာဖတ်တာကို ကျမသဘောကျရတာကလည်း ဒါကြောင့်ပါဘဲ။ စာဖတ်ခြင်းက တခြားလူတွေရဲ့စိတ်တွေဘယ်လိုရှိသလဲဆိုတာ စူးစမ်းလေ့လာဖို့အခွင့်အရေးပေးပါတယ်။

စာရေးဆရာရဲ့ စိတ်ကူးကိုတင် ဖတ်လို့ရတာမဟုတ်ဘဲ ဇာတ်ကောင်တွေရဲ့ စိတ်တွေကို စူးစမ်းလို့ရတယ် ။ စိတ်ကူးယဉ်ဝတ္တုဘဲဖြစ်ဖြစ် ၊ ဝတ္တုမဟုတ်တာမှာဘဲ ဖြစ်ဖြစ် ကိုယ်မဟုတ်တဲ့လူတွေအကြောင်းကို အများကြီး လေ့လာလို့ရပါတယ် ။

(ဒေါက်တာ Khurana ဒီလိုပြောတာကို နားထောင်ခွင့်ရတာက) ဒီဆုရဲ့ အကောင်းဆုံးအပိုင်းပါဘဲ ……. အဆိုးဆုံးအပိုင်းကတော့ ကျမမိန့်ခွန်းပြောရတာပါဘဲ (ရယ်သံများ)။

ကျမက မိန့်ခွန်းတွေ ပြောရတာ မကြိုက်ပါဘူး။ ဒါကြောင့်ဘဲ လူတွေက ကျမကို မေးကြရော…..( မကြိုက်ဘူး ဆိုပြီး ) တနိုင်ငံလုံးမှာရော နိုင်ငံခြားမှာပါ မိန့်ခွန်းပေါင်းများစွာ ပြောခဲ့တယ်နော်တဲ့။

ဒါပေမယ့် ကျမက လူထုကို စကားပြောတဲ့အခါတိုင်း လူတွေ သောင်းနဲ့ သိန်းနဲ့ ချီနေပါစေ သူတို့ကို မိန့်ခွန်းခြွေနေတယ်လို့ ကျမ မခံစားရပါဘူး ၊ သူတို့နဲ့ အတူတကွ စကားပြောနေတယ် လို့ ခံစားရပါတယ် ၊ ဘာလို့လည်းဆို သူတို့နဲ့မျက်လုံးချင်းဆုံလို့ရတယ်၊ ကျမ ပြောတဲ့အကြောင်းအရာအပေါ် သူတို့ဘယ်လိုခံစားရတယ်ဆိုတာကို မြင်ရတယ်။

ပြီးတော့ လူထုကို စကားပြောပြီးတိုင်း သူတို့မေးချင်တာတွေမေးလို့ရအောင်လည်း အမြဲကြိုးစားပေးပါတယ်။ ဒါမှလည်း တစ်ယောက်နဲ့တစ်ယောက်နားလည်လို့ရအောင်ပါ။

ဒါပေမယ့် အခုလိုနေရာမျိုးမဟုတ်ဘဲ တကယ့်အခမ်းအနားနဲ့ပြောရတဲ့အခါကျရင်တော့ ပရိသတ်နဲ့တကယ်ထိတွေ့နေရတယ်လို့ မခံစားရပါဘူး ။

ဒါမျိုးက ကျမအတွက်တော့ နှစ်ဦးနှစ်ဖက်စကားပြောနေတဲ့ ပုံစံမျိုး မဟုတ်ပါဘူး ။ ဒိုင်ယာလော့ဆိုတာက ကိုယ်ပြောချင်တာကို တစ်ဦးချင်းစီပြောနေတာမျိုးထက် ပိုတဲ့အရာပါဘဲ ။

အမေရိကန်မှာ အစိုးရအဖွဲ့ထဲအလုပ်လုပ်ရင် ရတဲ့ခံစားခွင့်တစ်ခုက ပြောရမယ့်အကြောင်းအရာ (talking point) ကို ကိုယ့်ရုံးက အဆင်သင့်ရေးပေးတယ်လို့ ကျမ သိရပါတယ် (ရယ်သံများ)။

ဒါဆိုရင် ကိုယ်တိုင် ဘာမှတောင် လုပ်စရာမလိုဘူး ပေါ့။ ရေးပေးတာကို အသင့်ဖတ်ရုံဘဲ တဲ့။ ဒီ (talking point) တွေကို ဖတ်တိုင်း ကျမ စဉ်းစားမိတယ် ….

ဒါက ကျမပုံစံမှ မဟုတ်တာဘဲ၊ ကျမက သူများပြောခိုင်းတဲ့ အကြောင်းအရာကို ပြောတဲ့သူ မဟုတ်ဘူး … လို့ပါဘဲ။ ဒီတော့လည်း အဲဒီ လှလှပပ talking points ဆိုတာတွေကို ကျမကတော့ များသောအားဖြင့် လျှစ်လျူရှုလိုက်တာပါဘဲ။

ကျမ ဘာအကြောင်းပြောရမယ်ဆိုတာကို ဟားဗတ်ကလည်း ကြိုပြောထားသေးတယ်…..အဲဒါ မင်းတို့ သိကြသလား (ရယ်သံများ)။ တကယ်တမ်းပြောရရင် အဲလိုပြောပြထားတော့ ကျမက ကြိုက်တောင် ကြိုက်ပါသေးတယ်၊ ပြောရမယ့်အကြောင်းအရာကို သိပ်တွေးစရာတောင် မလိုတော့ဘူးလေ (ရယ်သံများ)။

ကျမအနေနဲ့- ” ယဉ်ကျေးမှုမတူသူ ၊ လူမျိုးမတူသူ၊ နောက်ခံသမိုင်းမတူသူ၊ ကိုးကွယ်ရာ မတူသူအချင်းချင်းကြားက ငြိမ်းချမ်းရေးကို တိုးတက်အောင်ဆောင်ရွက်ခြင်းရဲ့ အရေးပါပုံ” ကို ပြောရမယ်ဆိုဘဲ ….. ရုှည်လျားလိုက်တဲ့ အမိန့်ပါလား (ရယ်သံများ)။

ဒါပေမယ့်လည်း တကယ်တော့ အခုအချိန်ဟာ ဒီအကြောင်းတွေကို ပြောဖို့အကောင်းဆုံးအချိန်ပါဘဲ။ ခုနက ပြောတဲ့ ယဉ်ကျေးမှုအချင်းချင်းကြားက၊ တိုင်းရင်းသားအချင်းချင်းကြားကနဲ့၊ နိုင်ငံတွေကြားက ငြိမ်းချမ်းရေးအကြောင်းတွေပေါ့လေ….. ။

ဘာလို့လည်းဆိုတော့ ဒါတွေက တကယ်ဘဲ ကျမတို့ရအောင် ကြိုးပမ်းနေတဲ့အရာတွေ ဖြစ်လို့ပါဘဲ ။ ဒါနဲ့ ဒီနေ့ ကျမရဲ့ နိုင်ငံအကြောင်းပြောကြတော့ တချို့က မြန်မာလို့ ပြောကြတယ် ၊ တချို့က ဘားမား လို့ ပြောကြတာ ကျမ ချက်ချင်းသတိထားမိပါတယ် ။

ကျမတို့ ပြသနာတွေက အဲဒီက စတာပါဘဲ ……ကိုယ့်နိုင်ငံကို ဘယ်လိုခေါ်ရမယ်ဆိုတာတောင် ကျမတို့တတွေ သဘောထားမတိုက်ဆိုင်ကြဘူး (ရယ်သံများ) ။

၁၉၄၈ မှာ ကျမတို့နိုင်ငံလွတ်လပ်ရေးရပြီး ”Union of Burma” ဆိုပြီး ဖြစ်လာခဲ့ပါတယ် ။ ကျမတို့လည်း သိပ်ဂုဏ်ယူခဲ့ကြတာပေါ့။ ကျမက အဲဒီတုန်းက အသက် ၂ နှစ်ခွဲဘဲ ရှိသေးတော့ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပတာတွေကိုတော့ မမှတ်မိပါဘူး ။

ဒါပေမယ့် ကျမက လွတ်လပ်ရေးအတွက် ဂုဏ်ယူတဲ့အငွေ့အသက်တွေနဲ့ Union of Burma ဆိုပြီး ဖြစ်လာမှုအပေါ် ပီတိဖြာနေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တာပါ။ ဒီတော့ ကျမအတွက် Burma ဆိုတဲ့နာမည်က လှပတဲ့စကားလုံးတစ်ခုပါဘဲ။ ကျမတို့ ဘာသာစကားနဲ့ ခေါ်တာတော့ မဟုတ်ဘူးပေါ့လေ။

ဗမာစကားနဲ့တော့ အခုခေါ်သလို မြန်မာနိုင်ငံလို့ ခေါ်ကြတယ်။ ဒါပေမယ့် မြန်မာလို့ ကမ္ဘာ့အလယ်မှာ နာမည်တွင်သွားရတဲ့ အကြောင်းကတော့ Burma ဆိုတာ ဗြိတိန်ကိုလိုနီအစိုးရရဲ့ ထွင်လုံးတစ်ခုလို့ စစ်အစိုးရက သတ်မှတ်လိုက်လို့ပါဘဲ …..Burma ဆိုတာကို မသုံးသင့်ဘူးဆိုပြီး မြန်မာလို့ ခေါ်ခိုင်းခဲ့တယ်၊

မြန်မာဆိုတာ ကျမတို့နိုင်ငံထဲက တိုင်းရင်းသားအားလုံးကို ရည်ညွှန်းပြီး၊ Burma ဆိုတာက ဗမာတိုင်းရင်းသားတွေကိုဘဲ ရည်ညွှန်းတယ်လို့လည်း စစ်အစိုးရက ရှင်းချက်ထုတ်ခဲ့ပါတယ်။ ဒါက တကယ်တော့ မမှန်ပါဘူး။

ဘာလို့ဆိုတော့ ဗမာဆိုတာကို စာသံပေသံအသုံးတွေမှာ မြန်မာလို့ ရေးလေ့ရှိပါတယ်။ ဗမာဆိုတာကလည်း တကယ်တော့ တိုင်းရင်းသား တစ်မျိုးပါဘဲ။ ဒါကြောင့် ကျမကတော့ နိုင်ငံတကာအလယ်မှာ ပြောရဆိုရရင် မြန်မာဆိုတဲ့စကားကို သိပ်ပြီး မကြိုက်လှပါဘူး ။

ဒုတိယအချက်ကတော့ နိုင်ငံခြားသားတွေအဖို့ မြန်မာဆိုတာကို အသံထွက်မှန်အောင် ထွက်ဖို့ ခက်လိုပါဘဲ……Burma ဆိုတာက ခေါ်ရတာ လွယ်ပါတယ် ( ရယ်သံများ ) ။

ကျမတို့တိုင်းပြည်မှာ အမျိုးသားရင်ကြားစေ့ရေး ရကို ရမှ ဖြစ်မှာပါ။ အခုအချိန်မှာ ကျမတို့အနေနဲ့ မြန်မာဆိုတာကို မသုံးတော့ဘဲ Burma လို့ ပြန်ခေါ်ရမယ် ဆိုပြီး တရားဝင်သတ်မှတ်လိုက်လို့ရပေမယ့် အဲတာမျိုး ကျမတို့လုပ်မှာ မဟုတ်ပါဘူး။

ဘာလို့လည်းဆိုတော့ အာဏာရလာတာနဲ့ ကိုယ့်အလိုကို အာဏာသုံးပြီး လုပ်ခိုင်းတယ်ဆိုတဲ့ ဝဲဂယက်ထဲကို မကျချင်လို့ပါဘဲ ။ သူများကို အမိန့်ပေးလို့ရတဲ့နေရာကို ရောက်လာရင် အာဏာကို အလွဲသုံးစားမလုပ်မိဖို့က သိပ်အရေးကြီးပါတယ် ။

ဒါက အမျိုးသားရင်ကြားစေ့ရေးအတွက် အခြေခံပါဘဲ ။ ကျမတို့လိုချင်တာက အာဏာနဲ့လွှမ်းမိုးထိန်းချုပ်မှု မဟုတ်ပါဘူး ၊ သင့်မြတ်ရင်ကြားစေ့ရေးပါ ။ ဒါကြောင့်ဘဲ မြန်မာဆိုတာ ကျမတို့နိုင်ငံရဲ့ တရားဝင်နာမည်အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ သုံးဖို့ ကျမတို့အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ် ။

ဒါပေမယ့် Burma လို့ ခေါ်တာကို ပိုကြိုက်လို့ အဲလိုဘဲ ခေါ်ချင်တယ်ဆိုတဲ့သူရှိရင်လည်း ကျမကတော့ သဘောကျပါတယ် ။ နိုင်ငံခြားသားတွေနဲ့ စကားပြောတဲ့အခါ ကျမအနေနဲ့ Burma လို့ ပြောရတာကို ကြိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုး ရှိပါတယ်။ ကိုးကွယ်တဲ့ဘာသာတွေကလည်း မတူကြပါဘူး။ တိုင်းပြည်မငြိမ်းချမ်းတာကတော့ ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းပါ။ ဘာလို့လည်းဆိုတော့ လွတ်လပ်ရေးရပြီးနောက်မှာ တိုင်းရင်းသားတစ်ဖွဲ့က ပုန်ကန်ခဲ့ကြပါတယ်။ ဗမာတိုင်းရင်းသားတွေအများစုနဲ့ဖွဲ့စည်းထားတဲ့ ဗဟိုအစိုးရကို မယုံတဲ့အတွက်ပါ။

ဒီတော့ လွတ်လပ်ရေးလည်းရ၊ ငြိမ်းချမ်းရေးလည်းဆုံးရှုံးတဲ့အဖြစ်ကို ရောက်ခဲ့ကြတယ်။ ဒါပေမယ့် အရာအားလုံးဆုံးရှုံးသွားတဲ့အဖြစ်မျိုးတော့ မဟုတ်ခဲ့ပါဘူး။

ကျမအမြဲဘဲ ပြောခဲ့ပါတယ်…….ဘာကိုဘဲ ဆုံးရှုံး ဆုံးရှုံး နေလို့ရပါသေးတယ်၊ ဒါပေမယ့် မျှော်လင့်ချက်ဆုံးရှုံးရင်တော့ အားလုံးဆုံးရှုံးသွားတာနဲ့အတူတူပါဘဲ။ မျှော်လင့်ချက်ဆုံးရှုံးသွားရင် ဖြေရှင်းရသိပ်ခက်သွားတတ်ပါတယ်။

တိုင်းရင်းသားအများကြီး၊ ကိုးကွယ်ရာဘာသာမတူတာတွေအများကြီးရှိတဲ့ကျမတို့တိုင်းပြည်အတွက် ကျမ အရမ်းဂုဏ်ယူပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်များအတွင်းမှာ အုပ်စုအချင်းချင်းပဋိပက္ခဖြစ်ပွားမှုတွေ အရင်က မမြင်ဖူးလောက်အောင်အတိုင်းအတာမျိုးနဲ့ ဖြစ်ခဲ့တဲ့အတွက်တော့ ကျမ စိတ်မကောင်းဖြစ်ရပါတယ်။

ကျမရဲ့ စာအုပ်ဖြစ်တဲ့ ”ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်း” မှာ ကျမရေးခဲ့ဖူးပါတယ်……..အကြောက်တရားဟာ သွေးကွဲမှုတွေအားလုံးရဲ့အရင်းအမြစ်ပါဘဲ လို့ပါ။ အကြောက်တရားဟာ အမုန်းတရားကို ဖြစ်စေပါတယ်၊ အမုန်းတရားဟာ မယုံကြည်သွေးကွဲခြင်းကို ဖြစ်စေပါတယ်။

အကြောက်တရားမှာ အခြေမခံတဲ့ မုန်းတီးမှု ဆိုတာ မရှိဘူး၊ ရှိရင် သက်သေပြလှည့်ပါ လို့ လူတွေကို ကျမ အမြဲပြောလေ့ရှိပါတယ်။ အမုန်းတရားအားလုံးဟာ အကြောက်တရားမှာ တနည်းနည်းနဲ့အခြေခံနေတာပါဘဲ။ ဥပမာရိုးရိုးလေးဘဲ ပေးရရင် ” မြွေကို မုန်းတယ် ” ဆိုတာ မြွေကို ကြောက်လို့ပါဘဲ။

မကြောက်ဘဲ ဘာကြောင့် မုန်းမှာလဲ။ တစ်ယောက်ယောက်ကို မုန်းတယ် ဆိုတာလည်း အဲဒီတစ်ယောက်အပေါ်မှာ ကြောက်နေလို့ပါဘဲ ….မဟုတ်ရင် ဘာကြောင့် မုန်းမှာလဲ။ သူက ကိုယ့်ထက် ပညာရေးမှာ သာသွားမှာ စိုးလို့လား။

ဒါမှမဟုတ် သူက ကိုယ့်ရည်းစားကို လုယူသွားမှာ စိုးလို့လား (ရယ်သံများ)၊ ဒီတော့ အမုန်းတရားတိုင်းရဲ့ နောက်မှာ အကြောက်တစ်ခုခုတော့ ရှိပါတယ် ။ ဒီတော့ မုန်းတာကို ဖျောက်ချင်ရင် ကြောက်တာကို ဖျောက်ရမယ်။ မုန်းတာကို မပယ်နိုင်ဘဲနဲ့တော့ ဘယ်နိုင်ငံ၊ ဘယ်အသိုင်းအဝိုင်းမှာဘဲဖြစ်ဖြစ် ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးဆိုတာ ရမှာ မဟုတ်ပါဘူး။

ယဉ်ကျေးမှုမတူသူ၊ ဘာသာမတူသူတွေ ကြားထဲက ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ဆိုရင် အမုန်းတရားရဲ့အရင်းအမြစ်ဖြစ်တဲ့အကြောက်တရားကို ပယ်မှ ရမှာပါ။ ဘာကို ကြောက်နေတာလဲ ဆိုတာ သိဖို့ ရိုးသားမှုတော့ လိုပါတယ် …..

သူများနဲ့တင်မကဘဲ ကိုယ့်ကိုယ်ကိုယ်အပေါ်မှာရော ရိုးသားမှ ရပါမယ်။ ဘာလို့လည်းဆို လူတွေက တစ်ခုခု၊ တစ်ယောက်ယောက်ကို မုန်းတယ်လို့သာ ပြောကြတာ၊ များသေားအားဖြင်တော့ ဘာလို့ မုန်းတာလဲဆိုတဲ့ အကြောင်းကိုကျတော့ အမှန်မပြောတတ်ကြပါဘူး။ ပတ်ဝန်းကျင်က လက်ခံမယ်ထင်ရတဲ့ အကြောင်းပြချက်တစ်ခုခုကိုဘဲ ပေးလေ့ရှိကြတယ်။

ကြားတဲ့သူ ကိုယ့်ဘက်ပါလာနိုင်တဲ့အကြောင်းတစ်ခုခုကို ပြလေ့ရှိကြတယ်။ ”ဒီလူ့ကို မင်းမုန်းတာ မင်းမှန်တယ်” လို့ ပတ်ဝန်းကျင်က လက်ခံလာအောင် လုပ်တတ်ကြတယ်။ ဒီလိုနဲ့ အုပ်စုလိုက်တွေပါ ပါလာတော့တာဘဲ။ အုပ်စုတစ်ခုကို မုန်းချင်ရင် မုန်းဖို့အကြောင်းပြချက်ဆိုတာကတော့ ရှာလို့ရနေတာပါဘဲ ။

ဒါက ကိုယ်နဲ့ဘဲ ဆိုင်ပါတယ် ။ ကိုယ့်အကြောက်တရားကို အမုန်းတရားဖြစ်လာအောင် ကိုယ်ကဘဲ ဖန်တီးခွင့်ပေးလိုက်လို့ပါဘဲ ။ ဒီတော့ ဒါကို ပျောက်ဖို့ နည်းက မရှုပ်ထွေးမခက်ခဲပါဘူး ၊ ကိုယ့်အကြောက်တရားကို ကျော်နိုင်အောင်လုပ်ပါ….

ဒါဆိုရင် လူတွေကိုမုန်းတာဖြစ်ဖြစ် ၊ အဖွဲ့အစည်းကို မုန်းတာဖြစ်ဖြစ် ၊ အိုင်ဒီယာတွေကို မုန်းတာဖြစ်ဖြစ် ၊ လှုပ်ရှားမှုတွေကို မုန်းတာဖြစ်ဖြစ် မုန်းနေတာတွေကို လျှော့နိုင်လာပါလိမ် ။ ဒါမှ ညီညွတ်ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်နိုင်မှာပါ ။

”မတူကွဲပြားခြင်းကနေဖြစ်ပေါ်လာတဲ့ညီညွတ်မှု” အကြောင်းကို ကျမတို့အမြဲပြောလေ့ရှိကြတယ် ။ ကျမတို့တိုင်းပြည်ရဲ့ မတူကွဲပြားခြားနားမှုတွေအတွက် ကျမ သိပ်ဂုဏ်ယူပါတယ် …

ဒါပေမယ့် ဒါကို ကျမတို့အားလုံးအတွက် အင်အားတစ်ရပ်အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး ၊ ဒါတွေအတွက် အတူတကွ ဂုဏ်ယူစွာပျော်ရွှင်နေရတာမျိုး မရှိသေးပါဘူး ။ ကျမတို့ တစ်ယောက်နဲ့တစ်ယောက်မှ မယုံကြဘဲလေ ။

မကြာသေးခင်ကဘဲ ကျမတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကျင်းပခဲ့ကြပါတယ် ။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လက်နက်စွဲကိုင်တော်လှန်လာတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ရင်ကြားစေ့ပြေလည်စေဖို့ပါ ။

နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲဝင်လာကြတဲ့ ဒီအဖွဲ့အစည်းတွေကို ညှိနှိုင်းပေးဖို့၊ အပြစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်နက်ထိုးခိုင်းဖို့ဆိုတာ သိပ်ခက်ခဲတဲ့ ကိစ္စပါဘဲ ။

ဘာကြောင့်သူတို့ လက်နက်မဖြုတ်သိမ်းချင်ကြတာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ၊ ကိုယ့်လူမျိုးကို ကိုယ်ကာကွယ်ဖို့ ၊ ကိုယ်ယုံကြည်ရာကို ကာကွယ်ဖို့ ၊ ကိုယ့်အကျိုးစီးပွာတွေကို ကာကွယ်ဖို့ လက်နက်လိုတယ်လို့ ယုံကြည်ကြလို့ပါဘဲ ။

ဆိုလိုတာကတော့ သူတို့ရဲ့လုံခြုံမှုနဲ့ လွတ်လပ်မှုကို ထိပါးအောင်လုပ်နိုင်တဲ့အာဏာရှိသူတွေကို မယုံလို့ပါဘဲ ။ ဒါတွေအားလုံးဟာ အကြောက်တရားကလာတာတွေပါဘဲ ။

ဒါပေမယ့် ဘာလို့ကြောက်တာလဲဆိုတာထက် ”ဘာကြောင့်ကိုယ့်ကို သူများက ကြောက်နေအောင် လုပ်ရတာလဲ” ဆိုတဲ့ ကိစ္စကတော့ ပိုတောင် ဆိုးပါသေးတယ် ။ သူများက ကိုယ့်ကို ကြောက်နေတာကိုမှ ဂုဏ်ယူနေသူတွေကို ကျမတွေ့ဖူးပါတယ် ။

အဲဒါဟာ ဂုဏ်ယူစရာလို့ သူတို့က ထင်နေကြတယ် ။ ကျမကတော့ ဒါကို ရှက်စရာလို့ ထင်ပါတယ် ။ သူများက ကိုယ့်ကို ကြောက်နေတယ်ဆိုတာ ရှက်စရာကောင်းတဲ့ကိစ္စပါ ။ ဒါက ကိုယ့်မှာ မမှန်တာတစ်ခုခုရှိနေပြီဆိုတာ ပြတာပါဘဲ…..

ကိုယ်ဟာ မျှတသင့်သလောက် မမျှတဘူး ၊ ရက်ရောသင့်သလောက် မရက်ရောဘူး ။ သူများတွေရဲ့ အမြင်တွေအပေါ်မှာ နားလည်သင့်သလောက်နားမလည်ဘူး ၊ မိမိကိုယ်ကိုယ် သင့်တော်သလို မချုပ်တည်းနိုင်ဘူး ဆိုတဲ့ သဘောပါဘဲ ။

ကိုယ့်ကိုယ်ကိုယ် မချုပ်တည်းနိုင်တဲ့ သူတွေကို လူတွေက အမြဲကြောက်လန့်နေတတ်ကြပါတယ် ။ ဒီလူတွေ ဘာထလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလို့ပါဘဲ ။

ဒီတော့ သူများက ကိုယ့်ကို ကြောက်နေတာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး ။ ဒါပေမယ့် တခါတလေကျတော့လည်း ” အရမ်းလေးစားတယ် ” ဆိုတာမျိုး ရှိပါတယ် ၊ ဒါက နည်းနည်းတော့ နားထောင်လို့ ကောင်းပါသေးတယ် ။

အဲလို အရမ်းလေးစားတယ် ဆိုပြီး ရိုးရိုးသားသားပြောတာ ခံစားမိတာကတော့ ကြောက်တာနဲ့မတူပါဘူး ။ ဒါက တဖက်သားရဲ့ ဂုဏ်သိက္ခာ ၊ ဉာဏ်ပညာ ၊ စိတ်ဓါတ် ၊ ဥစ္စာပစ္စည်း စတာတွေနဲ့ ပတ်သက်လို့ ရိုးရိုးသားသား လေးစားမိတဲ့ သဘောပါပါတယ် ။ ဒါပေမယ့် တစ်ယောက်ယောက်ကို ကြောက်နေရတာနဲ့ ကိုယ့်ကို ကြောက်အောင် လုပ်ထားတာဟာ နှစ်ခုစလုံး မကောင်းပါဘူး ။

ဒီတော့ တိုင်းရင်းသားတွေကြား ၊ မတူတဲ့ ယဉ်ကျေးမှုတွေကြား ငြိမ်းချမ်းရေး ရဖို့ဆိုတာ အကြောက်တရားကို အမြစ်ဖြတ်ပစ်မှ ဖြစ်မှာပါဘဲ ။ ဒါပေမယ့် ဒါကို ဘယ်လို အကောင်အထည်ဖော်ရမလဲ ။ ကျမမှာ အဖြေအသင့်ရှိရင် ကျမတို့တိုင်းပြည် ငြိမ်းချမ်းနေတာ နှစ်ပေါင်းများစွာ ကြာလှရောပေါ့ ။

ကျမမှာ အဖြေအားလုံး မရှိပါဘူး ။ ဒါပေမယ့် လူတိုင်းတစ်ယောက်ချင်းစီမှာ ကောင်းတဲ့အချက်လေးတော့ တစ်ခုစီရှိတယ်ဆိုတာကို အမြဲလက်ခံပြီး အစပြုလို့တော့ ရပါတယ် ၊ လူတစ်ဦးချင်းစီမှာ ရှိတဲ့ ဒီကောင်းတဲ့အချက်လေးတွေကို ရှာဖွေဖော်ထုတ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့အကျိုးအတွက် အသုံးချလို့ရပါတယ် ဆိုတာကို လက်ခံပြီး အစပြုလို့ရပါတယ် ။

ဒီအချက်ကို လက်ခံယုံကြည်ရင် အကြောက်တရားဟာ လျော့ပါးလာပါတယ် ။ ဘာလို့လည်းဆိုတော့ တစ်ယောက်ယောက်ကို မကြောက်ဘဲ မုန်းလို့မှ မရတာ ။ ကျမနဲ့ လာပြောဖို့ ကျမ ဖိတ်ခေါ်ပါတယ်….ကိုယ့်ကိုယ်ကို စမ်းစစ်ကြည့်ပါ ။ ဘာကို မုန်းနေသလဲ ။ ဘယ်သူ့ကို မုန်းနေသလဲ ။ အဲဒီမုန်းတဲ့စိတ်ရဲ့အောက်ခြေမှာ ကြောက်တဲ့စိတ်က တကယ်မရှိတာလား ။

ကိုယ့်ကိုယ်ကိုယ် မေးပြီး ရိုးရိုးသားသား ဖြေကြည့်ပါ ။ ”ကျနော် ကျမကဖြင့် အဲဒီလူကို မုန်းပါတယ် ၊ ဒါပေမယ့် လုံးဝတော့ မကြောက်ပါဘူး ” လို့ဆိုရင် ကျမကို လာပြောလှည့်ပါ ။ သိပ်ကို စိတ်ဝင်စားစရာကောင်းမှာ….ဒါပေမယ့် ကျမကတော့ ယုံမယ် မထင်ပါဘူး ……

ကျမလက်ခံအောင် ပြောဖို့တော့ လွယ်မှာ မဟုတ်ဘူးနော် ၊ ကြိုးစားကြည့်ပေါ့ ( ရယ်သံများ ) ။ ကျမတို့ဟာ ကမ္ဘာ့ရွာကြီးမှာ နေကြတာပါ ၊ ဒီတော့ လူမျိုးမတူသူတွေ ၊ ဘာသာမတူသူတွေနဲ့ မနေဘူးဆိုပြီး ရှောင်လို့မရပါဘူး ။

အမေရိကန်ပြည်ထောင်စုကို ကျမ လည်ပတ်ကြည့်ရှုရတော့ ကျမရဲ့တိုင်းပြည်ထက် ရော ၊ ကျမရောက်ဖူးတဲ့ တိုင်းပြည်တချို့ထက်ရော သိပ်ကို ချမ်းသာကြွယ်ဝတာကို တွေ့ရပါတယ် ။ ဒါပေမယ့် ဒီချမ်းသာကြွယ်ဝမှုတွေနဲ့ ဘာလုပ်ကြသလဲ ၊ ဘာလို့ ချမ်းသာပြီးရင်း ချမ်းသာချင်နေကြသလဲ ။

ပိုပိုပြီးများပြားတဲ့ ဥစ္စာဓနအင်အားကို ရအောင်လုပ်နေတဲ့ တွန်းအားက ဘာလို့ရှိနေတာလဲ ။ ကျမတော့ နားမလည်ပါဘူး ။ လူဆိုတာ တနေ့ကို အစား ဘယ်နှစ်နပ်စားနိုင်လို့လဲ ( ရယ်သံများ ) ။ ကျမတို့ နိုင်ငံ သိပ်ကို ကျပ်တည်းတဲ့ ကာလမှာ လူတွေ ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်တဲ့လူတချို့ ရှိခဲ့တယ် ၊

သူတို့တတွေ ကားတွေတစ်စီးပြီးတစ်စီး ၊ အိမ်တွေ တစ်အိမ်ပြီးတစ်အိမ် ပွားအောင် လုပ်ကြတာမြင်တော့ ကျမ သိပ်အံ့သြတာပါဘဲ ။ တစ်ကြိမ်မှာ ကားတစ်စီးဘဲ စီးလို့ရတယ် ၊ ဆပ်ကပ်ပြပွဲထဲမှာဆိုရင်တော့ တစ်ခါတည်းနဲ့ မြင်းနှစ်ကောင်စီးတာမျိုး ရှိချင်ရှိမှာပေါ့ ။

ကားကျတော့ တစ်ကြိမ်မှာ နှစ်ကားဆိုပြီး စီးလို့ရတာမျိုးလည်း မဟုတ်ဘူး ( ရယ်သံများ ) ။ အိမ်ဆိုလည်း တစ်ကြိမ်မှာ တစ်အိမ်ဘဲ နေလို့ရတယ် ။ တစ်အိမ်ကတစ်အိမ် ကူးလို့ရပေမယ့် ဒါက ဘာမှ အကျိုးမရှိဘူးဆိုတာ ကျမ သေချာပြောနိုင်ပါတယ် ၊

အခု ကျမဆို ရန်ကုန်အိမ်ကနေ နေပြည်တော်အိမ်ကို ကူးနေရတယ်…..အိမ်နှစ်အိမ်ကို စီမံခန့်ခွဲရတာ တကယ်ဘဲ စိတ်ပျက်စရာကောင်းပါတယ် ။ အိမ်တွေ ဆယ်အိမ် ၊ ဆယ့်တစ်အိမ် ၊ ဆယ့်နှစ်အိမ်ရှိတဲ့လူတွေ ဘယ်လိုများ စီမံနေကြပါလိမ့် ။ တချို့များ သူတို့မှာ အိမ်ဘယ်နှစ်အိမ်ရှိလဲဆိုတာ မှတ်တောင် မမှတ်မိဘူး လို့ ပြောကြတယ် ။

ဒီတော့ ပစ္စည်းဥစ္စကို ပိုပိုလိုချင်တဲ့ဆန္ဒရှိနေတာ ဘာလို့လဲ ။ လုံခြုံမှုအတွက်လား ။ သူများထက်ပိုသာတယ်လို့ သက်သေပြချင်တာလား ။ ကျမဖြင့် တကယ်နားမလည်နိုင်အောင်ပါဘဲ ။
ဒီတော့ ဒီနေ့ ကျမ မေးခဲ့တဲ့
-အကြောက်တရားမပါဘဲ မုန်းလို့ရသလား
-ဘာလို့ ပိုပိုပြီး လိုချင်နေကြတာလဲ ၊ ပိုပိုပြီးချမ်းသာချင်နေကြတာလဲ……..

ဒီမေးခွန်းတွေရဲ့အဖြေကိုရရင် လူမျိုးမတူသူ ၊ ဘာသာမတူတွေကြား ၊ ဆက်ဆံရေးတွေတိုးတက်စေမယ့်အဖြေတော်တော်များများကို ရပြီးဖြစ်မှာပါဘဲ ၊

အဲဒီအဖြေတွေကိုရရင် လူသားတွေအချင်ချင်းကြားက ဆက်ဆံရေး ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာကိုပါ နားလည်လာပါလိမ့်မယ် ။ ကျမက လူသားဆိုတဲ့အပေါ်မှာ ယုံကြည်မှုရှိပါတယ် ၊ တကယ်လို့သာ ကျမတို့လူသားတွေမှာ အပြုသဘောဆောင်တဲ့ စိတ်ဓါတ်ကလေးတွေ မပါလာဘူး ဆိုရင်

အခုအချိန်ထိ ဂူတွေထဲဘဲ တစ်ယောက်နဲ့တစ်ယောက် တင်းပုတ်တွေ ၊ ဒုတ်တွေနဲ့ထုရိုက်နေတုန်း ရှိဦးမှာပေါ့။ အခု အဲလိုမျိုးလုပ်မနေကြဘူးဆိုတာ လူသားမျိုးနွယ်ရဲ့ တိုးတက်လာမှုကို ပြတာပါဘဲ ။ ဒီတော့ လူသားတွေရဲ့ရှေ့ကို တိုးတက်အောင် လုပ်နိုင်စွမ်းအပေါ်မှာ ကျမကတော့ ယုံကြည်ပါတယ် ။

ဒါက ကျမအတွက်တော့ ”လူမျိုးမတူသူတွေကြား ၊ ယဉ်ကျေးမှုမတူသူတွေကြား ငြိမ်းချမ်းရေးကို တိုးတက်အောင် လုပ်လို့ရမယ့် နည်းလမ်းပါဘဲ ။ ဟားဗတ်တက္ကသိုလ်ဟာ ဒီလို မတူညီတဲ့နောက်ခံအသိုင်းအဝိုင်းကလူတွေ အများကြီး စုဝေးရာ ဝန်းကျင်ပါဘဲ ။

ဒီတော့ အားလုံးပူးပေါင်းအဖြေရှာကြပါစို့ ၊ အဖြေရရင်လည်း ကိုယ့်အတန်းသူအတန်းသားတွေကို ပြောလိုက်ကြပါဦး ။ ဘာလို့လည်းဆိုတော့ ဒီလိုမိန့်ခွန်းတိုတိုလေးတစ်ခုအတွင်းမှာ ကျမအနေနဲ့ ဆွေးနွေးအဖြေရှာဖို့ရာ မတတ်နိုင်လို့ပါ ။ ကျေးဇူးတင်ပါတယ် ( ရယ်သံ ၊ လက်ခုပ်သံများ )

Translated By Spring Flowers
Maung Tun Wai

Leave a Reply

Your email address will not be published. Required fields are marked *