ခ်စ္သူကို ခ်စ္လြန္းအားႀကီးလို႔ ခ်စ္သူပင္ပန္းေနခ်ိန္ထိုင္ႏိုင္ဖို႔ လူသားထိုင္ခံုေလးျဖစ္ေပးခဲ့တဲ့ ေကာင္ေလး(႐ုပ္သံ)

Zawgyi ျဖင့္ဖတ္ရန္

ခ်စ္သူကို ခ်စ္လြန္းအားႀကီးလို႔ ခ်စ္သူပင္ပန္းေနခ်ိန္ထိုင္ႏိုင္ဖို႔ လူသားထိုင္ခံုေလးျဖစ္ေပးခဲ့တဲ့ ေကာင္ေလး(႐ုပ္သံ)

June 21 ရက္ေန႔တုန္းက Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးကိုပ်ံ့ႏွံ႔ၿပီး ေရပန္းစားေနခဲ့တဲ့ video ေလးျဖစ္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့စံုတြဲေလးက သူတို႔ရဲ႕အခ်စ္ကိုေဖာ္ျပခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။

အမွန္တကယ္ေတာ့ အခ်စ္ႀကီးလြန္းတဲ့ေကာင္လးဟာ ခ်စ္သူမိန္းကေလးကို႐ိုး႐ွင္းစြာနဲ႔ တိတ္တဆိတ္အကူအညီေပးေနခဲ့တာပါ ။

ျဖစ္စဥ္ကေတာ့ New York ၿမိဳ႕က လူသြားလမ္းတစ္ခုမွာ အာ႐ွစံုတြဲေလးတစ္တြဲဟာ လမ္းေလ်ွာက္လာရင္းနဲ႔ ခ်စ္သူမိန္းကေလးဟာ အျငင္းအခံုကိစၥတစ္ခု႐ွိေနလို႔ ဖုန္းေျပာေနပံုရပါတယ္ ။

ထို႔ေၾကာင့္ video ထဲမွာေတြ႔ျမင္ရတဲ့အတိုင္း ေကာင္ေလးဟာ ထိုင္ခ်လိုက္ၿပီး အေရးႀကီးတဲ့ဖုန္း ေျပာေနပံုရတဲ့ခ်စ္သူအတြက္ ထိုင္ခံုေလးျဖစ္ေပးခဲ့ပါတယ္ ။

ေကာင္ေလးဟာ ခ်စ္သူမိန္းကေလးကို တအားဂ႐ုစိုက္ပံုရၿပီး video အဆံုးမွာေတာ့ သူမရဲ႕ေက်ာျပင္ေလးကို ျငင္သာစြာနမ္း႐ႈိက္ခဲ့ပါေသးတယ္ ။

အဆိုပါ video ဟာ social media ေပၚမွာ အေတာ္ေလးကိုပ်ံ့ႏွံ႔သြားခဲ့ခ်ိန္မွာေတာ့ ခ်က္ခ်င္းပဲေဝဖန္တိုက္ခိုက္ခ်င္ၾကသူမ်ားဟာ ၾကင္နာယုယတာ ခဏထားအံုး ၊ အခန္႔မသင့္ရန္ လမ္းလယ္ေခါင္မွာထိုင္ေနလို႔ တျခားေသာ လမ္းသြားလမ္းလာေတြနဲ႔ျပသာနာျဖစ္ႏိုင္ေၾကာင္း ေဝဖန္ခဲ့ၾကပါတယ္ ။

တစ္ခ်ိဳ႕အခ်ိန္ေတြမွာဆိုရင္ေတာ့ ကိုယ့္ရဲ႕အခ်စ္ကို အဲ့ေလာက္ထိသက္ေသျပၿပီး ေဖာ္ျပေနဖို႔မလိုပါဘူး ၊ အေရးႀကီးဆံုးက ႏွစ္ဦးႏွစ္ဖက္လံုးက အခ်င္းခ်င္းေလးစားမႈနဲ႔ဆက္ဆံရင္ ရပါၿပီ ဆိုၿပီးေထာက္ျပသူမ်ားလည္း ႐ွိေနခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode ျဖင့္ဖတ္ရန္

ချစ်သူကို ချစ်လွန်းအားကြီးလို့ ချစ်သူပင်ပန်းနေချိန်ထိုင်နိုင်ဖို့ လူသားထိုင်ခုံလေးဖြစ်ပေးခဲ့တဲ့ ကောင်လေး(ရုပ်သံ)

June 21 ရက်နေ့တုန်းက Facebook စာမျက်နှာပေါ်မှာ အတော်လေးကိုပျံ့နှံ့ပြီး ရေပန်းစားနေခဲ့တဲ့ video လေးဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့စုံတွဲလေးက သူတို့ရဲ့အချစ်ကိုဖော်ပြခဲ့ကြတာလည်း ဖြစ်ပါတယ် ။

အမှန်တကယ်တော့ အချစ်ကြီးလွန်းတဲ့ကောင်လးဟာ ချစ်သူမိန်းကလေးကိုရိုးရှင်းစွာနဲ့ တိတ်တဆိတ်အကူအညီပေးနေခဲ့တာပါ ။

ဖြစ်စဉ်ကတော့ New York မြို့က လူသွားလမ်းတစ်ခုမှာ အာရှစုံတွဲလေးတစ်တွဲဟာ လမ်းလျှောက်လာရင်းနဲ့ ချစ်သူမိန်းကလေးဟာ အငြင်းအခုံကိစ္စတစ်ခုရှိနေလို့ ဖုန်းပြောနေပုံရပါတယ် ။

ထို့ကြောင့် video ထဲမှာတွေ့မြင်ရတဲ့အတိုင်း ကောင်လေးဟာ ထိုင်ချလိုက်ပြီး အရေးကြီးတဲ့ဖုန်း ပြောနေပုံရတဲ့ချစ်သူအတွက် ထိုင်ခုံလေးဖြစ်ပေးခဲ့ပါတယ် ။

ကောင်လေးဟာ ချစ်သူမိန်းကလေးကို တအားဂရုစိုက်ပုံရပြီး video အဆုံးမှာတော့ သူမရဲ့ကျောပြင်လေးကို ငြင်သာစွာနမ်းရှိုက်ခဲ့ပါသေးတယ် ။

အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့သွားခဲ့ချိန်မှာတော့ ချက်ချင်းပဲဝေဖန်တိုက်ခိုက်ချင်ကြသူများဟာ ကြင်နာယုယတာ ခဏထားအုံး ၊ အခန့်မသင့်ရန် လမ်းလယ်ခေါင်မှာထိုင်နေလို့ တခြားသော လမ်းသွားလမ်းလာတွေနဲ့ပြသာနာဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ကြပါတယ် ။

တစ်ချို့အချိန်တွေမှာဆိုရင်တော့ ကိုယ့်ရဲ့အချစ်ကို အဲ့လောက်ထိသက်သေပြပြီး ဖော်ပြနေဖို့မလိုပါဘူး ၊ အရေးကြီးဆုံးက နှစ်ဦးနှစ်ဖက်လုံးက အချင်းချင်းလေးစားမှုနဲ့ဆက်ဆံရင် ရပါပြီ ဆိုပြီးထောက်ပြသူများလည်း ရှိနေခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Leave a Reply

Your email address will not be published. Required fields are marked *