မီးပွိုင့်တွင် လမ်းဖြတ်ကူးသူ (၈၃)နှစ်အရွယ် အဖိုးအိုကို YBS ဝင်တိုက်မိရာကေ-သဆုံး

မီးပွိုင့်တွင် လမ်းဖြတ်ကူးသူ (၈၃)နှစ်အရွယ် အဖိုးအိုကို YBS ဝင်တိုက်မိရာက သေဆုံး

တိုးဝေအောင် ၊ 25 NOV 2020 မြန်မာတိုင်းမ်နေ့စဉ်

မရမ်းကုန်းမြို့နယ်တွင် မီးပွိုင့်တွင် လမ်းဖြတ်ကူးသူကို YBS ၆ ဝင်တိုက်မိရာက သေဆုံးခဲ့သည်ဆိုမှုကို ဖမ်းဆီး အရေးယူထားကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သိရသည် ။

နိုဝင်ဘာလ ၂၄ ရက်နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီ လမ်းဆုံတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ၊ အမှတ်(၄၆ )ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ယာဉ်မှုစစ်အရာရှိ ရဲအုပ်ချစ်မင်းဦးနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ သည် ။

အဆိုပါနေရာတွင် ၊တောင်ဒဂုံမြို့နယ်နေ ယာဉ်မောင်း ဆန်းလင်း(၄၇) နှစ် မောင်းနှင်သည့် HUYNDAIKMJTA အမျိုးအစား YBS (၆) ခရီးသည်တင် ယာဉ်သည် ကမ္ဘာအေးဘုရားလမ်းမှ ပါရမီလမ်းဘက်သို့ ဝဲဘက်ချိုးကွေ့ မောင်းနှင်စဉ် ပါရမီလမ်းအတိုင်း မီးပွိုင့်ထိပ် လူကူး မျဉ်းကြားမှ မြောက်မှတောင်သို့ လမ်းဖြတ်ကူးသူ တောင်ဥက္ကလာပမြို့နယ် (၁၄/၂ ) ရပ်ကွက်နေ ဦးစိုးသန်း (၈၃)နှစ် ကို ဝင်ရောက် တိုက်မိခဲ့သည် ။

ယာဉ်တိုက်ခံရသူ ဦးစိုးသန်းတွင် ဦးခေါင်းနောက်စေ့ စုတ်ပြဲ ၊ယာမျက်ခုံးရောင် ၊ယာပါးရောင် ၊နားထင်ရောင် ညိုမဲဒဏ်ရာများရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ဆေးကုသစဉ် သေဆုံးသွားခဲ့သောကြောင့် ယာဉ်မောင်းဆန်းလင်းကို အရေးယူပေးပါရန် တိုင်ကြားခဲ့သည် ။

မရမ်းကုန်းမြို့မ ရဲစခန်းယာဉ် (ပ)၃၂/၂၀၂၀ရာဇသတ် (ပ ကြီးပုဒ်မ-၃၀၄ – က ဖြင့်အမှုဖွင့် အရေးယူထားသည် ။

(The Myanmar Times)

Leave a Reply

Your email address will not be published. Required fields are marked *