ဥစၥာေစာင့္ဆီက ေငြက်ပ္ျပားတစ္ျပားရရင္ အဲဒီက်ပ္ျပားဟာ သုံးလို႔မကုန္ေတာ့ဘူး . . တဲ႔ ။

ဥစၥာေစာင့္ဆီက ေငြက်ပ္ျပားတစ္ျပားရရင္ အဲဒီက်ပ္ျပားဟာ သုံးလို႔မကုန္ေတာ့ဘူးတဲ့။ ဟုတ္လို႔လား။ ဟုတ္လို႔လား။ မွတ္ႀကီးဆိုတဲ့ေကာင္က ကြၽန္ေတာ့္ကို ေျပာတာပဲ။ သူ႔အစ္ကို ၫြန႔္ဟန္ကလည္း ေျပာတယ္။

”ဥစၥာေစာင့္ဆီက က်ပ္ျပားတစ္ျပားသာရ။ အဲဒီပိုက္ဆံနဲ႔ မုန႔္ဝယ္စားရင္ တစ္မတ္ေစ့ေတာ့ ခ်န္ထားလိုက္။ ညက်ရင္ တစ္မတ္ေစ့ေလးကို ေငြဖလားထဲထည့္ၿပီး

ဘုရားစင္ေပၚတင္ထားလိုက္ကြာ။ မနက္က်ရင္ ေငြဖလားထဲမွာ က်ပ္ျပားေစ့ေလးကို မင္းေတြ႕ရလိမ့္မယ္”

”ဟုတ္လို႔လားကြာ”

”ဟုတ္တာေပါ့ကြာ”

”မင္းေကာ ဥစၥာေစာင့္ဆီက တစ္က်ပ္ေစ့ ရဘူးလား”

”ငါ မရဘူးလို႔ေပါ့ကြာ၊ ရရင္ ေန႔တိုင္း ဝက္သားေပါက္စီ ဝယ္စားမွာေပါ့။ အဲဒါကလည္း ထိုက္မွရတာ”

”ဘယ္လို ထိုက္မွလဲကြာ”

”မင္း ကံေကာင္းရင္ ရၿပီေပါ့ကြာ။ ဒါမွမဟုတ္ မင္းနဲ႔ ဥစၥာေစာင့္ဟာ ဟိုဘဝက အမ်ိဳးေတာ္ရင္ ရၿပီေပါ့”

”အဲဒါဆို က်ပ္ျပားေစ့ဟာ ငါနဲ႔ ထိုက္ၿပီေပါ့”

”ေအးေပါ့ကြာ”

ကြၽန္ေတာ္ဟာ ကိုယ့္အိမ္မွာ မုန႔္မစားရတဲ့ေကာင္ေတာ့ မဟုတ္ပါဘူး။ အေမနဲ႔အေဖကလည္း ကြၽန္ေတာ့္ကို မုန႔္ အငတ္မထားပါဘူး။ ကြၽန္ေတာ့္အတြက္ ဂိုးလ္ဒင္းဘတ္ေတြ အၿမဲဝယ္ထားတယ္ သံဘူးနဲ႔။ ကြၽန္ေတာ္ေက်ာင္းသြားရင္လည္း မုန႔္ဖိုးရတာပါပဲ။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ ဥစၥာေစာင့္ေပးတဲ့ တစ္က်ပ္ေစ့ကို လိုခ်င္တယ္။ အဲဒီတစ္က်ပ္ေစ့ကို အကုန္သာ သုံးမပစ္လိုက္နဲ႔။ ဘယ္ေတာ့မွ ကုန္မသြားဘူး။ ေလွ်ာ့မသြားဘူး။ အဲဒါကို ကြၽန္ေတာ္က သေဘာက်တာ။

ကြၽန္ေတာ္သာ ဥစၥာေစာင့္ဆီက တစ္က်ပ္ေစ့ရရင္ အေမ့ကို ဥစၥာေစာင့္က ပိုက္ဆံေပးတယ္ဆိုတာေတာ့ မေျပာဘူး။ ေတာ္ၾကာ အေမက ကြၽန္ေတာ့္ကို မုန႔္ဖိုးပိုက္ဆံ မေပးေတာ့ရင္ ခက္မယ္။ ဒါေပမဲ့ ဥစၥာေစာင့္ေတြက ဘယ္မွာရွိတာလဲဆိုတာ ကြၽန္ေတာ္လည္း မသိဘူး။ အေမမ်ား သိမလား။

”အေမ သရဲေတြက အထီး၊ အမ ရွိလားဟင္”

”သရဲထီး၊ သရဲမ ရွိတာေပါ့ ငါ့သားရယ္”

”ဒါျဖင့္ ဥစၥာေစာင့္ေတြကေတာ့ အထီးနဲ႔ အမရွိတာလား အေမ”

”အေမေတာ့ ဥစၥာေစာင့္မေတြကိုပဲ ၾကားဘူးတယ္”

”ဥစၥာေစာင့္မေတြကို အေမေကာ ျမင္ဘူးသလားဟင္”

”အေမေတာ့ မျမင္ဘူးပါဘူးကြယ္။ ဥစၥာေစာင့္မေတြဟာ ဆံပင္အရွည္ႀကီးနဲ႔ မ်က္ႏွာကလည္း သနပ္ခါးေဖြးၿပီး လွတယ္။ အနံ႔ကလည္း သင္းတယ္လို႔ ေျပာၾကတာေတာ့ ၾကားဘူးတယ္”

”ဥစၥာေစာင့္မေတြက သေဘာေကာင္းတာေပါ့”

”သေဘာေကာင္းတယ္လည္း မမွတ္နဲ႔ ငါ့သားရယ္။ သူတို႔က သူတို႔ေနရာမွာ လူလဲတတ္တယ္”

”ဘယ္လို လူလဲတာလဲ အေမ”

”ဥစၥာေစာင့္ဘဝမွာ ၾကာလာေတာ့ ပ်င္းရိၿငီးေငြ႕မွာေပါ့ကြယ္။ ဘုရားရဲ႕ ရတနာသိုက္ကိုလည္း ေစာင့္ဖို႔ တာဝန္ရွိေတာ့ သူ႔ေနရာကို လူတစ္ေယာက္နဲ႔ အစားထိုးဖို႔ လူရဲ႕ဝိညာဥ္ကို သူတို႔က ႏႈတ္သြားတာေပါ့”

”သူတို႔က ဘုရားေတြမွာ တာဝန္ထမ္းတာလား”

”ေအးေပါ့။ သိုက္တူးတဲ့လူေတြ မလာေအာင္လို႔ေပါ့”

”သူတို႔လက္ထဲမွာေကာ ပိုက္ဆံရွိလားအေမ”

”သူတို႔က တစ္ခါတေလ လူလိုအေယာင္ေဆာင္ၿပီး ဘုရားပြဲေတြမွာ ေဈးေတာင္ ဝယ္တတ္တယ္တဲ့ သားရဲ႕။ ပိုက္ဆံရွိလို႔ေနမွာေပါ့”

”သူတို႔က မိန္းမအခ်င္းခ်င္းကိုပဲ ဝိညာဥ္ႏုတ္မွာပါ အေမရာ။ ကြၽန္ေတာ္က ေယာက်္ားေလးပဲ။ ကြၽန္ေတာ့္ ဝိညာဥ္ကို သူတို႔ မႏုတ္ပါဘူး”

”လူဆိုတာ ခုဘဝမွာ ေယာက်္ားေလးျဖစ္ေပမယ့္ ေနာက္ဘဝမွာ မိန္းမလည္း ျဖစ္ႏိုင္တာပဲ။ သူမ်ားသားမယားကို က်ဴးလြန္ရင္ ေနာက္ဘဝမွာ မိန္းမရွာလည္း ျဖစ္ႏိုင္တာပဲ”

အေမက ေျပာျပေနတယ္။ ကြၽန္ေတာ္ကေတာ့ လွတဲ့ဥစၥာေစာင့္ဆီက က်ပ္ျပားေစ့ကို လိုခ်င္ေနတယ္။ အဲဒါကို အေမ သိေနသလား။

”ဘုရားေတြထဲ တစ္ေယာက္တည္း သြားမထိုင္နဲ႔ေနာ္။ ဥစၥာေစာင့္က လူကိုခ်စ္ရင္လည္း သူတို႔ဆီ ေခၚထားတတ္တယ္။ ဥစၥာေစာင့္က ငါ့သားကို ဝွက္ထားရင္ အေမ မရွာေဖြတတ္ဘူးေနာ္”

”ဟုတ္ကဲ့ အေမ”

ကြၽန္ေတာ္က သေျပပန္းခ်ိဳးၿပီး ဘုရားေညာင္ေရအိုး ထိုးတယ္။ အုတ္ပလႅင္ေပၚမွာ သန႔္ရွင္းေရးလုပ္ေပးရင္း က်ပ္ျပားေစ့တစ္ေစ့ ေတြ႕မလားလို႔ အၿမဲရွာေဖြတယ္။ ဘုရားပန္းအိုးထိုးတာကို ဥစၥာေစာင့္မက သေဘာေတြက်ၿပီး ကြၽန္ေတာ့္ကို က်ပ္ဒဂၤါးျပား တစ္ေစ့ေလာက္ လက္ေဆာင္ေပးရင္ေတာ့ ကြၽန္ေတာ္ ေက်နပ္ပါၿပီ။

အဲဒီလို ဘုရားမွာ သေျပၫြန႔္သြားထိုး၊ ေညာင္ေရအိုး ေရလဲ၊ အုတ္ပလႅင္ သန႔္ရွင္းေရးလုပ္၊ ေသာက္ေတာ္ေရခြက္ေလးနဲ႔ ဘုရားကို ေသာက္ေတာ္ေရကပ္လုပ္တာ တစ္လေက်ာ္ၾကာသြားပါတယ္။ တစ္မနက္ခင္းေပၚမွာ ဘုရားရဲ႕ အုတ္ပလႅင္ေပၚမွာ ကြၽန္ေတာ္ဟာ က်ပ္ျပားေစ့ေလးကို တကယ္ေတြ႕တယ္ဗ်ာ။ ဘယ္လိုကို ေပ်ာ္မွန္းမသိဘူး။ ထီေပါက္တာက အဲဒီလိုလား။

အိမ္မွာလည္း ေငြဖလားေလးတစ္လုံးရွိတယ္။ အေမက ေငြဖလားေလးကို မသုံးပါဘူး။ ဒီအတိုင္း သိမ္းထားတာ။ အဲဒီေငြဖလားေလးထဲမွာ က်ပ္ျပားေစ့ေလးကို ထည့္လိုက္တယ္။ ဘုရားစင္ရဲ႕ ေထာင့္ေလးတစ္ေနရာမွာ အေမလည္း မျမင္သာေအာင္ တစ္ညထားတယ္။ ေနာက္ေန႔မွာ အဲဒီက်ပ္ျပားေစ့နဲ႔ ေက်ာင္းမွာ တ႐ုတ္ႀကီး ဆန္ေခါက္ဆြဲ တစ္မတ္ဖိုး ဝယ္စားတယ္။ သူက မတ္ေစ့သုံးေစ့ အမ္းတယ္။ ညက် အဲဒီမတ္ေစ့ သုံးေစ့ကို ေငြဖလားထဲထည့္တယ္။ ဘုရားစင္ေထာင့္တစ္ေနရာမွာ ကြၽန္ေတာ္က အသာေလးတင္ထားတယ္။

ေနာက္ မနက္ခင္းမွာ ေငြဖလားေလးထဲမွာ က်ပ္ျပားေစ့ ျဖစ္ေနၿပီအထင္နဲ႔ ကြၽန္ေတာ္ သြားၾကည့္တယ္။ မတ္ေစ့သုံးေစ့ဟာ သုံးေစ့ပါပဲ။ ေနာက္တစ္ေန႔…ေနာက္တစ္ေန႔ ကြၽန္ေတာ္ဟာ ဘုရားစင္ရဲ႕ ေထာင့္ေလးတစ္ေနရာက ေငြဖလားေလးထဲကို ၾကည့္တာပဲေပါ့။ တစ္မတ္ေစ့ သုံးေစ့ဟာ တစ္မတ္ေစ့ သုံးေစ့ပဲေပါ့။ ဘယ္ေတာ့မွ က်ပ္ျပားေစ့ ျပန္ျဖစ္မလာခဲ့ပါဘူး။ ပန္းေတြနဲ႔ ေဝေနမယ့္၊ သနပ္ခါးနံ႔ေတြလည္း သင္းထုံေနမယ့္၊ ဆံပင္ကလည္း ရွည္လ်ားတဲ့ ဥစၥာေစာင့္ဟာ ကြၽန္ေတာ့္ကို ညာခဲ့ၿပီလား။

ေနာက္ရက္မွာ ဘုန္းႀကီးေက်ာင္းဝင္းထဲက အာ႐ုံခံတန္ေဆာင္းထဲမွာ ကြၽန္ေတာ္ဟာ ဘုရားေညာင္ေရအိုး သြားလဲတယ္။ အဲဒီမယ္ မ်က္ႏွာေပၚမွာ ေက်ာက္ေပါက္မာေတြနဲ႔ ႐ြာထဲက မပုေႂကြကို ေတြ႕ရတယ္။ သူကလည္း ဘုရားကို ပန္းလာကပ္တာ။

”ဟဲ့ေကာင္ ဟိုရက္က ဒီဘုရားရဲ႕ အုတ္ပလႅင္ေပၚမွ ငါ က်ပ္ျပားတစ္ေစ့ က်က်န္ရစ္ခဲ့တယ္။ နင္ ေတြ႕လား” တဲ့။

”မေတြ႕ပါဘူး မပုေႂကြရာ”လို႔ ကြၽန္ေတာ္ေျပာၿပီး အဲဒီေနရာကေန ျပန္ထြက္လာခဲ့ပါတယ္။ ။

ဥစ္စာစောင့်ဆီက ငွေကျပ်ပြားတစ်ပြားရရင် အဲဒီကျပ်ပြားဟာ သုံးလို့မကုန်တော့ဘူးတဲ့။ ဟုတ်လို့လား။ ဟုတ်လို့လား။ မှတ်ကြီးဆိုတဲ့ကောင်က ကျွန်တော့်ကို ပြောတာပဲ။ သူ့အစ်ကို ညွန့်ဟန်ကလည်း ပြောတယ်။

”ဥစ္စာစောင့်ဆီက ကျပ်ပြားတစ်ပြားသာရ။ အဲဒီပိုက်ဆံနဲ့ မုန့်ဝယ်စားရင် တစ်မတ်စေ့တော့ ချန်ထားလိုက်။ ညကျရင် တစ်မတ်စေ့လေးကို ငွေဖလားထဲထည့်ပြီး ဘုရားစင်ပေါ်တင်ထားလိုက်ကွာ။ မနက်ကျရင် ငွေဖလားထဲမှာ ကျပ်ပြားစေ့လေးကို မင်းတွေ့ရလိမ့်မယ်”

”ဟုတ်လို့လားကွာ”

”ဟုတ်တာပေါ့ကွာ”

”မင်းကော ဥစ္စာစောင့်ဆီက တစ်ကျပ်စေ့ ရဘူးလား”

”ငါ မရဘူးလို့ပေါ့ကွာ၊ ရရင် နေ့တိုင်း ဝက်သားပေါက်စီ ဝယ်စားမှာပေါ့။ အဲဒါကလည်း ထိုက်မှရတာ”

”ဘယ်လို ထိုက်မှလဲကွာ”

”မင်း ကံကောင်းရင် ရပြီပေါ့ကွာ။ ဒါမှမဟုတ် မင်းနဲ့ ဥစ္စာစောင့်ဟာ ဟိုဘဝက အမျိုးတော်ရင် ရပြီပေါ့”

”အဲဒါဆို ကျပ်ပြားစေ့ဟာ ငါနဲ့ ထိုက်ပြီပေါ့”

”အေးပေါ့ကွာ”

ကျွန်တော်ဟာ ကိုယ့်အိမ်မှာ မုန့်မစားရတဲ့ကောင်တော့ မဟုတ်ပါဘူး။ အမေနဲ့အဖေကလည်း ကျွန်တော့်ကို မုန့် အငတ်မထားပါဘူး။ ကျွန်တော့်အတွက် ဂိုးလ်ဒင်းဘတ်တွေ အမြဲဝယ်ထားတယ် သံဘူးနဲ့။ ကျွန်တော်ကျောင်းသွားရင်လည်း မုန့်ဖိုးရတာပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဥစ္စာစောင့်ပေးတဲ့ တစ်ကျပ်စေ့ကို လိုချင်တယ်။ အဲဒီတစ်ကျပ်စေ့ကို အကုန်သာ သုံးမပစ်လိုက်နဲ့။ ဘယ်တော့မှ ကုန်မသွားဘူး။ လျှော့မသွားဘူး။ အဲဒါကို ကျွန်တော်က သဘောကျတာ။

ကျွန်တော်သာ ဥစ္စာစောင့်ဆီက တစ်ကျပ်စေ့ရရင် အမေ့ကို ဥစ္စာစောင့်က ပိုက်ဆံပေးတယ်ဆိုတာတော့ မပြောဘူး။ တော်ကြာ အမေက ကျွန်တော့်ကို မုန့်ဖိုးပိုက်ဆံ မပေးတော့ရင် ခက်မယ်။ ဒါပေမဲ့ ဥစ္စာစောင့်တွေက ဘယ်မှာရှိတာလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ အမေများ သိမလား။

”အမေ သရဲတွေက အထီး၊ အမ ရှိလားဟင်”

”သရဲထီး၊ သရဲမ ရှိတာပေါ့ ငါ့သားရယ်”

”ဒါဖြင့် ဥစ္စာစောင့်တွေကတော့ အထီးနဲ့ အမရှိတာလား အမေ”

”အမေတော့ ဥစ္စာစောင့်မတွေကိုပဲ ကြားဘူးတယ်”

”ဥစ္စာစောင့်မတွေကို အမေကော မြင်ဘူးသလားဟင်”

”အမေတော့ မမြင်ဘူးပါဘူးကွယ်။ ဥစ္စာစောင့်မတွေဟာ ဆံပင်အရှည်ကြီးနဲ့ မျက်နှာကလည်း သနပ်ခါးဖွေးပြီး လှတယ်။ အနံ့ကလည်း သင်းတယ်လို့ ပြောကြတာတော့ ကြားဘူးတယ်”

”ဥစ္စာစောင့်မတွေက သဘောကောင်းတာပေါ့”

”သဘောကောင်းတယ်လည်း မမှတ်နဲ့ ငါ့သားရယ်။ သူတို့က သူတို့နေရာမှာ လူလဲတတ်တယ်”

”ဘယ်လို လူလဲတာလဲ အမေ”

”ဥစ္စာစောင့်ဘဝမှာ ကြာလာတော့ ပျင်းရိငြီးငွေ့မှာပေါ့ကွယ်။ ဘုရားရဲ့ ရတနာသိုက်ကိုလည်း စောင့်ဖို့ တာဝန်ရှိတော့ သူ့နေရာကို လူတစ်ယောက်နဲ့ အစားထိုးဖို့ လူရဲ့ဝိညာဉ်ကို သူတို့က နှုတ်သွားတာပေါ့”

”သူတို့က ဘုရားတွေမှာ တာဝန်ထမ်းတာလား”

”အေးပေါ့။ သိုက်တူးတဲ့လူတွေ မလာအောင်လို့ပေါ့”

”သူတို့လက်ထဲမှာကော ပိုက်ဆံရှိလားအမေ”

”သူတို့က တစ်ခါတလေ လူလိုအယောင်ဆောင်ပြီး ဘုရားပွဲတွေမှာ ဈေးတောင် ဝယ်တတ်တယ်တဲ့ သားရဲ့။ ပိုက်ဆံရှိလို့နေမှာပေါ့”

”သူတို့က မိန်းမအချင်းချင်းကိုပဲ ဝိညာဉ်နုတ်မှာပါ အမေရာ။ ကျွန်တော်က ယောကျ်ားလေးပဲ။ ကျွန်တော့် ဝိညာဉ်ကို သူတို့ မနုတ်ပါဘူး”

”လူဆိုတာ ခုဘဝမှာ ယောကျ်ားလေးဖြစ်ပေမယ့် နောက်ဘဝမှာ မိန်းမလည်း ဖြစ်နိုင်တာပဲ။ သူများသားမယားကို ကျူးလွန်ရင် နောက်ဘဝမှာ မိန်းမရှာလည်း ဖြစ်နိုင်တာပဲ”

အမေက ပြောပြနေတယ်။ ကျွန်တော်ကတော့ လှတဲ့ဥစ္စာစောင့်ဆီက ကျပ်ပြားစေ့ကို လိုချင်နေတယ်။ အဲဒါကို အမေ သိနေသလား။

”ဘုရားတွေထဲ တစ်ယောက်တည်း သွားမထိုင်နဲ့နော်။ ဥစ္စာစောင့်က လူကိုချစ်ရင်လည်း သူတို့ဆီ ခေါ်ထားတတ်တယ်။ ဥစ္စာစောင့်က ငါ့သားကို ဝှက်ထားရင် အမေ မရှာဖွေတတ်ဘူးနော်”

”ဟုတ်ကဲ့ အမေ”

ကျွန်တော်က သပြေပန်းချိုးပြီး ဘုရားညောင်ရေအိုး ထိုးတယ်။ အုတ်ပလ္လင်ပေါ်မှာ သန့်ရှင်းရေးလုပ်ပေးရင်း ကျပ်ပြားစေ့တစ်စေ့ တွေ့မလားလို့ အမြဲရှာဖွေတယ်။ ဘုရားပန်းအိုးထိုးတာကို ဥစ္စာစောင့်မက သဘောတွေကျပြီး ကျွန်တော့်ကို ကျပ်ဒင်္ဂါးပြား တစ်စေ့လောက် လက်ဆောင်ပေးရင်တော့ ကျွန်တော် ကျေနပ်ပါပြီ။

အဲဒီလို ဘုရားမှာ သပြေညွန့်သွားထိုး၊ ညောင်ရေအိုး ရေလဲ၊ အုတ်ပလ္လင် သန့်ရှင်းရေးလုပ်၊ သောက်တော်ရေခွက်လေးနဲ့ ဘုရားကို သောက်တော်ရေကပ်လုပ်တာ တစ်လကျော်ကြာသွားပါတယ်။ တစ်မနက်ခင်းပေါ်မှာ ဘုရားရဲ့ အုတ်ပလ္လင်ပေါ်မှာ ကျွန်တော်ဟာ ကျပ်ပြားစေ့လေးကို တကယ်တွေ့တယ်ဗျာ။ ဘယ်လိုကို ပျော်မှန်းမသိဘူး။ ထီပေါက်တာက အဲဒီလိုလား။

အိမ်မှာလည်း ငွေဖလားလေးတစ်လုံးရှိတယ်။ အမေက ငွေဖလားလေးကို မသုံးပါဘူး။ ဒီအတိုင်း သိမ်းထားတာ။ အဲဒီငွေဖလားလေးထဲမှာ ကျပ်ပြားစေ့လေးကို ထည့်လိုက်တယ်။ ဘုရားစင်ရဲ့ ထောင့်လေးတစ်နေရာမှာ အမေလည်း မမြင်သာအောင် တစ်ညထားတယ်။ နောက်နေ့မှာ အဲဒီကျပ်ပြားစေ့နဲ့ ကျောင်းမှာ တရုတ်ကြီး ဆန်ခေါက်ဆွဲ တစ်မတ်ဖိုး ဝယ်စားတယ်။ သူက မတ်စေ့သုံးစေ့ အမ်းတယ်။ ညကျ အဲဒီမတ်စေ့ သုံးစေ့ကို ငွေဖလားထဲထည့်တယ်။ ဘုရားစင်ထောင့်တစ်နေရာမှာ ကျွန်တော်က အသာလေးတင်ထားတယ်။

နောက် မနက်ခင်းမှာ ငွေဖလားလေးထဲမှာ ကျပ်ပြားစေ့ ဖြစ်နေပြီအထင်နဲ့ ကျွန်တော် သွားကြည့်တယ်။ မတ်စေ့သုံးစေ့ဟာ သုံးစေ့ပါပဲ။ နောက်တစ်နေ့…နောက်တစ်နေ့ ကျွန်တော်ဟာ ဘုရားစင်ရဲ့ ထောင့်လေးတစ်နေရာက ငွေဖလားလေးထဲကို ကြည့်တာပဲပေါ့။ တစ်မတ်စေ့ သုံးစေ့ဟာ တစ်မတ်စေ့ သုံးစေ့ပဲပေါ့။ ဘယ်တော့မှ ကျပ်ပြားစေ့ ပြန်ဖြစ်မလာခဲ့ပါဘူး။ ပန်းတွေနဲ့ ဝေနေမယ့်၊ သနပ်ခါးနံ့တွေလည်း သင်းထုံနေမယ့်၊ ဆံပင်ကလည်း ရှည်လျားတဲ့ ဥစ္စာစောင့်ဟာ ကျွန်တော့်ကို ညာခဲ့ပြီလား။

နောက်ရက်မှာ ဘုန်းကြီးကျောင်းဝင်းထဲက အာရုံခံတန်ဆောင်းထဲမှာ ကျွန်တော်ဟာ ဘုရားညောင်ရေအိုး သွားလဲတယ်။ အဲဒီမယ် မျက်နှာပေါ်မှာ ကျောက်ပေါက်မာတွေနဲ့ ရွာထဲက မပုကြွေကို တွေ့ရတယ်။ သူကလည်း ဘုရားကို ပန်းလာကပ်တာ။

”ဟဲ့ကောင် ဟိုရက်က ဒီဘုရားရဲ့ အုတ်ပလ္လင်ပေါ်မှ ငါ ကျပ်ပြားတစ်စေ့ ကျကျန်ရစ်ခဲ့တယ်။ နင် တွေ့လား” တဲ့။

”မတွေ့ပါဘူး မပုကြွေရာ”လို့ ကျွန်တော်ပြောပြီး အဲဒီနေရာကနေ ပြန်ထွက်လာခဲ့ပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *