အနုပညာသမားတွေ ဈေးရောင်းနေရတာနဲ့ပတ်သတ်လို့ ရင်ဖွင်လာတဲ့ သရုပ်ဆောင် နေရဲလင်း

အနုပညာသမားတွေ ဈေးရောင်းနေရတာနဲ့ပတ်သတ်လို့ ရင်ဖွင်လာတဲ့ သရုပ်ဆောင် နေရဲလင်း

လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကမ္ဘာကပ်ရောကြီးကြောင့် လူမှုရေး စီးပွားရေးကျပ်တည်လာမှုအပေါ် အနုပညာသမားများ လက်ရှိရပ်တည်နေရတဲ့အပေါ်အခုလိုပဲ Intrenet ပေါ်မှာ ရင်ဖွင့်လာတဲ့ နေရဲလင်း

ကျေးဇူးပြုပီးဆုံးအောင်ဖတ်ပေးပါ

အနုပညာသမားတွေဈေးရောင်းနေကြတယ်လိုင်းပေါ်မှာကော အပြင်မှာပါ အနုပညာသမားတွေtaxiမောင်းနေကြတယ် ဆိုက်ကားနင်းနေတယ် ကြုံရာအလုပ် နီးစပ်ရာအလုပ်တွေကိုသမာအာဇီဝကျကျလုပ်နေကြပါတယ်

ဝမ်းစာရေးအတွက် မရှက်မကြောက်လုပ်နေကြတာကို ပရိသတ်အားလုံးမြင်ကြမှာပါ နာမည်အရမ်းကြီးသူတွေအတွက် တရက်အတွင်းမှာဈေးရေါင်းတဲ့အမြတ်သိန်းရာကျော်ရကြမှာပါ

ကံခြင်းအောင်မြင်မှု့ခြင်းမတူဘူးလေသို့သော်လည်း ပျော်သလားမေးကြည့်ပါ ပျော်လို့ဝါသနာပါလို့လုပ်နေကြတာမဟုတ်ပါ

လက်ရှိဖြစ်ပျက်နေသော covid အခြေအနေ နိုင်ငံရေးအခြေအနေတွေအားလုံးတည်ငြိမ်မှု့ကိုစောင့်ပြီး အနုပညာအလုပ်တွေကိုလုပ်ချင်လို့ အံကြိတ် မန်တင်းပီးကြုံရာအလုပ်ကိုလုပ်ပီးစောင့်နေကြတာပါ

အနုပညာအလုပ်က သူဌေးကြီးမဖြစ်ဘူး ဆိုတာအနုပညာသမားတိုင်းသိပါတယ် လက်ရှိsuper အနုပညာရှင်တွေလဲ သူဌေးကြီးတွေမဟုတ်ကြပါဘူး

ကျတော်တို့လို စူပါမဟုတ်သူတွေ တခြား ဇာတ်ပို့သရုပ်ဆောင် တေးဆို ဇာတ်သဘင် မင်းသား လူရွှင်တော် မင်းသမီးတွေ တခြားနယ်ပယ်အသီးသီးမှ စက်မှု့ လက်မှု့ပညာရှင် အနုပညာသမားတွေ ကြုံဝမ်းစာရေးအတွက် လုပ်ကိုင်နေကြတယ်

ဝမ်းရေအတွက် ဘာလုပ်လုပ် ထမင်းမငတ်ပါဘူး ဝမ်းရေးအတွက် ထောက်ပန့်မှု့မယူဘဲလဲရုန်းကန်ရှာဖွေစားသောက်နိုင်ပါတယ် သို့ပေမယ့် မပျော်ဘူးဗျ စီးပွားရေး ရောင်းဝယ်မှု့ကိုကြိုးစားလုပ်ကိုင်ရင် သူဌေးမဟုတ်တောင် ချမ်းသာသူဖြစ်နိုင်ပါသေးတယ်

အခုမပျော်ဘူးလေ. နီးစပ်ရာအမှီကောင်းကြောင့် စီးပွားဖြစ်နေကြသော အနုပညာရှင်များကော ကိုယ့်ဝမ်းရေးအစဉ်ပြေပေမယ့် အစဉ်မပြေ အခြေခံစီးပွားမရှိကြသော အနုပညာသမားများ ရှိတာများနေသည့်အတွက် ပျော်လား မပျော်ပါဘူးလို့ကျနော်ထင်တယ်

ဘဝတစ်ခုလုံးကို အနုပညာ အလုပ်နဲ့ မချမ်းသာလဲနေ သေသည်အထိရပ်တည်မယ်ဆိုသော ခံယူချက်ရှိသူတွေ အများကြီးဗျ အမှီကောင်းရရေး စီးပွားဖြစ်ရေး ဦးတည်လျှောက်လှမ်း နေတာက

အနုပညာရှင်အမည်ခံပေမယ့် အောင်မြင်ကျော်ကြားပေမယ့် အနုပညာသမားစစ်စစ် မဖြစ်ဘူးဆိုတာကို ကျနော် ဒီနေ့ မြင်တွေ့ခဲ့ရပါသည်

covid ကိုအံတုပြီး ဝမ်းရေးကိုကြိုးစားရုန်းကန်ရင်း အနုပညာအတွက် ကျရာနေရာ သရုပ်ဆောင်လို့ သေသည်အထိ အနုပညာနဲ့ ချစ်သောပရိသတ်အတွက် နေထိုင်ရပ်တည်ပီးအနုပညာကိုတန်ဘိုးထားရပ်တည်သွားမယ်ဗျာ အနုပညာကိုတန်ဘိုးထားချစ်တာ အောင်မြင်သော အနုပညာသမားမှမဟုတ်ဘဲ လု့လောကနယ်ပယ်အသီးသီးမှာရှိနေကြပါတယ်

အောင်မြင်ကြော်ကြားလူသိများသောအနုပညာရှင်များနှင့် အနုပညာကိုတန်ဘိုးထားသောသူများအားလုံးရဲ့ covid ကြီးမြန်မြန်ပပျောက်ပါစေ

မြန်မာနိုင်ငံ မြန်မာလူမျိုးတို့ရဲ့ ရိုးရာမပျက်တဲ့ဒို့မြေက ရိုးရာပွဲတွေအမြန်ဆုံး ကျင်းပနိုင်ပါစေ ဆိုသော ရင်ထဲကအသံတွေကိုကြားနေရပါတယ်ဗျာ

အားလုံးကျမ္မာချမ်းသာပီးcovid!9ဆိုတာကြီးအမြန်ပပျောက်ပါစေ

နေရဲလင်း(FB)
Via-Chit Min Thu (MLM)

Leave a Reply

Your email address will not be published. Required fields are marked *