“အောင်ဆန်းစုကြည်” ဆိုတဲ့ဒီအမည်ကို ဘယ်သူ ပေး ခဲ့သလဲ? ဆိုတာ

“အောင်ဆန်းစုကြည်” ဆိုတဲ့ဒီအမည်ကို ဘယ်သူ ပေး ခဲ့သလဲ? ဆိုတာ

၁၉၄၅ ခုနွစ်၊ ဇွန်လ၏ တစ်နေ့သော နေ့ရက် ဗိုလ်ချုပ်နေထိုင်ရာ တာဝါလိန်းလမ်း အိမ်ကြီး၌ ခလေးငိုသံ လေး ပျံ့လွင့်နေ၏။ထိုအချိန်တွင် ဗိုလ်ချုပ် စီးတော်ယာဉ် ဝူစလေကား (RC-2874) ခြံဝင်းအတွင်းသို့ အပါးတော်မြဲ ဗိုလ်ထွန်းလှ မောင်းနှင်၍ ဝင်လာ၏။အိမ်အဝင် လှေခါးရင်းရောက်သော် ကားရပ်၍ နောက်ခန်းမှ ဗိုလ်ချုပ် ဆင်းလာပြီး ထုံးစံအတိုင်း ခြေလှမ်းအသွက်နှင့် တက်သွား၏။

ဗိုလ်ချုပ် မျက်နှာမှာမူ ခါတိုင်းလို သုန်မှုန် တွေးတောနေပုံမျိုး မဟုတ်၊ လိုချင်တာရလာ၍ ပီတိဖြစ်နေ သ ကဲ့သို့ ရှိ၏။အိမ်ကြီး၏ အောက်ထပ် ဝရံတာတွင် သားတော်မောင် အောင်ဆန်းဦးနှင့် အောင်ဆန်းလင်း တို့ကို တပည့်များက ထိန်းကျောင်းကာ စက်ဘီးစီးလျက် ဆော့ကစား နေကြ၏။

“ငါ့သားတွေ ကစားနေကြတာကိုး…အေး—-အေး—- ကစားကြ။ ဖေဖေ သားတို့ ညီမလေးဆီ သွားလိုက်ဦးမယ်” ဟု ဆိုကာ သားနှစ်ယောက်၏ ဦးခေါင်းကို ဖွဖွကလေးပုတ်ကာ အိမ်ထဲသို့ဝင် အပေါ်ထပ်သို့ အပြေး တစ်ပိုင်း တက်သွားလေ၏။

အိပ်ခန်းအတွင်းတွင် ဒေါ်ခင်ကြည်သည်သမီးကလေးမွေးဖွားပြီးစ ရက်ပိုင်းသာရှိသေး၍ ဦးခေါင်းကို အနှီးပတ်ပေါင်းကာ သမီးကိုပုခက်အတွင်း သိပ်ပြီး၍ ဗိုလ်ချုပ်ဝင်လာတာကို မြင်သော်“မောင် ဒီနေ့ ပြန်လာတာ.. စောတယ်နော်” “အေးကွာ ငါ့သမီးနာမည် စဉ်းစားရလို့ စောပြန်လာတာ” “မောင်ကလဲ သမီးက ရက်သားလေးပဲရှိသေးတာကိုနောက်မှ အေးအေးဆေးဆေး ပေးရင်လည်း ရရဲ့သားနဲ့”

(ပြောရင်းဆိုရင်း ဗိုလ်ချုပ်၏ အပေါ်ဝတ် စစ်ယူနီ ဖောင်းကိုချွတ်၊ လက်စွဲအိတ်ကိုယူကာ ပြော၏) “ကဲ ပြောပါဦး–သမီးအမည်က ဘာတဲ့လဲ”

“အောင်ဆန်းစုကြည်”

(သမီးကလေးသည် ပုခက်တွင်း အိပ်ပျော်ခါစ ပြုံးသယောင်ရှိနေလေ၏) ယနေ့ (၁၉.၆.၂၀၂၀) တွင် ကျရောက်သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၅) နှစ်ပြည့် မွေးနေ့အမှတ်တရ

AungSanMovie အောင်ဆန်းရုပ်ရှင်

Leave a Reply

Your email address will not be published. Required fields are marked *