ထီေဈးထိန္းညႇိရန္ အရန္ထီထုတ္ေရာင္းေတာ့မည္

Zawgyi ျဖင့္ဖတ္ရန္

ထီေဈးထိန္းညႇိရန္ အရန္ထီထုတ္ေရာင္းေတာ့မည္

ထီေဈးႏႈန္းထိန္းညႇိရန္ ေဈးကြက္အတြင္း အရန္ထီျဖန႔္ ျဖဴးေရာင္းခ်မည္ဟု ေအာင္ဘာ ေလသိန္းဆုဌာနခြဲ (ရန္ကုန္) ၫႊန္ၾကားေရးမႉး ဦးညီညီလႈိင္က ေျပာသည္။ 

ေဈးကြက္အတြင္း ထီလက္ မွတ္ေဈးကစားျခင္း၊ ေဈးႏႈန္း မတည္ၿငိမ္ျခင္းတို႔ေၾကာင့္ ႏိုဝင္ ဘာအတြင္း ေနာက္ထပ္ ထီ အကၡရာတစ္လုံးျဖန႔္ကာ ေရာင္းခ် ရန္စီစဥ္ျခင္းျဖစ္သည္ဟု ၎က ဆိုသည္။ 

 ‘‘အရန္ထီရဲ႕သေဘာက ေဈးကြက္ထိန္းညႇိတဲ့သေဘာပါ။ ႏိုဝင္ဘာ ၁၇ မွာ တရားဝင္ေၾက ညာၿပီး ေရာင္းေပးသြားမယ္’’ ဟု ဦးညီညီလႈိင္က ေျပာသည္။ 

ေအာင္ဘာေလသိန္းဆုဌာန သည္ ႏိုဝင္ဘာအတြက္ ‘က’ အကၡရာမွ ‘ကဆ’အကၡရာအထိ ထီလက္မွတ္မ်ား ျဖန႔္ေဝေရာင္းခ် ထားၿပီးျဖစ္ကာ အရန္ထီအျဖစ္ ‘ကဇ’ အကၡရာ ေရာင္းခ်မည္ျဖစ္ သည္။ ထီအကၡရာတစ္လုံးလွ်င္ ထီလက္မွတ္ေစာင္ေရ ၈၈၀,၀၀၀ ေက်ာ္ရွိၿပီး ယင္းထီလက္မွတ္မ်ား ေဈးကြက္အတြင္း ထပ္မံေရာက္ရွိ မည္ျဖစ္သည္။ 

ႏိုဝင္ဘာတြင္ ထီကုန္သည္ အခ်ိဳ႕ ထီေဈးကစားမႈမ်ားေၾကာင့္ ထီလက္မွတ္ ေဈးတက္လာ၍ အရန္ထီထုတ္ေရာင္းရျခင္းျဖစ္ ႏိုင္ေၾကာင္း ထီလုပ္ငန္းရွင္အခ်ိဳ႕ ကသုံးသပ္သည္။ 

ကနဦးေရာင္းခ်ထားသည့္ထီလက္မွတ္မ်ားအား ထီကုန္ သည္အခ်ိဳ႕က ခ်ဳပ္ကိုင္ေဈး ကစားေနခ်ိန္တြင္ အရန္ထီလက္ မွတ္မ်ား ေဈးကြက္ထဲေရာက္ရွိ ေစျခင္းျဖင့္ ယခင္ထီလက္မွတ္ မ်ားကို ေရရွည္ခ်ဳပ္ထိန္းမထား ေစေရး ရည္႐ြယ္လုပ္ေဆာင္ျခင္း ျဖစ္သည္ဟု ၎တို႔ကဆိုသည္။ 
 ‘‘ေအာင္ဘာေလဌာနက လစဥ္ အရန္ထီေဆာင္ထားေလ့ရွိ တယ္။ ဒီႏွစ္ထဲမွာ ပထမဆုံး ထုတ္ေရာင္းတာ။ အဲဒီလိုထုတ္ ေရာင္းလိုက္တဲ့အတြက္ အတိုင္း အတာတစ္ခုထိေတာ့ ထိန္းႏိုင္ မယ္ထင္တယ္။ ေရာင္းရမယ့္အ ခ်ိန္ကာလက တိုေတာ့ လကုန္ပိုင္းမွာ ေဈးကြက္ဘယ္လိုဆက္ ျဖစ္မယ္မေျပာႏိုင္ေသးဘူး’’ ဟု ထီလုပ္ငန္းရွင္ ကိုေအာင္ႏိုင္ဝင္း ကေျပာသည္။

Source 7Day News

Unicode ျဖင့္ဖတ္ရန္

ထီဈေးထိန်းညှိရန် အရန်ထီထုတ်ရောင်းတော့မည်

ထီဈေးနှုန်းထိန်းညှိရန် ဈေးကွက်အတွင်း အရန်ထီဖြန့် ဖြူးရောင်းချမည်ဟု အောင်ဘာ လေသိန်းဆုဌာနခွဲ (ရန်ကုန်) ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က ပြောသည်။ 

ဈေးကွက်အတွင်း ထီလက် မှတ်ဈေးကစားခြင်း၊ ဈေးနှုန်း မတည်ငြိမ်ခြင်းတို့ကြောင့် နိုဝင် ဘာအတွင်း နောက်ထပ် ထီ အက္ခရာတစ်လုံးဖြန့်ကာ ရောင်းချ ရန်စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

 ‘‘အရန်ထီရဲ့သဘောက ဈေးကွက်ထိန်းညှိတဲ့သဘောပါ။ နိုဝင်ဘာ ၁၇ မှာ တရားဝင်ကြေ ညာပြီး ရောင်းပေးသွားမယ်’’ ဟု ဦးညီညီလှိုင်က ပြောသည်။ 

အောင်ဘာလေသိန်းဆုဌာန သည် နိုဝင်ဘာအတွက် ‘က’ အက္ခရာမှ ‘ကဆ’အက္ခရာအထိ ထီလက်မှတ်များ ဖြန့်ဝေရောင်းချ ထားပြီးဖြစ်ကာ အရန်ထီအဖြစ် ‘ကဇ’ အက္ခရာ ရောင်းချမည်ဖြစ် သည်။ ထီအက္ခရာတစ်လုံးလျှင် ထီလက်မှတ်စောင်ရေ ၈၈၀,၀၀၀ ကျော်ရှိပြီး ယင်းထီလက်မှတ်များ ဈေးကွက်အတွင်း ထပ်မံရောက်ရှိ မည်ဖြစ်သည်။ 

နိုဝင်ဘာတွင် ထီကုန်သည် အချို့ ထီဈေးကစားမှုများကြောင့် ထီလက်မှတ် ဈေးတက်လာ၍ အရန်ထီထုတ်ရောင်းရခြင်းဖြစ် နိုင်ကြောင်း ထီလုပ်ငန်းရှင်အချို့ ကသုံးသပ်သည်။ 

ကနဦးရောင်းချထားသည့်ထီလက်မှတ်များအား ထီကုန် သည်အချို့က ချုပ်ကိုင်ဈေး ကစားနေချိန်တွင် အရန်ထီလက် မှတ်များ ဈေးကွက်ထဲရောက်ရှိ စေခြင်းဖြင့် ယခင်ထီလက်မှတ် များကို ရေရှည်ချုပ်ထိန်းမထား စေရေး ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ 
 ‘‘အောင်ဘာလေဌာနက လစဉ် အရန်ထီဆောင်ထားလေ့ရှိ တယ်။ ဒီနှစ်ထဲမှာ ပထမဆုံး ထုတ်ရောင်းတာ။ အဲဒီလိုထုတ် ရောင်းလိုက်တဲ့အတွက် အတိုင်း အတာတစ်ခုထိတော့ ထိန်းနိုင် မယ်ထင်တယ်။ ရောင်းရမယ့်အ ချိန်ကာလက တိုတော့ လကုန်ပိုင်းမှာ ဈေးကွက်ဘယ်လိုဆက် ဖြစ်မယ်မပြောနိုင်သေးဘူး’’ ဟု ထီလုပ်ငန်းရှင် ကိုအောင်နိုင်ဝင်း ကပြောသည်။

Source 7Day News

Leave a Reply

Your email address will not be published. Required fields are marked *