ရန္ကုန္ႏွင့္ခ်ိတ္ဆက္မည့္ အဓိကအျမန္လမ္းမႀကီးႏွစ္ခုအတြက္ ပုဂၢလိက ရင္းႏွီးျမႇဳပ္ႏွံမႈ ဖိတ္ေခၚမည္

ရန်ကုန်နှင့်ချိတ်ဆက်မည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်း

အမြန်လမ်းမသစ်ဖောက်လုပ်ရေးတို့အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန သတင်းများအရ

သိရပါတယ်။လက်ရှိ မြန်မာနိုင်ငံတွင်

အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုလိုအပ်ချက်များရှိနေပြီး အစိုးရဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ရန် ကန့်သတ်ချက်များကြောင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပိုမိုပါဝင်လာစေရန်

ဖိတ်ခေါ်မည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် အထူးအခွင့်အရေးတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ၊ စည်းမျဉ်း စည်းကမ်းသစ်များကို

ကျင့်သုံးမည်ဖြစ်ကြောင်း သိရပါတယ်။ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်

လမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်း

အမြန်လမ်းမသစ်ဖောက်လုပ်ရေးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့ ပူးပေါင်းဆောင်ရွက်သည့် Central Backbone Expressway in Myanmar စီမံကိန်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအမြန်လမ်းမကြီးနှစ်ခု စီမံကိန်းလုပ်ဆောင်ရန် ပဏာမဖြစ်တန်စွမ်းလေ့လာခြင်းကို Yooshin Engineering Corporation နှင့် Kyung-dong Engineering Co.,Ltd တို့

၂၀၁၈ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

MyanmaPlatForm

unicode

ရန္ကုန္ႏွင့္ခ်ိတ္ဆက္မည့္ ရန္ကုန္-ေနျပည္ေတာ္-မႏၲေလး အျမန္လမ္းမႀကီးအဆင့္ျမႇင့္တင္ျခင္းႏွင့္ ရန္ကုန္-ပုသိမ္-င႐ုတ္ေကာင္း အျမန္လမ္းမသစ္ေဖာက္လုပ္ေရးတို႔အတြက္ ပုဂၢလိက

ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဖိတ္ေခၚသြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန လမ္းဦးစီးဌာန သတင္းမ်ားအရ သိရပါတယ္။လက္ရွိ ျမန္မာႏိုင္ငံတြင္

အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးမႈလိုအပ္ခ်က္မ်ားရွိေနၿပီး အစိုးရဘတ္ဂ်က္ျဖင့္ အေကာင္အထည္ေဖာ္ရန္ ကန႔္သတ္ခ်က္မ်ားေၾကာင့္ ပုဂၢလိက ရင္းႏွီးျမႇဳပ္ႏွံမႈ ပိုမိုပါဝင္လာေစရန္

ဖိတ္ေခၚမည္ျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈသည္ ပုဂၢလိက လုပ္ငန္းရွင္မ်ားအတြက္ အထူးအခြင့္အေရးတစ္ရပ္ျဖစ္ၿပီး ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာဥပေဒ၊ စည္းမ်ဥ္း စည္းကမ္းသစ္မ်ားကို က်င့္သုံးမည္ျဖစ္ေၾကာင္း

သိရပါတယ္။ရန္ကုန္-ေနျပည္ေတာ္-မႏၲေလး အျမန္လမ္းမႀကီးအဆင့္ျမႇင့္တင္ျခင္းႏွင့္ ရန္ကုန္-ပုသိမ္-င႐ုတ္ေကာင္း အျမန္လမ္းမသစ္ေဖာက္လုပ္ေရးသည္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန

လမ္းဦးစီးဌာနႏွင့္ KOICA Myanmar Office တို႔ ပူးေပါင္းေဆာင္႐ြက္သည့္ Central Backbone Expressway in Myanmar စီမံကိန္းျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါအျမန္လမ္းမႀကီးႏွစ္ခု စီမံကိန္းလုပ္ေဆာင္ရန္ ပဏာမျဖစ္တန္စြမ္းေလ့လာျခင္းကို Yooshin Engineering Corporation ႏွင့္ Kyung-dong Engineering Co.,Ltd တို႔ ၂၀၁၈ခုႏွစ္က စတင္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရပါတယ္။

MyanmaPlatForm

Leave a Reply

Your email address will not be published. Required fields are marked *