ကိုဗစ်ကြောင့် လမ်းဘေးမှာ အီကြာကွေး ရောင်းနေရတဲ့ ထိုင်းလေကြောင်းလိုင်းရဲ့ အဖြ

ကမ္ဘာ့ ထိပ်တန်း Top 10 စာရင်း မှာ နံပါတ် ၁၀ အဖြစ် (အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Skytrax Rating ၂၀၁၉ ခုနှစ်မှာ) ဖော်ပြခြင်း ခံခဲ့ရတဲ့ ထိုင်း နိုင်ငံတကာ လေကြောင်း (Thai Airways International) ကတော့ ၂၀၂၀ ကိုဗစ် ကပ်ရောဂါ အကြပ်အတည်းတွေနဲ့ အတူ ဒေဝါလီခံသွားခဲ့ပါပြီ။

ဒေဝါလီခံထားတဲ့ ထိုင်းနိုင်ငံတကာလေကြောင်း (THAI) ဟာ ဘန်ကောက်မြို့လယ် ဆီးလုံလမ်းက သူ့ရဲ့ ရုံးခွဲ ရှေ့မှာ ဘတ် ၅၀ ကို ၃ခုနဲ့ လမ်းဘေး အီကြာကွေးဆိုင် ဖွင့်ကြော်ရောင်း နေရပါသတဲ့။ Thai Airways ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ စပြီး လေယာဉ် စတိုင်နဲ့ စားသောက်ဆိုင် ဖွင့်လှစ် ရောင်းချခဲ့ ပါတယ်။

ယခုလို လမ်းဘေးအီကြာကွေးဆိုင် ဖွင့်ရောင်းတာ ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းမှာ စတင် ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတကာလေကြောင်း (THAI) ရဲ့ စားသောက်ဖွယ်ရာ ဝန်ဆောင်မှု ဟာ ယခင်ကတည်းက နာမည်ရပြီးသား ဖြစ်တာကြောင့် သူတို့ရဲ့ လမ်းဘေး အီကြာကွေးဆိုင် ဟာလည်း စားချင်သူတွေက တန်းစီပြီး ဝယ်ရတဲ့ထိ အားပေးတဲ့သူ များပြားလွန်းပါသတဲ့။

ထိုင်းနိုင်ငံတကာလေကြောင်း(THAI) ဟာ ကမ္ဘာ့ထိပ်တန်း နာမည်ကြီး လေကြောင်းလိုင်း ဖြစ်ပြီး လေယာဉ် ၉၀ကျော် နဲ့ ကမ္ဘာ့ ၃၇ နိုင်ငံကို ခရီးစဉ်ပေါင်း ၈၄ ခု ပြေးဆွဲပေးနေတဲ့ လေကြောင်းလိုင်း ဖြစ်ပါတယ်။ ၂၀၁၉ နှစ်ကုန် စာရင်း အရ ထိုင်းနိုင်ငံတကာလေကြောင်း(THAI) မှာ ဝန်ထမ်း ၂၂၀၀၀ ကျော် ရှိပြီး ပိုင်းလော့ ၁၄၀၀ကျော် ရှိကြောင်း သိရပါတယ်။

ကမ္ဘာ့ ထိပ်တန်း Top 10 စာရင်းမှာ နံပါတ်၁၀ ဖြစ်တဲ့ THAI ရဲ့ လမ်းဘေးအီကြာကွေးဟာ ကြိတ်ကြိတ်တိုး တန်းစီပြီး ဝယ်ရတဲ့ထိအားပေး ခံရပေမယ့် ကျွန်တော်တို့ နိုင်ငံက လေကြောင်းလိုင်းတွေ အကယ်၍ အီကြာကွေး ရောင်းခဲ့မယ် ဆိုရင်တော့ သူတို့လို ရောင်းအား ကောင်းလိမ့်မယ်လို့ မထင်မိကြောင်းပါဗျာ။

Than Lwin Ū

############################

ကိုဗစ်ကြောင့် လမ်းဘေးမှာ အီကြာကွေး ရောင်းနေရတဲ့ ထိုင်းလေကြောင်းလိုင်းရဲ့ အဖြစ်

Leave a Reply

Your email address will not be published. Required fields are marked *