မုဆိုးမကြီးတစ်ယောက်၏ မေတ္တာသတ္တိ (ဒီစာလေးဖတ်ရင်းငိုမိတယ်)

မုဆိုးမကြီးတစ်ယောက်၏ မေတ္တာသတ္တိ (ဒီစာလေးဖတ်ရင်းငိုမိတယ်)

သူ့မျက်လုံးတွေထဲမှာ ကမ္ဘာသစ်တခုရှိတယ်၊သူ့စကားသံတွေဟာ သံလိုက်ဓာတ်အပြည့်၊အနူးညံ့ဆုံး ခွန်အားဆိုတာ တက္ကသိုလ်ရိပ်သာလမ်းထဲရောက်ရင်နွေးကနဲခံစားလိုက်ရတဲ့အထိ ကြီးမားတယ်။

အားလုံးရဲ့ မျှော်လင့်ချက်ကအမျိုးသမီးကြီးတယောက်အပေါ်မှာမှီခိုကြရတယ်။မိသားစုတွေ နွေးထွေးနေတဲ့ညတွေတိုင်း ခြံကျယ်ကြီးထဲမှာ နှစ်ပေါင်းများစွာ ဘယ်လို နေခဲ့ပါသလဲလို့မေးကြည့်ချင်လိုက်တာ။

လင်သေ သားဝေးသူ့ခံစားချက်ကို ဘယ်တော့မှ ဖွင့်မဟဘူး။သူဟာ စန္ဒယားတီးရင်း သူဟာ စာဖတ်ရင်း သူဟာ ဝိပဿနာတွေ လုပ်ရင်း သူဟာ ရေဒီယို နားထောင်ရင်းဘဝ စက်ဝိုင်းထဲမှာလည်ပတ် ခြံတံခါးအပေါ်က သံချောင်းတွေကို ခပ်တင်းတင်းကိုင်ရင်း စကားပြောတဲ့ အသံဟာအာဏာရှင်တွေရဲ့ နှလုံးအိမ်ကိုပေါက်ကွဲလုမတတ် ကြောက်ရွံ့ စေတယ်။

သူလျှောက်တဲ့ လမ်းတိုင်းဟာ သမိုင်းတွင်သွားလေ့ရှိတယ်။မျိုးရိုးစဉ်ဆက် သမိုင်းတာဝန်ကျေတဲ့အခါပေးဆပ်မှုတွေများတဲ့ မျက်ဝန်းကို မရိုးသားရင် မကြည့်ရဲကြဘူး သွေးကြောတွေ အပြိုင်းပြိုင်းထနေတဲ့လက်နှစ်ဖက်ကိုဆုပ်ရင်း မိန့်ခွန်းတွေခြွေတဲ့ အခါတိုင်း ရဲရင့်မှုတွေဟာ ကျနော်တို့ သွေးကြောတွေထဲအထိ လာတိုးကြတယ်။

မုဆိုးမကြီးတယောက်ရဲ့ အသက်ရှူသံဟာလေပြည်အေးတွေ ဖြစ်ပါတယ်။မုဆိုးမကြီးတယောက်ရဲ့ပညာဉာဏ်ဟာအမိုက်မှောင်မှ ကယ်တင်မှာဖြစ်ပါတယ်။မုဆိုးမကြီးတယောက်ရဲ့ထမီခတ်သံဟာအနာဂတ်တွေ လှပဖို့ အမြိုက်တေးဖြစ်ပါတယ်… ။

အသက်ရှည်ပေးပါ၊ကျန်းမာပေးပါ၊ကျနော်တို့ အနာဂတ်ပါ၊ကျနော်တို့ နိုင်ငံရဲ့ ပြယုဂ်ပါ၊ကျနော်တို့ ရဲရင့်မှုရဲ့ မူလဇစ်မြစ်ပါ၊ကျနော်တို့ အားလုံးကမုဆိုးမကြီးတယောက်ရဲ့( မတ်တောတရား နဲ့ သတ်တိကို )မီးရှူးတန်ဆောင်ကဲ့သို့သဘောထားပြီး အမှောင်ညတွေထဲကရုန်းထနေကြရတာပါ။

Credit ညိုမောင်

Photo-CREDIT Via Kyaw Swar Myint

Leave a Reply

Your email address will not be published. Required fields are marked *