မိန်းကလေး များအတွက် ယောင်္ကျားဆိုးနှင့်တွေ့နိုင်သော လက္ခဏာ
မိန်းမအပေါ် သစ္စာမရှိသူ၊ ရိုက်နှက်သူ၊ ငွေအသုံးကြမ်းသူ စသည်ဖြင့် မိန်းမဖြစ်သူကို စိတ်ဆင်းရဲအောင်လုပ်သော ယောင်္ကျားတွေရှိပါတယ်။မိန်းကလေးတွေမှာလည်း သူ့မှာကျွန်မမှ မရှိရင် မဖြစ်ဘူး။ သူက လူတော်ပါ လို့ပတ်ဝန်းကျင်က အမြင်ကို ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။
အမြင်မှန်ကို မရချိန်အထိ ပတ်ဝန်းကျင်က ဘယ်လိုပဲ နားချ နားထောင်မှာမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ အချစ်ကြောင့်ပါ။ဒီတစ်ခေါက်တော့ ယောင်္ကျား ဆိုးနဲ့တွေ့နိုင်ချေရှိသော လက္ခဏာဟာ ဘယ်လိုဖြစ်မလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
၁. လက်သန်းအောက်ကနေ လက်ညှိုးအထိရှိသောလမ်းကြောင်း
ပထမဆုံး လက်ကိုဖြန့်ကြည့်လိုက်ပါ။ လက်သန်းအောက်ကနေ လက်ညှိုးအထိသွားသော လက္ခဏာလမ်းကြောင်းရှိပါလိမ့်မယ်။ဒီလမ်းကြောင်းကိုတော့ မေတ္တာလမ်းကြောင်းလို့ခေါ်ပြီး လက္ခဏာပိုင်ရှင်ရဲ့ စိတ်အနေအထား၊ အချစ်ရေးတို့ကို ကြည့်နိုင်ပါတယ်။ကဲ ပရိသတ်ကြီးရဲ့ လက္ခဏာကကော ဘယ်လိုရှိနေသလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
အကယ်၍ မေတ္တာလမ်းကြောင်းဟာ လက်ညှိုးအောက်တွင် အောက်သို့ထိုးကျနေရင်တော့ သင်ဟာ အချစ်အတွက် မျက်စိမရှိသူဖြစ်ပါလိမ့်မယ်။တစ်ယောက်ယောက်ကို ကြိုက်ပြီဆိုရင် ဘာကိုမှမမြင်တော့ပါ။ ပတ်ဝန်းကျင်က ကန့်ကွက်ရင်လည်း ဂရုမစိုက်ပါ။ မေတ္တာလမ်းကြောင်းမှာ ပုံအတိုင်း ကျွန်းခံနေရင်တော့ ပိုပြီးသတိထားပါ။ယောင်္ကျားဆိုးတွေက မဖိတ်ပဲ ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်။
၂. ယောင်္ကျားဆိုးနဲ့မတွေ့အောင် လက္ခဏာပြောင်းအောင်လုပ်နည်း
ယောင်္ကျားဆိုးနဲ့ မတွေ့အောင် ကိုယ့်ရဲ့ လက္ခဏာကို ပြောင်းအောင် လက္ခဏာလမ်းကြောင်းကို ထပ်ဆွဲလို့ရပါတယ်။လိုအပ်သောအရာ ၊ ပန်းရောင်ဘောပင် – ပန်းရောင်ဘောပင်နဲ့ မေတ္တာလမ်းကြောင်းကို ထပ်ဆွဲလိုက်ပါ။ လက်ညှိုးနားရောက်ရင်တော့ တောင်ပြေပြေလေးဖြစ်အောင်ဆက်ပြီး ပြင်ဆွဲလိုက်ပါ။
မေတ္တာလမ်းကြောင်းကိုပြောင်းဆွဲသောကြောင့် ဖြတ်ဉာဏ်ပိုပြီးကောင်းလာမှာပါ။ ဖြတ်ဉာဏ်ကောင်းလာတဲ့အတွက် ယောင်္ကျားတွေကိုသေသေချာချာ ခွဲခြားသိရှိနိုင်ပါတယ်။ယောင်္ကျားဆိုးဆိုတာက အပြင်ပိုင်းကကြည့်ရင်တော့ ကြိုက်စရာကောင်းပင်မဲ့ မျက်နှာဖုံးချွတ်လိုက်ရင်တော့ ဘီလူးဖြစ်နေတတ်ပါတယ်။
ဗေဒင်ဖြစ်ကကြောင့် အမှန်တကယ်ဖြစ်မယ်လို့ မဆိုလိုပါ။ စာဖတ်ပရိသတ်ကြီး ပျော်ရွှင်စေရန် ရည်မှန်းလျက် တင်ပြလိုက်ပါတယ်။
Credit:Chelmo Team