မိခင်အိုကို သားအရင်းကိုယ်တိုင်က အတင်း တောင်းရမ်းစားသောက်ခိုင်းပြီး ငွေရှာနေခဲ့တဲ့အဖြစ်
ငွေရှာနေခဲ့တဲ့ အဖြစ်ခေတ်ကာလကြီးဟာ တဖြည်းဖြည်းဆိုးရွားလာပြီးတော့ မိဘတွေဆီခိုကပ်စားသောက်နေကြတဲ့ သားသမီးတွေသာမက၊ အချို့ဆိုရင် မသန်မစွမ်းတော့တဲ့ မိဘတွေကိုအသုံးချပြီးငွေရှာနေကြတဲ့ ရုပ်ညံ့လွန်းတဲ့ သူတွေလည်းရှိလာပါတယ်နော်။ယခု တစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ၊ Ipoh မြို့ရှိ လူစည်ကားတဲ့စားသောက်ဆိုင်တွေမှာ လှည့်ပတ်ပြီးတောင်းရမ်းနေကြတဲ့ အဘွားအိုတစ်ယောက်ကို
Murphy Lim အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ယောက်က ဆိုရှယ်မီဒီယာပေါ်မှာဝေမျှခဲ့တာပါ အဘွားအိုက သူမရဲ့အသက်အရွယ်နဲ့မလိုက် ထော့နင်ထော့နင်လမ်းလျှောက်နေခဲ့ပြီးတော့ စားသောက်ဆိုင်ထဲမှစားပွဲဝိုင်းတွေဆီ တစ်ဝိုင်းပြီးတစ်ဝိုင်းရွေ့ကာ တောင်းရမ်းခဲ့တာပါ။ သူမဟာ ပလပ်စတစ်ခွက်လေးကို ကိုင်ဆောင်ထားပြီးတော့ ခွက်ထဲမှာတော့ သူမလှည့်ပတ်ပြီး တောင်းရမ်းထားခဲ့တဲ့ငွေစက္ကူ လေး အနည်းငယ်
ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူမှ မထင်ထားလောက်အောင် အတော်လေးဆိုးဝါးလွန်းတဲ့အဖြစ်ကတော့ ကျန်းမာသန်စွမ်းတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက် (အဘွားအိုရဲ့ သားလို့ယူဆရသူ)ဟာ အဘွားအိုတောင်းရမ်းလို့ရရှိလာတဲ့ငွေတွေကို ယူဆောင်ဖို့ စားသောက်ဆိုင်အပြင်ဖက်မှာ စောင့်နေခဲ့ပြီးတော့ သူမဆီမှပိုက်ဆံများကို အကုန်ယူဆောင်သွားခဲ့တာပါ။
ထိုအဖြစ်အပျက်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီးနောက် လူအများစုက လူအိုကိုအသုံးချပြီး ပိုက်ဆံရှာနေတဲ့ကျန်းမာသန်စွမ်းတဲ့အဆိုပါအမျိုးသားရဲ့လုပ်ရပ်ကို အတော်လေး ရွံရှာသွားခဲ့ကြတာပါ။ အဆိုပါအမျိုးသားကတော့ အလုပ်လက်မဲ့လူတစ်ယောက်ဖြစ်ကြောင်း သိရှိရတဲ့အပြင်ကို အခြားနောက်ဆက်တွဲအခြေအနေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူးနော်။
ခရက်ဒစ်