ကိုဗစ်ကာကွယ်ဆေးကို ပုဂ္ဂလိက ဆေးရုံနဲ့ ဆေးခန်းတွေမှာ ထိုးနှံခွင့်ပြုမည်ဟု ကျန်းမာရေးဝန်ကြီးပြော

ကိုဗစ်ကာကွယ်ဆေးကို ပုဂ္ဂလိက ဆေးရုံနဲ့ ဆေးခန်းတွေမှာ ထိုးနှံခွင့်ပြုမည်ဟု ကျန်းမာရေးဝန်ကြီးပြော

COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance မှ ထောက်ပံ့ငွေ နှင့် ကမ္ဘာ့ဘဏ်ချေးငွေ တို့ကို အသုံးပြုကာ

ဝယ်ယူမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိုဝင်ဘာလ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေး အတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် မိမိတို့နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေးအား အထူးသက်သာသောနှုန်းထား

(သို့မဟုတ်) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုပါတယ်။

ပြည်သူများအနေဖြင့် သတိပြုအလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးမှ COVID-19 ကာကွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင်ဝယ်ယူရန်ကြိုးစားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့်

လူထုအတွင်း ရောဂါခုခံကာကွယ်နိုင်မှုပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရရှိနိုင်မည်မှာ ခက်ခဲကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့်

လက်ရှိရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက်၍ လုပ်ဆောင်ရမည့်အပြင် အရှိန်အဟုန်ကိုလည်း တိုးမြှင့်၍ ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က ထည့်သွင်းပြောကြားပါတယ်။

COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance မှ ထောက်ပံ့ငွေ နှင့် ကမ္ဘာ့ဘဏ်ချေးငွေ တို့ကို အသုံးပြုကာ ဝယ်ယူမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများက COVID-19 ကာကွယ်ဆေးများ ထိုးနှံနိုင်ရန်အတွက်ကိုလည်း စနစ်တကျလမ်းညွှန်ချက်များ အမြန်ဆုံးချမှတ်ကာ

ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုရာတွင် အာနိသင်မပြည့်ဝသည့် ကာကွယ်ဆေးများမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၊

အကောက်ခွန်ဦးစီးဌာနတို့ အပါအဝင် နှီးနွှယ် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ထိုးနှံအသုံးပြုရန် COVID-19 ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုသော (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (FDA) များ မှ

တရားဝင်အသိအမှတ်ပြုထားသော (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများမှ အရေးပေါ်သုံးစွဲခွင့် (Emergency use authorization) ရရှိထားသော ကာကွယ်ဆေးများကိုသာ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး အခြားသော အရည်အသွေးနှင့် အာနိသင် အာမခံချက်မရှိသော ကာကွယ်ဆေးများကို လုံးဝအသုံးပြုခွင့် ပေးမည်မဟုတ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုပါတယ်။

လက်ရှိတွင် ကမ္ဘာ့ နိုင်ငံများနှင့် ကုမ္ပဏီအများအပြားမှ လက်တွေ့ စမ်းသပ် သုတေသနပြုမှုပြုလုပ်လျက်ရှိသော COVID-19 ကာကွယ်ဆေးများအနက် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုလမ်းစများ တွေ့ရှိနေသာ ကာကွယ်ဆေးအချို့သည် အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်)

(ultra-cold storage)

ဖြင့် ထားရှိရမည်ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် အဆိုပါကာကွယ်ဆေးအား ဝယ်ယူမည်ဆိုပါက အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှုစနစ်ကို ရရှိနိုင်ရေးအတွက် လိုအပ်သည်များကိုလည်း ဝယ်ယူရန် စီစဉ်ဆွေးနွေးလျက်ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်းပြောကြားသည်။

#########################

ကိုဗစ်ကာကွယ်ဆေးကို ပုဂ္ဂလိက ဆေးရုံနဲ့ ဆေးခန်းတွေမှာ ထိုးနှံခွင့်ပြုမည်ဟု ကျန်းမာရေးဝန်ကြီးပြော

COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance မှ ထောက်ပံ့ငွေ နှင့် ကမ္ဘာ့ဘဏ်ချေးငွေ တို့ကို အသုံးပြုကာ ဝယ်ယူမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိုဝင်ဘာလ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။


မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေး အတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် မိမိတို့နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေးအား အထူးသက်သာသောနှုန်းထား

(သို့မဟုတ်) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုပါတယ်။

ပြည်သူများအနေဖြင့် သတိပြုအလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးမှ COVID-19 ကာကွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင်ဝယ်ယူရန်ကြိုးစားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့်

လူထုအတွင်း ရောဂါခုခံကာကွယ်နိုင်မှုပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရရှိနိုင်မည်မှာ ခက်ခဲကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် လက်ရှိရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက်၍ လုပ်ဆောင်ရမည့်အပြင် အရှိန်အဟုန်ကိုလည်း တိုးမြှင့်၍ ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က ထည့်သွင်းပြောကြားပါတယ်။

COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance မှ ထောက်ပံ့ငွေ နှင့် ကမ္ဘာ့ဘဏ်ချေးငွေ တို့ကို အသုံးပြုကာ ဝယ်ယူမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများက COVID-19 ကာကွယ်ဆေးများ ထိုးနှံနိုင်ရန်အတွက်ကိုလည်း စနစ်တကျလမ်းညွှန်ချက်များ အမြန်ဆုံးချမှတ်ကာ

ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုရာတွင် အာနိသင်မပြည့်ဝသည့် ကာကွယ်ဆေးများမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ အပါအဝင် နှီးနွှယ် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ထိုးနှံအသုံးပြုရန် COVID-19

ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုသော (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (FDA) များ မှ တရားဝင်အသိအမှတ်ပြုထားသော (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများမှ အရေးပေါ်သုံးစွဲခွင့် (Emergency use authorization) ရရှိထားသော ကာကွယ်ဆေးများကိုသာ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး အခြားသော အရည်အသွေးနှင့် အာနိသင် အာမခံချက်မရှိသော ကာကွယ်ဆေးများကို လုံးဝအသုံးပြုခွင့် ပေးမည်မဟုတ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုပါတယ်။

လက်ရှိတွင် ကမ္ဘာ့ နိုင်ငံများနှင့် ကုမ္ပဏီအများအပြားမှ လက်တွေ့ စမ်းသပ် သုတေသနပြုမှုပြုလုပ်လျက်ရှိသော COVID-19 ကာကွယ်ဆေးများအနက် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုလမ်းစများ တွေ့ရှိနေသာ ကာကွယ်ဆေးအချို့သည် အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်)

(ultra-cold storage) ဖြင့် ထားရှိရမည်ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် အဆိုပါကာကွယ်ဆေးအား ဝယ်ယူမည်ဆိုပါက အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှုစနစ်ကို ရရှိနိုင်ရေးအတွက် လိုအပ်သည်များကိုလည်း ဝယ်ယူရန် စီစဉ်ဆွေးနွေးလျက်ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်းပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *