အမေပြောတဲ့ ကျွန်မငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာ တစ်ပုဒ်ပါ။
အင်္ဂလိပ်ဘာသာကပြန်ထားတဲ့ကဗျာပဲ။ လူငယ်များနဲ့ အင်မတန်မှ စပ်ဟပ်တယ်လို့ ကျွန်မထင်ပါတယ်´ ။
ကဗျာကတော့-
” ကျွန်ုပ်ကို ယုံသောသူများကြောင့် ဖြောင့်မတ်မည်။
ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။
ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနဲ့ပြည့်မည်။
ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်။
မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။
ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်။
ခွန်အားနည်းကြောင်းသိလျက် စိတ်နှိမ်ချမည်။
ရွှင်လန်းချစ်ခင်မော်ကြည့်လျက် ထူးပင့်မည်” တဲ့ ။
“ပြောတဲ့ကိစ္စအားလုံးဟာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ဖြစ်ရမယ်။
ဒီလိုလုပ်မှပဲ ကိုယ့်အပေါ်မှာ ယုံကြည်တဲ့သူတွေရဲ့ ယုံကြည်ချက်ဟာ မပျက်သွားဘူး”
#ဒေါ်အောင်ဆန်းစုကြည်
Credit T Win