ဘိန်းမုန့် ( သို့ ) ချစ်ခြင်းများဖြင့် ထုံမွှင်းထားသောနှလုံးသားအက္ခရာ

ဘိန်းမုန့် ( သို့ ) ချစ်ခြင်းများဖြင့် ထုံမွှင်းထားသောနှလုံးသားအက္ခရာ

စည်းရုံးရေးခရီးစဉ် ချောင်းဝရွာလေးမှာ ကျွန်တော်တို့ လူငယ်များနှင့် လမ်းလျှောက်ပြီး သင်ဘောဆိပ်အသွား ကြုံခဲ့တာပါ။ဒီလိုနဲ့သွားရင်းလာရင်းအမေက လမ်းဘေး မုန့်ဆိုင်တဲလေးကို မြင်တော့ ” ဟိုဆိုင်လေးက ဘာမုန့် ရောင်းတာလဲ “ဟုမေးသည် ။ ဘိန်းမုန့်ဆိုင် ဆိုတော့ ထောပတ်နှင့် လုပ်သလားရိုးရိုးဆီနှင့် လုပ်သလား ဟုမေးပြန်သည် ။ ရိုးရိုးဆီနှင့် လုပ်သည်ဖြစ်၍ စားချင်သည်ဆိုကာ တဲလေးထဲ ငုံ့ဝင်ကြသည် ။

မုန့်ဆိုင်တဲလေးက ယိုင်တိုင်တိုင်အမေလဲ မုန့်ဆိုင်တဲလေးထဲကို ခေါင်းငုံ့ဝင်လိုက်တော့ မီးမွှေးစပြုနေသော မုန့်ရောင်းသူညီအမနှစ်ယောက်ကို တွေ့လိုက်ရသည်။ထိုညီအမနှစ်ယောက်လဲ ရုတ်တရက် သူတို့ထင်မှတ်မထားသောသူ သူတို့အနားကိုရောက်လာမည်ဟု တကြိမ်တခါမှ မတွေးခဲ့ဖူးသောပုဂ္ဂိုလ်တယောက်ကို မြင်လိုက်ရသောအခါဘာလုပ်၍ ဘာကိုင်ရမည်မသိတော့ ။

အံ့သြစိတ်နဲ့အတူ စွန့် အ သွားသည် ။မီးပဲဆက်မွှေးရမလား ။ ဟာ အမေ လို့ပဲ ဝမ်းသာအားရ အော်ဟစ်လိုက်ရမလား ။ဒါပေမဲ့ တနေ့လုပ်မှတနေ့စားရသောသူတို့ဘဝ သူတို့ဝန်ကျင် သူတို့ဆိုင်အနေအထားကြောင့် သိပ်ငယ်စိတ်လေးတော့ရှိသည်ဒါပေမဲ့ ဝမ်းသာသည် ။အမေသူတို့နှစ်ယောက်ကို ပြုံးကြည့်ပြီး” ဘိန်းမုန့်ရပြီလား ” ဟု ငြင်သာစွာမေးသည်သူတို့ဘာလုပ်ရမှန်းမသိ။အမေ့ရဲ့မျက်ဝန်းထဲမှာ သူတို့ပုံရိပ်တွေထင်နေသည် ။ ဝမ်းသာစိတ်နဲ့အတူ မျက်ရည်ကစို့ချင်လာသည် ။

ဒါနဲ့ပဲ ဘိန်းမုန့်မရသေးကြောင်း ရလျှင်လာပြီးပို့ပေးမည်ဆိုသည့်အကြောင်းကိုကတုန်ကရီနဲ့ သူတို့တွေ ပြန်ပြောသည်။သင်ဘောဆိပ်မှာ ဧည့်သည်များနှင့် စကားပြောနေစဉ် သူတို့ညီအစ်မ လင်ပန်းထဲ ဘိန်းမုန့်တွေ ထည့်ပြီးလာပို့သည်။ကျွန်တော် ဝင်လက်ခံပြီး ဘယ်လောက်ကျသလဲ မေးမိသည်။သူတို့အဖေက မုန့်ကိုအကောင်းဆုံး လုပ်ပေးလိုက်ကြောင်း ပိုက်ဆံပေးရင်မယူခဲ့နဲ့မှာကြောင်းပြောသည် ။

အမေက သမီးတို့ကျသင့်သည့် မုန့်ဘိုး ယူလိုက်ပါပြောတော့ ကျွန်တော်က ကျသင့်သည့် တန်ဘိုးထက် ပိုပြီးငွေပေးလိုက်သည် ။သူတို့တွေမယူ …. အဖေကမယူနဲ့ခိုင်းလို့တင်မဟုတ်သူတို့၏စိတ်ထဲမှာပင် သူတို့လုပ်ယူခဲ့သောမုန့်ကို သဒ္ဒါစိတ်သက်သက်ဖြင့်သာ အမေ့ကိုကျွေးချင်သည်။ယူပါဟု ထပ္တလဲလဲ ပြောတဲ့အဆုံး ညီမနှစ်ယောက်လုံးဘယ်လိုမှမငြင်းနိင်တော့ပဲ အမေ့ရှေ့မှာဒူးထောက်လက်အုပ်လေးချီပြီး

” ကျွန်မတို့ မယူပါရစေနဲ့ ” ဟုပြောရင်းမျက်ရည်တွေစီးကျလာသည် ” ကျွန်မတို့ကို မပေးပါနဲ့ ” ဟု တောင်းပန်ရှာသည်။ကျွန်တော်တို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေချိန်မှာ အေမက သူတို့ကြားရောက်သွားပြီး ပခုံးလေးတွေဖက်ခါ မငိုဘို့ပြောပြီး အားပေးနှစ်သိမ့်သည်။သူတို့ ယူလာသော ဘိန်းမုန့်ကို လက်နှင့်ဖဲ့ပြီးအားပါးတရစားလိုက်သည် အမေစားနေသည်ကို ညီအစ်မနှစ်ဦး မျက်ရည်သုတ်ပြီး ပြုံးကြည့်နေကြသည် ။

ဒါဟာ အေမ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူပေးသော ပကတိမေတ္တာစစ်စစ် ဖြစ်သည် ။ ဟန်ဆောင်မှု့မပါ ၊ ဘာအကျိုးကိုမှ မျှော်လင့်မှု့မရှိ ၊ သူတို့တွေရဲ့ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကိုယ်တတ်နိင်တာလေးဖြင့် ပန့်ပိုးကူညီချင်သည် ၊ အမေပင်ပန်းနေတာကို သိသည် ၊ တိုင်းကျိုးပြည်ကျိုးအတွက် ကိုယ်မတတ်စွမ်းနိင်ခဲ့ရင်တောင်မှ အမောပြေ ရေအေးလေးတခွက်ကိုတော့ တိုက်ချင်သည်

နောက်ဆုံး အမေ့လက်ဖဝါးလေးကိုကိုင်ပြီးကိုယ့်မှာရှိတဲ့ခွန်အားလေးကို အမေ့ကိုယ်ထဲစီးမျောဝင်ရောက်သွားစေချင်သည်မှာ

အမေ့ကိုချစ်တဲ့လူသားတိုင်းရဲ့ဆန္ဒမဟုတ်ပါလား …. ။

ပြန်လည်မျှဝေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *