ရင္ထဲ ထိလြန္းတဲ့ စာ ႏွလုံးသားနဲ႔ ဖတ္ပါ မ်က္ရည္ပါ က်ရတဲ့ စာပါ

ရင္ထဲ ထိလြန္းတဲ့ စာ ႏွလုံးသားနဲ႔ ဖတ္ပါ
မ်က္ရည္ပါ က်ရတဲ့ စာပါ

ဤျဖစ္ရပ္မွန္ေၾကာင့္ ရဲ ရဲမိသားစုေတြရဲ့ ေထာက္ခံမူ႔ေၾကာင့္၂၀၂၀ ေရြးေကာက္ပြဲႀကီးမွာ NLD ဝက္ဝက္ကြဲျပည္လုံးကၽြတ္ အနိုင္ရရွိခဲ့ပါသည္

ဘာကြာသြားလို့လည္း မေမးနဲ႔

ဓမၼနဲ႔ အဓမၼ အဲတာကြာတာပဲ

သမီးေရ

တို့ရဲတပ္ရင္းက သင္တန္းဆင္းပြဲကို ေဒၚေအာင္ဆန္းစုၾကည္ လာမယ္ဆိုပါလားေအ့အေမသြားၾကည့္ျခင္လိုက္တာေအ

အေမတို့ဆိုတာေလ က်န္းမာေရးကလဲေကာင္းတာဟုတ္ဘူး အေမ့သားက ရဲဝန္ထမ္းေနာ္အေမ သတိလဲထားဦး

ဟဲ့ ဒါနဲ႔ေအ

သူတို့အစိုးရျဖစ္ေနၿပီမဟုတ္လားေအ့

ဪအေမရယ္

ေျပာရတာမဟုတ္ဘူးေလ

အဘေတြ ေျပာထားတယ္မဟုတ္လား

-ု လားမတဲ့ လာရွုပ္ေနတာတဲ့ သူတို့နိုင္ရင္ ကုလားျပည္ျဖစ္မွာတဲ့သြားမလုပ္နဲ႔ အလုပ္ျပဳတ္သြားပါဦးမယ္အေမ ရယ္

ညီးကလဲေအ ခုသူတို့အုပ္ခ်ဳပ္ေနၿပီပဲ ကုလားျပည္လဲျဖစ္တယ္ မၾကား ပါဘူး

ကဲပါအေမရယ္သမီးေတာင္းပန္ပါတယ္
သူလဲ အရင္လူႀကီးေတြလိုပဲ စားေသာက္ၿပီး ယူစရာရွိတာကိုယူၿပီးျပန္မွာပဲ

ေအးေအးေဆးေဆးေနပါေတာ့ အဘေတြ ေျပာထားၿပီးကတဲက သမီးေတာ့ အထင္ကိုမႀကီးေတာ့တာ

သမီးတို့လိုေအာက္ေျခဝန္ထမ္း လူတန္းစားေတြကို သူကေကာ ဘယ္မွာအေရးစိုက္မွာလဲ အေမ ရာ

က်မတို့သားအမိေျပာေနတုန္းမွာပဲ ဘဝတူ
သူငယ္ခ်င္းက အိမ္ေရွ႕ကေန လွမ္းေအာ္ေျပာလို့ ရင္ထဲ ဒိန္းကနဲျဖစ္သြားတယ္

ေဟ့ေဟ့ ေဒၚေအာင္ဆန္းစုၾကည္ကတို့ရဲ့လိုင္းခန္းေတြကိုလာၾကည့္မယ္တဲ့ ထြက္ၾကေတေရ တဲ့

ဟုတ္ေကာဟုတ္ပါ့မလားဆိုတဲ့ အေတြးနဲ႔
ကဲအေမေရ အေမေတြ႕ခ်င္တဲ့သူလာမယ္ဆိုပါလား

 

ေအးေအးဆိုၿပီး သားကေလးေကာက္ခ်ီ
အိမ္ေအာက္ေရာက္လို့မွ မၾကာပါဘူးရွင္
သူတို့လာေနတာကို ေတြ႕လိုက္ရတာပါပဲ

အို…..ေဒၚေအာင္ဆန္းစုၾကည္

ေဒၚေအာင္ဆန္းစုၾကည္

မာနႀကီးတခြဲသားနဲ႔ မ်က္ႏွာထားႀကီးနဲ႔ေတြ႕ရမယ္ထင္ထားတဲ့ က်မ

မ်က္ႏွာေလးက ၾကည္ေနတာပဲရွင္

က်မတို့ကိုသူ႔မိသားစုလိုပဲ ျပဳံးၿပီး ႏွုတ္ဆက္‌ေနတာ

က်မရင္ထဲမွာဘယ္လိုျဖစ္သြားလဲ မသိေတာ့ဘူး

သူ႔ရဲ့ေမတၱာတရားေတြကက်မကို ကူးစက် လာသလားမသိပါဘူး ရင္ထဲေအးသြားတာပဲရွင္

ဒါနဲ႔အသာၾကည့္ေနလိုက္တယ္ ေအာက္ကေနၿပီးဟိုၾကည့္ ဒီၾကည့္နဲ႔ ၿပီးသြားမယ္ထင္ေနမိတုန္း

အခန္းေတြအေပၚကိုတက္ၾကည့္မယ္လုပ္ပါေရာ

ေနာက္ကလူႀကီးေတြက အန္တီ ဖိနပ္မခၽြတ္ပါနဲ႔တဲ့

သူမက ဟာ ဘယ္ဟုတ္မလဲတဲ့ ေနအိမ္ဆိုတာဘယ္ေလာက္စုတ္စုတ္တဲ့ေနတဲ့သူေတြအတြက္ေတာ့ အထြဋ္အျမတ္ပဲဆိုၿပီး ဖိနပ္ကေလးခၽြတ္

အခန္းေတြကိုေသေသခ်ာခ်ာကိုလိုက္ၾကည့္ေတာ့တာေလ

သူမေျပာတဲ့စကားက်မ နားထဲၾကားလိုက္တဲ့ခဏ

မယုံၾကည္နိုင္ေလာက္ေအာင္ပါပဲ

လိုက္ၾကည့္ေနတဲ့သူမရဲ့မ်က္ႏွာဟာလဲ
စိတ္မေကာင္းျဖစ္ၿပီးသနားေနတဲ့အသြင္ဟာ
ဖြင့္မေျပာလဲက်မနားလည္မိပါေတာ့တယ္

ၾကည့္ၿပီးလို့ျပန္ဆင္းလာတဲ့အခါမွာေတာ့
က်မတို့ကိုတစ္ေယာက္ခ်င္းႏွုတ္ဆက္အားေပးစကားေတြေျပာလာခ်ိန္မွာေတာ့

က်မ. က်မဘယ္လိုမွအားတင္းထားလို့မရေတာ့ပါဘူး

ရင္ထဲကေနတလွိုက္လွိုက္ျဖစ္လာၿပီးေတာ့
မ်က္လုံးကမ်က္ရည္ေတြဟာသူ႔အလိုလိုကို စီးက်လာပါေတာ့တယ္

သူမကိုက်မျပစ္မွားမိခဲ့တာေတြအထင္အျမင္ မွားမိခဲ့တာေတြကိုက်မဦးခ်ကေတာ့မွျဖစ္ေတာ့မွာပါေတြးမိတဲ့ခဏအေမစု က်မေရွ႕ေရာက္တဲ့အခ်ိန္မွာေတာ့ဒူးေခြက်ၿပီး ရွိခိုးေတာင္းပန္ၿပီးသားကိုျဖစ္ေနပါေတာ့တယ္

အိုသမီးေလးဘာလုပ္တာလဲ မဟုတ္တာကြယ္ ထပါ ထပါဆိုတဲ့ ဂရုဏာသံနဲ့အတူ
သူမလက္နဲ႔တြဲထူလိုက္တဲ့ခဏမွာေတာ့ က်မပါတ္ဝန္းက်င္ကိုေမ့ၿပီး ငိုခ်လိုက္မိပါေတာ့တယ္ရွင္

က်န္းမာေရးမေကာင္းတဲ့ က်မအေမကိုလည္းႏွစ္သိမ့္အားေပးေနခ်ိန္မွာေတာ့

က်မရင္ထဲမွာခိုင္မာတဲ့အေတြးကိုေတြးမိပါတယ္။

က်မတို့ရဲ့ဘဝေတြကို ကယ္တင္နိုင္မည့္သူဟာဒီေမတၱာရွင္ အေမအိုမွလြဲၿပီး ဘယ္သူမွရွိမွာမဟုတ္ဘူးဆိုတာကိုေပါ့ရွင္

ဒါေၾကာင့္ က်မတို့ ဝန္ထမ္း သားမယားေတြ
အားလုံးက ေမတၱာရွင္ အေမအိုရွိေနတဲ့ NLD ပါတီကိုပဲ မဲထည့္ခဲ့ၾကတာေပါ့

ခင္ မိုးေျပး

 
ရင်ထဲ ထိလွန်းတဲ့ စာ နှလုံးသားနဲ့ ဖတ်ပါ
မျက်ရည်ပါ ကျရတဲ့ စာပါ

ဤဖြစ်ရပ်မှန်ကြောင့် ရဲ ရဲမိသားစုတွေရဲ့ ထောက်ခံမူ့ကြောင့်၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ဝက်ဝက်ကွဲပြည်လုံးကျွတ် အနိုင်ရရှိခဲ့ပါသည်

ဘာကွာသွားလို့လည်း မမေးနဲ့

ဓမ္မနဲ့ အဓမ္မ အဲတာကွာတာပဲ

သမီးရေ

တို့ရဲတပ်ရင်းက သင်တန်းဆင်းပွဲကို ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုပါလားအေ့အမေသွားကြည့်ခြင်လိုက်တာအေ

အမေတို့ဆိုတာလေ ကျန်းမာရေးကလဲကောင်းတာဟုတ်ဘူး အမေ့သားက ရဲဝန်ထမ်းနော်အမေ သတိလဲထားဦး

ဟဲ့ ဒါနဲ့အေ

သူတို့အစိုးရဖြစ်နေပြီမဟုတ်လားအေ့

ဪအမေရယ်

ပြောရတာမဟုတ်ဘူးလေ

အဘတွေ ပြောထားတယ်မဟုတ်လား

-ု လားမတဲ့ လာရှုပ်နေတာတဲ့ သူတို့နိုင်ရင် ကုလားပြည်ဖြစ်မှာတဲ့သွားမလုပ်နဲ့ အလုပ်ပြုတ်သွားပါဦးမယ်အမေ ရယ်

ညီးကလဲအေ ခုသူတို့အုပ်ချုပ်နေပြီပဲ ကုလားပြည်လဲဖြစ်တယ် မကြား ပါဘူး

ကဲပါအမေရယ်သမီးတောင်းပန်ပါတယ်
သူလဲ အရင်လူကြီးတွေလိုပဲ စားသောက်ပြီး ယူစရာရှိတာကိုယူပြီးပြန်မှာပဲ

အေးအေးဆေးဆေးနေပါတော့ အဘတွေ ပြောထားပြီးကတဲက သမီးတော့ အထင်ကိုမကြီးတော့တာ

သမီးတို့လိုအောက်ခြေဝန်ထမ်း လူတန်းစားတွေကို သူကကော ဘယ်မှာအရေးစိုက်မှာလဲ အမေ ရာ

ကျမတို့သားအမိပြောနေတုန်းမှာပဲ ဘဝတူ
သူငယ်ချင်းက အိမ်ရှေ့ကနေ လှမ်းအော်ပြောလို့ ရင်ထဲ ဒိန်းကနဲဖြစ်သွားတယ်

ဟေ့ဟေ့ ဒေါ်အောင်ဆန်းစုကြည်ကတို့ရဲ့လိုင်းခန်းတွေကိုလာကြည့်မယ်တဲ့ ထွက်ကြတော်‌ရေ တဲ့

ဟုတ်ကောဟုတ်ပါ့မလားဆိုတဲ့ အတွေးနဲ့
ကဲအမေရေ အမေတွေ့ချင်တဲ့သူလာမယ်ဆိုပါလား

အေးအေးဆိုပြီး သားကလေးကောက်ချီ
အိမ်အောက်ရောက်လို့မှ မကြာပါဘူးရှင်
သူတို့လာနေတာကို တွေ့လိုက်ရတာပါပဲ

အို…..ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်

မာနကြီးတခွဲသားနဲ့ မျက်နှာထားကြီးနဲ့တွေ့ရမယ်ထင်ထားတဲ့ ကျမ

မျက်နှာလေးက ကြည်နေတာပဲရှင်

ကျမတို့ကိုသူ့မိသားစုလိုပဲ ပြုံးပြီး နှုတ်ဆက်‌နေတာ

ကျမရင်ထဲမှာဘယ်လိုဖြစ်သွားလဲ မသိတော့ဘူး

သူ့ရဲ့မေတ္တာတရားတွေကကျမကို ကူးစကျ လာသလားမသိပါဘူး ရင်ထဲအေးသွားတာပဲရှင်

ဒါနဲ့အသာကြည့်နေလိုက်တယ် အောက်ကနေပြီးဟိုကြည့် ဒီကြည့်နဲ့ ပြီးသွားမယ်ထင်နေမိတုန်း

အခန်းတွေအပေါ်ကိုတက်ကြည့်မယ်လုပ်ပါရော

နောက်ကလူကြီးတွေက အန်တီ ဖိနပ်မချွတ်ပါနဲ့တဲ့

သူမက ဟာ ဘယ်ဟုတ်မလဲတဲ့ နေအိမ်ဆိုတာဘယ်လောက်စုတ်စုတ်တဲ့နေတဲ့သူတွေအတွက်တော့ အထွဋ်အမြတ်ပဲဆိုပြီး ဖိနပ်ကလေးချွတ်

အခန်းတွေကိုသေသေချာချာကိုလိုက်ကြည့်တော့တာလေ

သူမပြောတဲ့စကားကျမ နားထဲကြားလိုက်တဲ့ခဏ

မယုံကြည်နိုင်လောက်အောင်ပါပဲ

လိုက်ကြည့်နေတဲ့သူမရဲ့မျက်နှာဟာလဲ
စိတ်မကောင်းဖြစ်ပြီးသနားနေတဲ့အသွင်ဟာ
ဖွင့်မပြောလဲကျမနားလည်မိပါတော့တယ်

ကြည့်ပြီးလို့ပြန်ဆင်းလာတဲ့အခါမှာတော့
ကျမတို့ကိုတစ်ယောက်ချင်းနှုတ်ဆက်အားပေးစကားတွေပြောလာချိန်မှာတော့

ကျမ. ကျမဘယ်လိုမှအားတင်းထားလို့မရတော့ပါဘူး

ရင်ထဲကနေတလှိုက်လှိုက်ဖြစ်လာပြီးတော့
မျက်လုံးကမျက်ရည်တွေဟာသူ့အလိုလိုကို စီးကျလာပါတော့တယ်

သူမကိုကျမပြစ်မှားမိခဲ့တာတွေအထင်အမြင် မှားမိခဲ့တာတွေကိုကျမဦးချကတော့မှဖြစ်တော့မှာပါတွေးမိတဲ့ခဏအမေစု ကျမရှေ့ရောက်တဲ့အချိန်မှာတော့ဒူးခွေကျပြီး ရှိခိုးတောင်းပန်ပြီးသားကိုဖြစ်နေပါတော့တယ်

အိုသမီးလေးဘာလုပ်တာလဲ မဟုတ်တာကွယ် ထပါ ထပါဆိုတဲ့ ဂရုဏာသံနဲ့အတူ
သူမလက်နဲ့တွဲထူလိုက်တဲ့ခဏမှာတော့ ကျမပါတ်ဝန်းကျင်ကိုမေ့ပြီး ငိုချလိုက်မိပါတော့တယ်ရှင်

ကျန်းမာရေးမကောင်းတဲ့ ကျမအမေကိုလည်းနှစ်သိမ့်အားပေးနေချိန်မှာတော့

ကျမရင်ထဲမှာခိုင်မာတဲ့အတွေးကိုတွေးမိပါတယ်။

ကျမတို့ရဲ့ဘဝတွေကို ကယ်တင်နိုင်မည့်သူဟာဒီမေတ္တာရှင် အမေအိုမှလွဲပြီး ဘယ်သူမှရှိမှာမဟုတ်ဘူးဆိုတာကိုပေါ့ရှင်

ဒါကြောင့် ကျမတို့ ဝန်ထမ်း သားမယားတွေ
အားလုံးက မေတ္တာရှင် အမေအိုရှိနေတဲ့ NLD ပါတီကိုပဲ မဲထည့်ခဲ့ကြတာပေါ့

ခင် မိုးပြေး

Leave a Reply

Your email address will not be published. Required fields are marked *