႐ုတ္တရက္ႏွလုံးေဖာက္ခဲ့တဲ့ မာရာဒိုနာကုိ အသက္ကယ္ကုသမႈေတြ မလုပ္ခဲ့ၾကဟု သတင္းထြက္ေပၚ

႐ုတ္တရက္ႏွလုံးေဖာက္ၿပီး ေနအိမ္မွာ ကြယ္လြန္သြားခဲ့တဲ့ အာဂ်င္တီးနား ဂႏၴဝင္ေဘာလုံးသမားႀကီး မာရာဒိုနာဟာ သူေသဆုံးၿပီလို႔ မေၾကညာခင္ (၁၂) နာရီေလာက္အထိ အသက္ကယ္ကုသမႈေတြ မခံခဲ့ရဘူးလို႔ မာရာဒိုနာရဲ႕ေရွ႕ေနက ေျပာလိုက္ပါတယ္။


မာရာဒိုနာဟာ ဦးေႏွာက္ထဲမွာ ေသြးႀကိတ္တည္တာကို ခြဲစိတ္ကုသမႈ ေအာင္ျမင္ခဲ့ေပမဲ့ အရက္စြဲေဝဒနာကို ေနအိမ္မွာေစာင္ၾကည့္ကုသေနတုန္း အိပ္ယာဝင္သြားတာကေန ေသဆုံးခဲ့တာလို႔ သတင္းေတြက ဆိုပါတယ္။

“ကြၽန္ေတာ့္သူငယ္ခ်င္းဟာ ေသဆုံးၿပီလို႔ မေၾကညာခင္အထိ (၁၂) နာရီ လုံးလုံး ကယ္ဆယ္ကုသမႈ မလုပ္ခံခဲ့ရဘူး။ ေဆး႐ုံကားနဲ႔ေခၚသြားၿပီး နာရီဝက္ၾကာမွ ေသဆုံးေၾကာင္း သိရတာမျဖစ္သင့္ဘူး။” လို႔ မာရာဒိုနာရဲ႕ ေရွ႕ေန ေမာ္လာက ေျပာပါတယ္။ဒါ့အျပင္ မာရာဒိုနာေသဆုံးခဲ့တာနဲ႔ ပတ္သက္ၿပီး ေသမႈေသခင္းကို ဆက္ၿပီး စုံစမ္းအေျဖထုတ္ႏိုင္ဖို႔ ႐ုပ္အေလာင္းဆီကေန အသားစနမူနာယူခဲ့တယ္လို႔လည္း သိရပါတယ္။

မာရာဒိုနာကို ေနာက္ဆုံးအေနနဲ႔ ၾကည့္ရႈဂုဏ္ျပဳခ်င္တဲ့ အာဂ်င္တီးနားျပည္သူေတြက သူ႔ရဲ႕႐ုပ္အေလာင္းထားရွိတဲ့ သမၼတအိမ္ေတာ္ကေန ဘ႐ူႏိုေအးရိၿမိဳ႕ျပင္မွာရွိတဲ့ ဘယ္လာဗစၥတာ သခ်ႋဳင္းဆီကို သယ္ေဆာင္ရာလမ္းတစ္ေလွ်ာက္ လူသိန္းခ်ီၿပီးဂုဏ္ျပဳ ပို႔ေဆာင္ခဲ့ၾကပါတယ္။

အသက္ (၆၀) အ႐ြယ္မွာ ကြယ္လြန္ခဲ့တဲ့ မာရာဒိုနာရဲ႕အသုဘကို ႏိုင္ငံေတာ္အဆင့္ ဝမ္းနည္းေအာက္ေမ့ဖြယ္ အခမ္းအနားအေနနဲ႔ သုံးရက္က်င္းပဖို႔ ႏိုင္ငံေတာ္သမၼတက ထုတ္ျပန္ခဲ့ရာမွာ သူ႔ရဲ႕႐ုပ္အေလာင္းကို ေနာက္ဆုံးျမင္ခ်င္တဲ့ ပရိသတ္ေတြက တိုးေဝွ႔ရန္ရွာခဲ့ၾကလို႔ ရဲတပ္ဖြဲ႕က အင္အားအလုံးအရင္းနဲ႔ ထိန္းသိမ္းခဲ့ရပါတယ္။

Unicode

ရုတ်တရက်နှလုံးဖောက်ခဲ့တဲ့ မာရာဒိုနာကို အသက်ကယ်ကုသမှုတွေ မလုပ်ခဲ့ကြဟု သတင်းထွက်ပေါ်

ရုတ်တရက်နှလုံးဖောက်ပြီး နေအိမ်မှာ ကွယ်လွန်သွားခဲ့တဲ့ အာဂျင်တီးနား ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာဟာ သူသေဆုံးပြီလို့ မကြေညာခင် (၁၂) နာရီလောက်အထိ အသက်ကယ်ကုသမှုတွေ မခံခဲ့ရဘူးလို့ မာရာဒိုနာရဲ့ရှေ့နေက ပြောလိုက်ပါတယ်။

မာရာဒိုနာဟာ ဦးနှောက်ထဲမှာ သွေးကြိတ်တည်တာကို ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပေမဲ့ အရက်စွဲဝေဒနာကို နေအိမ်မှာစောင်ကြည့်ကုသနေတုန်း အိပ်ယာဝင်သွားတာကနေ သေဆုံးခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

“ကျွန်တော့်သူငယ်ချင်းဟာ သေဆုံးပြီလို့ မကြေညာခင်အထိ (၁၂) နာရီ လုံးလုံး ကယ်ဆယ်ကုသမှု မလုပ်ခံခဲ့ရဘူး။ ဆေးရုံကားနဲ့ခေါ်သွားပြီး နာရီဝက်ကြာမှ သေဆုံးကြောင်း သိရတာမဖြစ်သင့်ဘူး။” လို့ မာရာဒိုနာရဲ့ ရှေ့နေ မော်လာက ပြောပါတယ်။ဒါ့အပြင် မာရာဒိုနာသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သေမှုသေခင်းကို ဆက်ပြီး စုံစမ်းအဖြေထုတ်နိုင်ဖို့ ရုပ်အလောင်းဆီကနေ အသားစနမူနာယူခဲ့တယ်လို့လည်း သိရပါတယ်။

မာရာဒိုနာကို နောက်ဆုံးအနေနဲ့ ကြည့်ရှုဂုဏ်ပြုချင်တဲ့ အာဂျင်တီးနားပြည်သူတွေက သူ့ရဲ့ရုပ်အလောင်းထားရှိတဲ့ သမ္မတအိမ်တော်ကနေ ဘရူနိုအေးရိမြို့ပြင်မှာရှိတဲ့ ဘယ်လာဗစ္စတာ သင်္ချိုင်းဆီကို သယ်ဆောင်ရာလမ်းတစ်လျှောက် လူသိန်းချီပြီးဂုဏ်ပြု ပို့ဆောင်ခဲ့ကြပါတယ်။

အသက် (၆၀) အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ မာရာဒိုနာရဲ့အသုဘကို နိုင်ငံတော်အဆင့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားအနေနဲ့ သုံးရက်ကျင်းပဖို့ နိုင်ငံတော်သမ္မတက ထုတ်ပြန်ခဲ့ရာမှာ သူ့ရဲ့ရုပ်အလောင်းကို နောက်ဆုံးမြင်ချင်တဲ့ ပရိသတ်တွေက တိုးဝှေ့ရန်ရှာခဲ့ကြလို့ ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ထိန်းသိမ်းခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *