သားဖြစ်သူရဲ့ အသုဘမှာ တွေ့ခဲ့တဲ့ ကောင်လေးနဲ့ လက်ထပ်ခဲ့တဲ့ (၇၂) အရွယ်အမျိုးသမီး
အသက် (၇၂) အရွယ် အမျိုးသမီးကြီး တစ်ဦးဟာ သားဖြစ်သူရဲ့ ဈာပနမှာ ဆုံခဲ့တဲ့ (၁၉) နှစ်သား ကောင်လေးနဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။(၂၀၁၆) ခုနှစ်ထဲမှာ Almeda နဲ့ Gary Hardwick တို့ဟာ ပထမဆုံး ဆုံတွေ့ပြီးတဲ့နောက် နှစ်ပတ်အကြာမှာပဲ လက်ထပ်ခဲ့ကြပါတယ်။ Almeda အမျိုးသားက ကွယ်လွန်သွားပြီ ဖြစ်ပြီး အရင် အိမ်ထောင်သက်တမ်းက (၄၃) နှစ်တောင်ရှိခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုတွေ့တဲ့ ပါတနာ အသစ်ကို သူမက ဝိညာဉ်ဖက်လို့တောင် မှတ်ယူထားပါတယ်။ သူတို့ရဲ့ rs ကို လျှပ်တစ်ပြက် အချစ်လို့တောင် ညွှန်းဆိုခဲ့ပါတယ်။Almeda ရဲ့ သားဖြစ်သူ Robert ဟာ အသက် (၄၅) နှစ်ရွယ်အရောက်မှာ လေဖြတ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ သားဖြစ်သူရဲ့ အသုဘမှာ အမေက အခုလိုပဲ အချစ်သစ်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သူမက အရင် အိမ်ထောင်သက် (၄၃) နှစ်အတွင်းမှာ အနမ်းတွေ၊ အပွေ့အဖက်တွေ သိပ်မရှိခဲ့လို ချစ်ကြည်နူးဖွယ်ရာလည်း သိပ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခု ချစ်ခြင်းကတော့ အလွန်လျင်မြန်တဲ့ အချစ်ပါတဲ့။ သူတို့နှစ်ယောက်ဟာ အမြဲ တစ်ယောက်နဲ့ တစ်ယောက် ဆုမွန်ကောင်းတွေ တောင်းပေးကြပြီး အနမ်းတွေပေးကြတယ်လို့ ဆိုပါတယ်။
အခု အချစ်ရေးကို ပျော်ရွှင်ကြည်နူးရသလို ကိုယ်နဲ့ လိုက်ဖက်ပြည့်စုံတဲ့ သူနဲ့ တွေ့တဲ့အခါ ဒီလို ခံစားမှုမျိုးကို မဆုံးရှုံးချင်တော့ဘူးလို့လဲပြောပါတယ်။ဒီစုံတွဲဟာ သူ့တို့နှစ်ယောက်ရဲ့ ပထမဆုံး မင်္ဂလာဦးည အတွေ့အကြုံကိုလည်း ထုတ်ဖော်ပြောပြခဲ့ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ထူးခြားတဲ့ ချစ်သူတွေလို့ ညွှန်းဖွဲ့ခဲ့ကြပါတယ်။
“တကယ်ကို ထူးခြားပါတယ်…. စိတ်ကူးထားတာတွေ ထက်တောင် ကျော်လွန်နေပါတယ်။ သူမက ကျွန်တော့် စိတ်ကူးထဲက အမျိုးသမီး အစစ်ပါပဲ။ ကျွန်တော်တို့ရဲ့ အချစ်ရေးက ရုပ်ပိုင်းဆိုင်ရာ အရတော့ အခုထက်ပိုပြီး ကောင်းနိုင်မှာတော့ မဟုတ်ဘူး” ဆိုပြီး Gary က ပြောပြထားပါတယ်။
သူတို့က နေ့တိုင်း အသေးအဖွဲလေးက အစ အပြန်အလှန်ကူညီကြတယ်၊ ညစာလုပ်ပေးတယ်၊ စားစရာပြင်ဆင်ပေးတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးတွေကို ချီးမွမ်းကြတယ်။ဟင်းချက်ကျွေးတယ်၊ ပန်းကန် ဆေးပေးတယ်၊ ဒါကြောင့် ကောင်လေးကို အမြဲ ကျေးဇူးတင်ကြောင်း၊ နေ့တိုင်း အချစ်တွေကိုလည်း ပြသကြောင်း၊ မနက်ဖြန်ဆိုတာအတွက်တော့ ကတိကဝတ်တွေ ပြုမထားကြကြောင်းလည်း Almeda ကပြောပါတယ်။
Alemda နဲ့ မတွေ့ခင်တုန်းက Gary ဟာ အသက် (၇၇) နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်နဲ့ ဇာတ်လမ်းရှိခဲ့ဖူးပါသေးတယ်။ အဲ့ဒီ့တုန်းက သူခများ မပျော်မရွှင်နဲ့ ထောင်ချောက်မိနေသလို ခံစားနေရခဲ့ကြောင်း ပြောပါတယ်။Gary ရဲ့ အဒေါ် Lisa ဟာ Almeda ရဲ့ သား Robert ရဲ့ ဇနီးဖြစ်ပြီး အသုဘမှာကို တက်ရောက်ဖို့ တူဖြစ်သူကို ဖိတ်ခဲ့တာကနေ အခုလို ဇာတ်လမ်းတွေစခဲ့တာပါ။
သူတို့နှစ်ယောက်ဟာ ဘုရားကျောင်းမှာ စတင်တွေ့ဆုံခဲ့ပြီး သိကျွမ်းခဲ့ကြတယ်။ အဲ့ဒီကတည်းက Almeda က ရင်ခုန်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ နောက် စားသောက်ဆိုင်မှာ ထပ် ချိန်းကြတော့လည်း “ငါက (၇၁) နှစ် မင်းက (၁၇)။ မင်းအတွက် အရမ်းများ အသက်ကြီးနေမလား” ဆိုပြီးမေးတော့ Gary က လက်ကို ဆုပ်ကိုင်ပြီး “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတွေရယ်ပါ” လို့ ဆိုခဲ့ပါသတဲ့။
Gary ရဲ့ အမေဟာ အခု အသက် (၄၈) နှစ်ရှိပြီဖြစ်ပြီး အဖွားကတော့ (၇၁) နှစ်ရှိပါပြီ။ အောက်တိုဘာ (၂၀၁၆) ခုနှစ်မှာ မင်္ဂလာပွဲကျင်းပခဲ့ပြီး အမေနဲ့ အဖွား နှစ်ယောက်လုံးကလည်း ဒီစုံတွဲအပေါ် ကောင်းချီးပေးခဲ့ကြပါတယ်။ Gary က သူရဲ့ ရင်ဘက်ပေါ်မှာ Almeda ရဲ့ နာမည်ကို တက်တူးတောင်ထိုးထားပါတယ်။
Ref: Unilad
Credit:Matthew (ShweMOM)