ဖိနပ္ခိုးဖို႔ႀကိဳးစားေနတဲ့မိန္းမလွေလးေတြဟာ သူတို႔ကိုေစာင့္ၾကည့္ေနတဲ့ CCTV ကိုျမင္ၿပီး ထြက္ေျပးသြားတဲ့ ( ႐ုပ္၊သံ)

Zawgyi ျဖင့္ဖတ္ရန္

ဖိနပ္ခိုးဖို႔ႀကိဳးစားေနတဲ့မိန္းမလွေလးေတြဟာ သူတို႔ကိုေစာင့္ၾကည့္ေနတဲ့ CCTV ကိုျမင္ၿပီး ထြက္ေျပးသြားတဲ့ ( ႐ုပ္၊သံ)

တိုက္ခန္းေတြမွာ ေနထိုင္လ်က္႐ွိတဲ့လူအမ်ားစုဟာ သူတို႔ရဲ႕ဖိနပ္ေတြကို မသန္႔႐ွင္းလို႔ ၊ အနံ႔ဆိုးလို႔ဆိုၿပီး အျပင္ဖက္မွာထားေလ့႐ွိပါတယ္ ။Video မွာျပထားတဲ့ စင္ကာပူႏိုင္ငံက မိန္းမလွေလးႏွစ္ေယာက္ဟာလည္း တိုက္ခန္းအျပင္ဖက္မွာ႐ွိတဲ့ ဖိနပ္စင္ေ႐ွ႕မွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး ဖိနပ္ခိုးဖို႔ေရြးေနၾကပါတယ္။

ထိုအခ်ိန္မွာ အိမ္ထဲက (သို႔) အျပင္ဖက္စၾကၤလမ္းက အသံၾကားၿပီး ႐ုတ္တရက္ ထြက္ေျပးသြားခဲ့ပါတယ္။ဒါေပမဲ့ ၊ ဒုတိယvideo မွာေတာ့ မိန္းကေလးတစ္ေယာက္ဟာ ေနာက္တစ္ေခါက္ျပန္လာၿပီး ၊ ပတ္ပတ္လည္လွည့္ၾကည့္ရင္း သူတို႔ကိုေစာင့္ၾကည့္ေနတဲ့ CCTV ကိုေတြ႔သြားခဲ့ပါတယ္ ။ ထို႔ေနာက္သူမရဲ႕မ်က္ႏွာကို လက္နဲ႔ကာၿပီး ျပန္လွည့္ထြက္သြားခဲ့ပါတယ္ ။

အိမ္ပိုင္႐ွင္အမ်ိဳးသမီးကေတာ့ ‘ ဒီ video ဟာစေနေန႔ညက ျဖစ္ပ်က္ခဲ့တာပါ ၊ သတၱိ႐ွိတဲ့ဒီမိန္းကေလးငယ္ေလးႏွစ္ေယာက္က အ႐ွက္မ႐ွိ ဖိနပ္ေတြေရြးေနၾကတာပါ ၊ သူတို႔ရဲ႕ အက်ဥ္ေထာင္ထဲကိုသြားမယ့္စင္ဒရဲလားခရီးစဥ္အတြက္ ညႇပ္ဖိနပ္ကိုႀကိဳက္ေလာက္တယ္ ၊ ေအးေအးေဆးေဆးေရြးၾကပါ ၊ ဒီစာသားေလကို ျဖန္႔ေပးၾကပါအံုး ‘ ဆိုၿပီးသူမရဲ႕ Facebook account မွာ video ေလးကိုတင္ခဲ့တာပါ ။

Jasmine (Mckzone Daily) Source: worldofbuzz

Unicode ျဖင့္ဖတ္ရန္

ဖိနပ်ခိုးဖို့ကြိုးစားနေတဲ့မိန်းမလှလေးတွေဟာ သူတို့ကိုစောင့်ကြည့်နေတဲ့ CCTV ကိုမြင်ပြီး ထွက်ပြေးသွားတဲ့ ( ရုပ်၊သံ)

တိုက်ခန်းတွေမှာ နေထိုင်လျက်ရှိတဲ့လူအများစုဟာ သူတို့ရဲ့ဖိနပ်တွေကို မသန့်ရှင်းလို့ ၊ အနံ့ဆိုးလို့ဆိုပြီး အပြင်ဖက်မှာထားလေ့ရှိပါတယ် ။Video မှာပြထားတဲ့ စင်ကာပူနိုင်ငံက မိန်းမလှလေးနှစ်ယောက်ဟာလည်း တိုက်ခန်းအပြင်ဖက်မှာရှိတဲ့ ဖိနပ်စင်ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး ဖိနပ်ခိုးဖို့ရွေးနေကြပါတယ်။

ထိုအချိန်မှာ အိမ်ထဲက (သို့) အပြင်ဖက်စြင်္ကလမ်းက အသံကြားပြီး ရုတ်တရက် ထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ ၊ ဒုတိယvideo မှာတော့ မိန်းကလေးတစ်ယောက်ဟာ နောက်တစ်ခေါက်ပြန်လာပြီး ၊ ပတ်ပတ်လည်လှည့်ကြည့်ရင်း သူတို့ကိုစောင့်ကြည့်နေတဲ့ CCTV ကိုတွေ့သွားခဲ့ပါတယ် ။ ထို့နောက်သူမရဲ့မျက်နှာကို လက်နဲ့ကာပြီး ပြန်လှည့်ထွက်သွားခဲ့ပါတယ် ။

အိမ်ပိုင်ရှင်အမျိုးသမီးကတော့ ‘ ဒီ video ဟာစနေနေ့ညက ဖြစ်ပျက်ခဲ့တာပါ ၊ သတ္တိရှိတဲ့ဒီမိန်းကလေးငယ်လေးနှစ်ယောက်က အရှက်မရှိ ဖိနပ်တွေရွေးနေကြတာပါ ၊ သူတို့ရဲ့ အကျဉ်ထောင်ထဲကိုသွားမယ့်စင်ဒရဲလားခရီးစဉ်အတွက် ညှပ်ဖိနပ်ကိုကြိုက်လောက်တယ် ၊ အေးအေးဆေးဆေးရွေးကြပါ ၊ ဒီစာသားလေကို ဖြန့်ပေးကြပါအုံး ‘ ဆိုပြီးသူမရဲ့ Facebook account မှာ video လေးကိုတင်ခဲ့တာပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Leave a Reply

Your email address will not be published. Required fields are marked *