ျမန္မာ့ဆိုက္ကား ျဖစ္ေပၚလာပုံ

ျမန္မာ့ဆိုက္ကား ျဖစ္ေပၚလာပုံ

၁၃၀၀ျပည့္ အေရးေတာ္ပုံလို့ ျမန္မာ့သမိုင္းမွာ ေမာ္ကြန္း ထိုးခဲ့တဲ့ အမ်ိဳးသားလြတ္လပ္ေရး အုံႂကြ လႈပ္ရွားမႈႀကီး ကၽြန္မတို့ မႏၲေလးမွာလည္းျဖစ္ပြားေပၚေပါက္ခဲ့ပါတယ္။

ဒီအခ်ိန္မွာ မႏၲေလးၿမိဳ့သူၿမိဳ့သားေတြက အမ်ိဳးသား လုပ္ငန္းတစ္ခုျဖစ္တဲ့ ဆိုက္ကားယာဥ္ငယ္ကို ဝိုင္းၿပီး အားေပးလိုက္ၾက ေတာ့ ဓါတ္ရထားလုပ္ငန္းဟာ ခြက္ခြက္လန္ေအာင္ ရွုံးလို့အလုပ္ရပ္နားသြားရတာေပါ့။

မႏၲေလးၿမိဳ့မွာ အဲဒီေခတ္က ၿမိဳ့သူၿမိဳ့သားမ်ားစီးနင္း သြားလာဖို့ ျမင္းရထားေခၚတဲ့ ျမင္းတပ္ရထားလုံး နဲ႔ ဓါတ္ရထားပဲ ရွိတယ္။ ရန္ကုန္မွာလို လံျခား မရွိဘူး။

၁၃၀၀ ျပည့္ အေရးေတာ္ပုံကာလႀကီးကို ေရာက္လာ ေတာ့ အမ်ိဳးသားစီးပြားေရးဟာ အမ်ိဳးသားေတြရဲ့ လက္ ထဲမွာပဲ ရွိရမယ္ဆိုတဲ့ မူတစ္ခု ေပၚလာၿပီး ေသြးစုပ္ ခ်ယ္လွယ္ေနတဲ့ နိုင္ငံျခားသားပိုင္ လုပ္ငန္းေတြအေပၚ စီးပြားေရး စစ္မ်က္ႏွာတစ္ခုလည္း အမ်ိဳးသားေတြက ဖြင့္လာ ၾကတယ္။

အဲဒီအခ်ိန္မွာ စက္အား မပါ ၊ေလာင္စာဆီ မလို ၊လူအား နဲ႔ လႈပ္ရွားတဲ့ ယာဥ္ငယ္ဆိုက္ကား ဆိုတဲ့ စီးစရာေလး တစ္ခု ေပၚလာတယ္။ဆိုက္ကားဆိုတာက စက္ဘီးက ေနၿပီးျဖစ္လာတဲ့ယာဥ္ကိုး။

အဲဒီေခတ္ကေယာကၤ်ားေတြ စီးတဲ့ စက္ဘီးအေကာင္းဆုံး ရေလး စပါယ္ရွယ္ ဆိုတာ က တစ္စီးမွ ၁၂၅ က်ပ္ ေပးရတာ။ ဟာၾကဴလီ တံဆိပ္ ဆိုရင္ အသစ္မွ ၅၀ က်ပ္ ကေန ၇၀ က်ပ္အထိပဲ တန္ဖိုး ရွိတယ္။

အဲဒီေတာ့ ၁၉၃၈ ခုႏွစ္ေလာက္မွာ စက္ဘီးအေဟာင္း ကို ေညာင္ပင္ေဈးက ကားေဘာ္ဒီလုပ္တဲ့ဆရာ ဆရာညိဳက ဆိုက္ကား ဆိုတဲ့ ေဘးတြဲ တပ္ေပးတယ္။

တပ္ခကလည္း သိပ္မမ်ားေတာ့ ေငြ ၁၀၀ က်ပ္ ၊ ၁၅၀ က်ပ္နဲ႔ ဆိုက္ကားတစ္စီး ျဖစ္လာတာပဲ။ ဒီေလာက္ေငြ က ျမန္မာေတြတတ္နိုင္တဲ့အရင္းအႏွီးမ်ိဳးျဖစ္ေလေတာ့၊ ဆိုက္ကားအစီး ၁၀၀၀ ေလာက္ ေန႔ခ်င္း ညခ်င္း မႏၲေလး မွာ ေပၚေပါက္လာေတာ့တယ္။

အဲဒီဆိုက္ကားက ေဈးခ်ိဳက ၂ျပား ေပးစီးခဲ့ရင္ ဓါတ္ရထားက ပို့ေပးတဲ့ ၂ျပား ခရီးမ်ိဳးအျပင္ ဓါတ္ရထား မေရာက္တဲ့ လမ္းႀကိဳလမ္းၾကား ဝင္းႀကိဳ ဝင္းၾကားအထိ လိုက္ပို့ေပးတယ္ေလ။

မႏၲေလးၿမိဳ့ ဆိုတာကလည္း တခ်ိဳ့ၿမိဳ့ေတြလို ရြာႀကီး က တျဖည္းျဖည္းနဲ႔ ၿမိဳ့ျဖစ္လာတာမ်ိဳး မဟုတ္ဘူး။ မင္းတုန္းမင္းႀကီးက ၿမိဳ့သစ္တည္ဖို့ စိတ္တိုင္းက်တဲ့ ေျမျပန႔္ ေျမညီတစ္ကြက္ကို ေသေသခ်ာခ်ာေရြးၿပီးမွ အကြက္ေတြခ်ၿပီး တည္ခဲ့တဲ့ၿမိဳ့။ ဒါေၾကာင့္ နန္းေတာ္ေရွ့ ဆရာတင္က “စည္မ်က္ႏွာကဲ့သို့ ညီညာေပသကို” လို့ မႏၲေလး ကို သူ႔ျမနႏၵာ သီခ်င္း ထဲမွာ ထည့္ဖြဲ့ထားတယ္ မဟုတ္လား။

မႏၲေလးမွာ လမ္းေတြက အတက္အဆင္း ၊အနိမ့္ အျမင့္ အလြန္နည္းတယ္။ ၿမိဳ့ကို အကြက္ခ်ထားၿပီး လမ္းေတြ ေဖာက္တာ၊အကြက္ေတြရဲ့အလယ္ကဝင္းေတြဖြဲ့တယ္။ဝင္းထဲမွာ အရာရွိႀကီးေတြ ေနေစတယ္။ မႏၲေလးၿမိဳ့ရဲ့ လမ္းေတြက အေရွ့ ၊ အေနာက္ ၊ ေတာင္ ၊ ေျမာက္ တည့္တည့္တန္းတန္း ရွိေနေအာင္ တမင္ေဖာ္ထားတာ ၊ တစ္ျပနဲ႔တစ္ျပအကြာအေဝးညီတယ္။ဝင္းႀကိဳဝင္းၾကား ေပါတယ္။

မႏၲေလးမွာ ၿဗိတိသၽွအစိုးရက ေက်ာက္လမ္းမိုင္ ၆၀ခင္း ေပးသတဲ့။ ဓါတ္ရထားသြားနိုင္တာက ၆ မိုင္ထဲ ရွိတာ။ ဆိုက္ကားက မိုင္ ၆၀ စလုံးကို သြားနိုင္တဲ့အျပင္ လမ္း မရွိတဲ့ ဝင္းႀကိဳဝင္းၾကားထဲလည္း ဝင္ၿပီး ပို့ေပးေလ ေတာ့ ၊ ၿမိဳ့သူၿမိဳ့သားေတြက ဆိုက္ကားပဲ စီးၾကတာေပါ့။ အဲဒီမွာ ၁၅၀က်ပ္တန္ ၊ ၂၀၀က်ပ္တန္ ဆိုက္ကားေတြ နဲ႔မယွဥ္နိုင္၊မယွဥ္ဝံ့လို့ဓါတ္ရထားႀကီးသိမ္းလိုက္ရတယ္ ဆိုတာ ၾကားၾကား သမၽွကေတာ့ မယုံနိုင္စရာႀကီး ျဖစ္ ေနတာေပါ့။

ဒါေပမယ့္ တစ္ကယ့္ျဖစ္ရပ္ပဲ။ ဓာတ္ရထားႀကီးခဗ်ာမွာ လက္မွတ္တစ္ေစာင္ တစ္ေန႔လုံး စီးခ်င္ရာစီး ၃ပဲ ၊ စီးနိုင္ရင္ တစ္ေန႔လုံး ဓါတ္ရထားေပၚက မဆင္းပဲေနခ်င္ ေနဆိုၿပီး တစ္ေနကုန္စီးလည္း ၃ပဲ လက္မွတ္ေတြ ဘာေတြေတာင္ လုပ္ၿပီးျပဳတ္ခါနီးမွာ ထိန္းရွာပါ ေသးရဲ့။ မရပါဘူး။ တစ္ခါတည္း လုပ္ငန္းပိတ္လိုက္ ရပါေရာ။

ဆရာမႀကီး လူထုေဒၚအမာ ရဲ့ ရတနာပုံမႏၲေလး မႏၲေလး ကၽြန္မတို့မႏၲေလး စာအုပ္မွ

ေရးသားသူ_ဆရာမႀကီးလူထုေဒၚအမာ
ThawZinAung

မြန်မာ့ဆိုက်ကား ဖြစ်ပေါ်လာပုံ

၁၃၀၀ပြည့် အရေးတော်ပုံလို့ မြန်မာ့သမိုင်းမှာ မော်ကွန်း ထိုးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး အုံကြွ လှုပ်ရှားမှုကြီး ကျွန်မတို့ မန္တလေးမှာလည်းဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။

ဒီအချိန်မှာ မန္တလေးမြို့သူမြို့သားတွေက အမျိုးသား လုပ်ငန်းတစ်ခုဖြစ်တဲ့ ဆိုက်ကားယာဉ်ငယ်ကို ဝိုင်းပြီး အားပေးလိုက်ကြ တော့ ဓါတ်ရထားလုပ်ငန်းဟာ ခွက်ခွက်လန်အောင် ရှုံးလို့အလုပ်ရပ်နားသွားရတာပေါ့။

မန္တလေးမြို့မှာ အဲဒီခေတ်က မြို့သူမြို့သားများစီးနင်း သွားလာဖို့ မြင်းရထားခေါ်တဲ့ မြင်းတပ်ရထားလုံး နဲ့ ဓါတ်ရထားပဲ ရှိတယ်။ ရန်ကုန်မှာလို လံခြား မရှိဘူး။

၁၃၀၀ ပြည့် အရေးတော်ပုံကာလကြီးကို ရောက်လာ တော့ အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေရဲ့ လက် ထဲမှာပဲ ရှိရမယ်ဆိုတဲ့ မူတစ်ခု ပေါ်လာပြီး သွေးစုပ် ချယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုလည်း အမျိုးသားတွေက ဖွင့်လာ ကြတယ်။

အဲဒီအချိန်မှာ စက်အား မပါ ၊လောင်စာဆီ မလို ၊လူအား နဲ့ လှုပ်ရှားတဲ့ ယာဉ်ငယ်ဆိုက်ကား ဆိုတဲ့ စီးစရာလေး တစ်ခု ပေါ်လာတယ်။ဆိုက်ကားဆိုတာက စက်ဘီးက နေပြီးဖြစ်လာတဲ့ယာဉ်ကိုး။

အဲဒီခေတ်ကယောင်္ကျားတွေ စီးတဲ့ စက်ဘီးအကောင်းဆုံး ရလေး စပါယ်ရှယ် ဆိုတာ က တစ်စီးမှ ၁၂၅ ကျပ် ပေးရတာ။ ဟာကြူလီ တံဆိပ် ဆိုရင် အသစ်မှ ၅၀ ကျပ် ကနေ ၇၀ ကျပ်အထိပဲ တန်ဖိုး ရှိတယ်။

အဲဒီတော့ ၁၉၃၈ ခုနှစ်လောက်မှာ စက်ဘီးအဟောင်း ကို ညောင်ပင်ဈေးက ကားဘော်ဒီလုပ်တဲ့ဆရာ ဆရာညိုက ဆိုက်ကား ဆိုတဲ့ ဘေးတွဲ တပ်ပေးတယ်။

တပ်ခကလည်း သိပ်မများတော့ ငွေ ၁၀၀ ကျပ် ၊ ၁၅၀ ကျပ်နဲ့ ဆိုက်ကားတစ်စီး ဖြစ်လာတာပဲ။ ဒီလောက်ငွေ က မြန်မာတွေတတ်နိုင်တဲ့အရင်းအနှီးမျိုးဖြစ်လေတော့၊ ဆိုက်ကားအစီး ၁၀၀၀ လောက် နေ့ချင်း ညချင်း မန္တလေး မှာ ပေါ်ပေါက်လာတော့တယ်။

အဲဒီဆိုက်ကားက ဈေးချိုက ၂ပြား ပေးစီးခဲ့ရင် ဓါတ်ရထားက ပို့ပေးတဲ့ ၂ပြား ခရီးမျိုးအပြင် ဓါတ်ရထား မရောက်တဲ့ လမ်းကြိုလမ်းကြား ဝင်းကြို ဝင်းကြားအထိ လိုက်ပို့ပေးတယ်လေ။

မန္တလေးမြို့ ဆိုတာကလည်း တချို့မြို့တွေလို ရွာကြီး က တဖြည်းဖြည်းနဲ့ မြို့ဖြစ်လာတာမျိုး မဟုတ်ဘူး။ မင်းတုန်းမင်းကြီးက မြို့သစ်တည်ဖို့ စိတ်တိုင်းကျတဲ့ မြေပြန့် မြေညီတစ်ကွက်ကို သေသေချာချာရွေးပြီးမှ အကွက်တွေချပြီး တည်ခဲ့တဲ့မြို့။ ဒါကြောင့် နန်းတော်ရှေ့ ဆရာတင်က “စည်မျက်နှာကဲ့သို့ ညီညာပေသကို” လို့ မန္တလေး ကို သူ့မြနန္ဒာ သီချင်း ထဲမှာ ထည့်ဖွဲ့ထားတယ် မဟုတ်လား။

မန္တလေးမှာ လမ်းတွေက အတက်အဆင်း ၊အနိမ့် အမြင့် အလွန်နည်းတယ်။ မြို့ကို အကွက်ချထားပြီး လမ်းတွေ ဖောက်တာ၊အကွက်တွေရဲ့အလယ်ကဝင်းတွေဖွဲ့တယ်။ဝင်းထဲမှာ အရာရှိကြီးတွေ နေစေတယ်။ မန္တလေးမြို့ရဲ့ လမ်းတွေက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တည့်တည့်တန်းတန်း ရှိနေအောင် တမင်ဖော်ထားတာ ၊ တစ်ပြနဲ့တစ်ပြအကွာအဝေးညီတယ်။ဝင်းကြိုဝင်းကြား ပေါတယ်။

မန္တလေးမှာ ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆၀ခင်း ပေးသတဲ့။ ဓါတ်ရထားသွားနိုင်တာက ၆ မိုင်ထဲ ရှိတာ။ ဆိုက်ကားက မိုင် ၆၀ စလုံးကို သွားနိုင်တဲ့အပြင် လမ်း မရှိတဲ့ ဝင်းကြိုဝင်းကြားထဲလည်း ဝင်ပြီး ပို့ပေးလေ တော့ ၊ မြို့သူမြို့သားတွေက ဆိုက်ကားပဲ စီးကြတာပေါ့။ အဲဒီမှာ ၁၅၀ကျပ်တန် ၊ ၂၀၀ကျပ်တန် ဆိုက်ကားတွေ နဲ့မယှဉ်နိုင်၊မယှဉ်ဝံ့လို့ဓါတ်ရထားကြီးသိမ်းလိုက်ရတယ် ဆိုတာ ကြားကြား သမျှကတော့ မယုံနိုင်စရာကြီး ဖြစ် နေတာပေါ့။

ဒါပေမယ့် တစ်ကယ့်ဖြစ်ရပ်ပဲ။ ဓာတ်ရထားကြီးခဗျာမှာ လက်မှတ်တစ်စောင် တစ်နေ့လုံး စီးချင်ရာစီး ၃ပဲ ၊ စီးနိုင်ရင် တစ်နေ့လုံး ဓါတ်ရထားပေါ်က မဆင်းပဲနေချင် နေဆိုပြီး တစ်နေကုန်စီးလည်း ၃ပဲ လက်မှတ်တွေ ဘာတွေတောင် လုပ်ပြီးပြုတ်ခါနီးမှာ ထိန်းရှာပါ သေးရဲ့။ မရပါဘူး။ တစ်ခါတည်း လုပ်ငန်းပိတ်လိုက် ရပါရော။

ဆရာမကြီး လူထုဒေါ်အမာ ရဲ့ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး စာအုပ်မှ

ရေးသားသူ_ဆရာမကြီးလူထုဒေါ်အမာ
ThawZinAung

Leave a Reply

Your email address will not be published. Required fields are marked *