နိုင္ငံေတာ္မွထုတ္ေဝထားသည့္ ေငြစကၠဴအား မီးရွို႔ဖ်က္ဆီးသူ ၂ ဦးအား ေဖာ္ထုတ္အေရးယူ

နိုင္ငံေတာ္မွထုတ္ေဝထားသည့္ ေငြစကၠဴအား မီးရွို႔ဖ်က္ဆီးသူ ၂ ဦးအား ေဖာ္ထုတ္အေရးယူ

၂၀၂၀ ျပည့္ႏွစ္၊ နိုဝင္ဘာလ ၂၇ ရက္ ေန႔လည္ ၁ နာရီခန႔္တြင္ Biggest Shopping & Retail Page တြင္ အမ်ိဳးသား ၁ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦးတို႔မွ Live လႊင့္၍

ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္မွ တရားဝင္ထုတ္လုပ္ထားေသာ ျမန္မာက်ပ္ေငြ ငါးေထာင္က်ပ္တန္ ေငြစကၠဴအား မသင့္မေလ်ာ္မီးရွို႔ ျပမႈႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ၊

အခန္း(၁၆)၊ အပိုဒ္-၉၉(က) အရ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္၏ ခြင့္ျပဳခ်က္မရွိဘဲ ေငြစကၠဴမ်ားအား ျဖတ္ေတာက္ျခင္း၊ ဆုတ္ျဖဲျခင္း(သို႔) အျခား တစ္နည္းနည္းျဖင့္

ပုံသ႑ာန္ပ်က္ယြင္းေအာင္မျပဳလုပ္ရန္ တားျမစ္ခ်က္ထုတ္ျပန္ထားသည္ကို ေဖာက္ဖ်က္က်ဴးလြန္ခဲ့ေၾကာင္း ေတြ႕ရွိရသျဖင့္ အဆိုပါ Biggest Shopping & Retail Page မွ Live လႊင့္၍

မီးရွို႔ျပသူ ၂ ဦးအား ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ စုံစမ္းေဖာ္ထုတ္ခဲ့ရာ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ေလးေထာင့္ကန္ ရပ္ကြက္ေန အမ်ိဳးသားႏွင့္ ၎၏ဇနီးတို႔ျဖစ္ေၾကာင္း သိရွိရသျဖင့္

ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ ၁၀၃/၁၀၇ ျဖင့္ အေရးယူေဆာင္ရြက္သြားမည္ ျဖစ္ပါသည္။

နိုင်ငံတော်မှထုတ်ဝေထားသည့် ငွေစက္ကူအား မီးရှို့ဖျက်ဆီးသူ ၂ ဦးအား ဖော်ထုတ်အရေးယူ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၁ နာရီခန့်တွင် Biggest Shopping & Retail Page တွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှ Live လွှင့်၍

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော မြန်မာကျပ်ငေွ ငါးထောင်ကျပ်တန် ငွေစက္ကူအား မသင့်မလျော်မီးရှို့ ပြမှုနှင့်ပတ်သက်၍

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူများအား ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း(သို့) အခြား

တစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသည်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အဆိုပါ Biggest Shopping & Retail

Page မှ Live လွှင့်၍ မီးရှို့ပြသူ ၂ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနှင့်

၎င်း၏ဇနီးတို့ဖြစ်ကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *