ကိုယ့္ကိုထားခဲ့ၿပီး ထြက္သြားသူေတြေၾကာင့္ရလိုက္တဲ့ အဖိုးတန္သင္ခန္းစာ(၇)မ်ိဳး

ကိုယ့္ကိုထားခဲ့ၿပီး ထြက္သြားသူေတြေၾကာင့္ရလိုက္တဲ့ အဖိုးတန္သင္ခန္းစာ(၇)မ်ိဳး

လူေတြ ကိုယ့္ဘဝထဲကို ဝင္လာၾကၿပီး အခ်ိန္တန္ေတာ့လည္း ကိုယ့္ေဘးကေနျပန္ထြက္သြားၾကတာ သဘာဝပါ။ ကိုယ့္ဘဝထဲဝင္ေရာက္လာတဲ့သူေတြထဲမွာ ကိုယ့္အေပၚေကာင္းတဲ့သူေတြလည္းပါလာသလို၊ ကိုယ့္အေပၚမေကာင္းတဲ့သူေတြလည္း ပါလာတာပါပဲ။ ကိုယ့္အေပၚေကာင္းတဲ့သူပဲျဖစ္ျဖစ္၊ ဆိုးတဲ့သူပဲျဖစ္ျဖစ္ ကိုယ့္ေဘးက သူတို႔ ကိုယ့္ေဘးကထြက္သြားတဲ့အခါ ဒီလိုသင္ခန္းစာေတြကို ေပးသြားတတ္ၾကပါတယ္။

( ၁ ) လူတိုင္းကို မယုံတတ္ေအာင္ သင္ေပးတယ္

အခုေခတ္မွာ လူေတာ္ေတာ္မ်ားမ်ားက ေရွ႕တစ္မ်ိဳး၊ ကြယ္ရာတစ္မ်ိဳး ဟန္ေဆာင္ေကာင္းတတ္ၾကပါတယ္။ ဒါေၾကာင့္ ဟန္ေဆာင္ေကာင္းတဲ့ သူေတြနဲ႔ ေတြ႕ႀကဳံရတဲ့အခါ လူတိုင္းကို မယုံသင့္ေၾကာင္း သင္ခန္းစာ ရသြားပါတယ္။

( ၂ ) သူတို႔ေၾကာင့္ ကိုယ္ ေျပာင္းလဲသြားတယ္

လူတစ္ေယာက္ ဘဝထဲကို ဝင္လာတဲ့အခါ သူတို႔ရဲ႕ ေကာင္းျခင္း၊ ဆိုးျခင္းေတြက ကိုယ့္အေပၚသက္ေရာက္မႈေလးေတြ ရွိလာပါတယ္ ။ အဲ့ဒီအခါ ကိုယ္ကိုယ္တိုင္မွာလည္း ေျပာင္းလဲမႈေလးေတြ အနည္းနဲ႔ အမ်ား ျဖစ္လာပါတယ္ ။ သူတို႔ေတြနဲ႔ အနီးကပ္ေနတာမ်ားေလ သူတို႔ရဲ႕ အေျပာအဆို၊ အျပဳအမူေလးေတြက ကိုယ့္ကို ကူးစက္ေလပါပဲ ။ ကိုယ္တိုင္ေတာင္ သတိမထားမိလိုက္တဲ့အခ်ိန္မွာ ကိုယ္က ျဖည္းျဖည္းခ်င္းေျပာင္းလဲေနတာမ်ိဳးပါ။ ဒါေၾကာင့္ အေကာင္းျမင္စိတ္ရွိတဲ့သူ၊ စိတ္ေကာင္းရွိတဲ့သူနဲ႔ ေပါင္းပါလို႔ ေျပာၾကတာပါ။

( ၃ ) ကိုယ္ဘယ္ေလာက္ သန္မာတယ္ဆိုတာကို သိေစတယ္

သူမရွိရင္ ကိုယ့္အတြက္ အဆင္မေျပေလာက္ဘူး၊ သူမရွိရင္ ျပႆနာေတြကို ရင္မဆိုင္ႏိုင္ေလာက္ဘူး လို႔ ထင္ခဲ့ေပမယ့္ တကယ္တမ္း သူထြက္သြားတဲ့အခ်ိန္မွာ ကိုယ္တစ္ေယာက္တည္း ရပ္တည္ႏိုင္တယ္၊ ရင္ဆိုင္ႏိုင္တယ္ ဆိုတာကို သိလိုက္ရတယ္။

သူငယ္ခ်င္းေတြၾကားထဲ အရပ္ရွည္လြန္း/ပုလြန္းလို႔ စိတ္ညစ္ေနရင္ ဒီအခ်က္ေတြ ေတြးၾကည့္ပါ

( ၄ ) ကိုယ့္ကိုယ္ကို ဦးစားေပးတတ္ဖို႔ သင္ေပးတယ္

ကိုယ္ခ်စ္တဲ့သူေတြကို ကိုယ့္ထက္ပိုၿပီး ဦးစားေပးခဲ့ေပမယ့္လည္း သူတို႔ထြက္သြားခ်င္တယ္ဆိုရင္ ကိုယ္က ဆြဲထားလို႔မရပါဘူး ။ ကိုယ့္ဘက္က ဦးစားေပး၊အရႈံးေပးခဲ့တာေတြဟာလည္း အလကားျဖစ္သြားသလိုပါပဲ။ ဒါေၾကာင့္ ဘယ္သူ႔ကိုမွ ကိုယ့္ကိုယ္ကိုထက္ ပိုၿပီး ဦးစားမေပးသင့္ဘူးဆိုတာ သိခဲ့ရတယ္။

( ၅ ) တခ်ိဳ႕လူေတြ ကိုယ့္ကို နာက်င္ေစႏိုင္တယ္ဆိုတာကို သိေစတယ္

လူတိုင္းက ကိုယ္ခ်င္းစာစိတ္ ရွိတယ္၊ တစ္ဖက္သားနာက်င္ေအာင္ လုပ္မွာ မဟုတ္ဘူးလို႔ထင္ေနတဲ့အေတြးေတြကို ေပ်ာက္သြားေစတယ္ ။ ကိုယ္ထင္ထားသလို လူတိုင္းက ကိုယ့္အေပၚစာနာမွာ မဟုတ္ဘူးဆိုတာ သိခဲ့ရတယ္။ တခ်ိဳ႕လူေတြက သူတို႔အဆင္ေျပဖို႔ ကိုယ့္ကိုနာက်င္ေအာင္လုပ္တတ္တယ္ဆိုတာကို ေကာင္းေကာင္းသိသြားခဲ့တယ္ ။

( ၆ ) ဘာအေၾကာင္းေၾကာင္းနဲ႔မွ အရႈံးမေပးသင့္ဘူးဆိုတာ သင္ေပးတယ္

တစ္စုံတစ္ေယာက္အတြက္ ကိုယ့္ရဲ႕အရာရာကို စြန႔္လႊတ္ခဲ့ေပမယ့္ သူက ကိုယ့္ကို ထားၿပီး ထြက္သြားတဲ့အခါမ်ိဳးမွာ ဘဝကို အရႈံးေပးခ်င္စိတ္ေတြ ျဖစ္လာတတ္ပါတယ္။ ဒါေပမယ့္ ကိုယ့္ဘဝအတြက္ ကိုယ္တိုင္ တာဝန္ယူသင့္ေၾကာင္း ဘာအေၾကာင္းေၾကာင့္မွ အရႈံးမေပးသင့္ေၾကာင္း ဒီအခ်ိန္မွ နားလည္သြားတာပါ။

( ၇ ) တျခားတစ္ေယာက္အတြက္ ကိုယ့္ကိုယ္ကို မေျပာင္းလဲသင့္ဘူးဆိုတာ သိေစတယ္

သူ႔ကိုခ်စ္လို႔ ကိုယ့္ရဲ႕မိသားစုေတြ၊ သူငယ္ခ်င္းေတြကိုေတာင္ အဆက္အသြယ္ျဖတ္ၿပီး ေနခဲ့တာေတြ၊ ကိုယ့္ရဲ႕ဝါသနာကို စြန႔္လႊတ္လိုက္တာ၊ ကိုယ့္ကိုယ္ကိုေျပာင္းလဲလိုက္တာေတြ လုပ္ခဲ့ေပမယ့္ ထြက္သြားခ်င္တဲ့သူက ထြက္သြားတာပါပဲ။ ဒီေတာ့ ဘယ္သူ႔အတြက္မွ ကိုယ့္ကိုယ္ကိုမေျပာင္းလဲပစ္သင့္ဘူးဆိုတာ သိသြားၿပီေပါ့ ။

Credit#

Unicode

ကိုယ့်ကိုထားခဲ့ပြီး ထွက်သွားသူတွေကြောင့်ရလိုက်တဲ့ အဖိုးတန်သင်ခန်းစာ(၇)မျိုး

လူတွေ ကိုယ့်ဘဝထဲကို ဝင်လာကြပြီး အချိန်တန်တော့လည်း ကိုယ့်ဘေးကနေပြန်ထွက်သွားကြတာ သဘာဝပါ။ ကိုယ့်ဘဝထဲဝင်ရောက်လာတဲ့သူတွေထဲမှာ ကိုယ့်အပေါ်ကောင်းတဲ့သူတွေလည်းပါလာသလို၊ ကိုယ့်အပေါ်မကောင်းတဲ့သူတွေလည်း ပါလာတာပါပဲ။ ကိုယ့်အပေါ်ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ ဆိုးတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ဘေးက သူတို့ ကိုယ့်ဘေးကထွက်သွားတဲ့အခါ ဒီလိုသင်ခန်းစာတွေကို ပေးသွားတတ်ကြပါတယ်။

( ၁ ) လူတိုင်းကို မယုံတတ်အောင် သင်ပေးတယ်

အခုခေတ်မှာ လူတော်တော်များများက ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဟန်ဆောင်ကောင်းတတ်ကြပါတယ်။ ဒါကြောင့် ဟန်ဆောင်ကောင်းတဲ့ သူတွေနဲ့ တွေ့ကြုံရတဲ့အခါ လူတိုင်းကို မယုံသင့်ကြောင်း သင်ခန်းစာ ရသွားပါတယ်။

( ၂ ) သူတို့ကြောင့် ကိုယ် ပြောင်းလဲသွားတယ်

လူတစ်ယောက် ဘဝထဲကို ဝင်လာတဲ့အခါ သူတို့ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေက ကိုယ့်အပေါ်သက်ရောက်မှုလေးတွေ ရှိလာပါတယ် ။ အဲ့ဒီအခါ ကိုယ်ကိုယ်တိုင်မှာလည်း ပြောင်းလဲမှုလေးတွေ အနည်းနဲ့ အများ ဖြစ်လာပါတယ် ။ သူတို့တွေနဲ့ အနီးကပ်နေတာများလေ သူတို့ရဲ့ အပြောအဆို၊ အပြုအမူလေးတွေက ကိုယ့်ကို ကူးစက်လေပါပဲ ။ ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့အချိန်မှာ ကိုယ်က ဖြည်းဖြည်းချင်းပြောင်းလဲနေတာမျိုးပါ။ ဒါကြောင့် အကောင်းမြင်စိတ်ရှိတဲ့သူ၊ စိတ်ကောင်းရှိတဲ့သူနဲ့ ပေါင်းပါလို့ ပြောကြတာပါ။

( ၃ ) ကိုယ်ဘယ်လောက် သန်မာတယ်ဆိုတာကို သိစေတယ်

သူမရှိရင် ကိုယ့်အတွက် အဆင်မပြေလောက်ဘူး၊ သူမရှိရင် ပြဿနာတွေကို ရင်မဆိုင်နိုင်လောက်ဘူး လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း သူထွက်သွားတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း ရပ်တည်နိုင်တယ်၊ ရင်ဆိုင်နိုင်တယ် ဆိုတာကို သိလိုက်ရတယ်။

သူငယ်ချင်းတွေကြားထဲ အရပ်ရှည်လွန်း/ပုလွန်းလို့ စိတ်ညစ်နေရင် ဒီအချက်တွေ တွေးကြည့်ပါ

( ၄ ) ကိုယ့်ကိုယ်ကို ဦးစားပေးတတ်ဖို့ သင်ပေးတယ်

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ထက်ပိုပြီး ဦးစားပေးခဲ့ပေမယ့်လည်း သူတို့ထွက်သွားချင်တယ်ဆိုရင် ကိုယ်က ဆွဲထားလို့မရပါဘူး ။ ကိုယ့်ဘက်က ဦးစားပေး၊အရှုံးပေးခဲ့တာတွေဟာလည်း အလကားဖြစ်သွားသလိုပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ ကိုယ့်ကိုယ်ကိုထက် ပိုပြီး ဦးစားမပေးသင့်ဘူးဆိုတာ သိခဲ့ရတယ်။

( ၅ ) တချို့လူတွေ ကိုယ့်ကို နာကျင်စေနိုင်တယ်ဆိုတာကို သိစေတယ်

လူတိုင်းက ကိုယ်ချင်းစာစိတ် ရှိတယ်၊ တစ်ဖက်သားနာကျင်အောင် လုပ်မှာ မဟုတ်ဘူးလို့ထင်နေတဲ့အတွေးတွေကို ပျောက်သွားစေတယ် ။ ကိုယ်ထင်ထားသလို လူတိုင်းက ကိုယ့်အပေါ်စာနာမှာ မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ တချို့လူတွေက သူတို့အဆင်ပြေဖို့ ကိုယ့်ကိုနာကျင်အောင်လုပ်တတ်တယ်ဆိုတာကို ကောင်းကောင်းသိသွားခဲ့တယ် ။

( ၆ ) ဘာအကြောင်းကြောင်းနဲ့မှ အရှုံးမပေးသင့်ဘူးဆိုတာ သင်ပေးတယ်

တစ်စုံတစ်ယောက်အတွက် ကိုယ့်ရဲ့အရာရာကို စွန့်လွှတ်ခဲ့ပေမယ့် သူက ကိုယ့်ကို ထားပြီး ထွက်သွားတဲ့အခါမျိုးမှာ ဘဝကို အရှုံးပေးချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝအတွက် ကိုယ်တိုင် တာဝန်ယူသင့်ကြောင်း ဘာအကြောင်းကြောင့်မှ အရှုံးမပေးသင့်ကြောင်း ဒီအချိန်မှ နားလည်သွားတာပါ။

( ၇ ) တခြားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကို မပြောင်းလဲသင့်ဘူးဆိုတာ သိစေတယ်

သူ့ကိုချစ်လို့ ကိုယ့်ရဲ့မိသားစုတွေ၊ သူငယ်ချင်းတွေကိုတောင် အဆက်အသွယ်ဖြတ်ပြီး နေခဲ့တာတွေ၊ ကိုယ့်ရဲ့ဝါသနာကို စွန့်လွှတ်လိုက်တာ၊ ကိုယ့်ကိုယ်ကိုပြောင်းလဲလိုက်တာတွေ လုပ်ခဲ့ပေမယ့် ထွက်သွားချင်တဲ့သူက ထွက်သွားတာပါပဲ။ ဒီတော့ ဘယ်သူ့အတွက်မှ ကိုယ့်ကိုယ်ကိုမပြောင်းလဲပစ်သင့်ဘူးဆိုတာ သိသွားပြီပေါ့ ။

Leave a Reply

Your email address will not be published. Required fields are marked *