
Zawgyi ဖြင့်ဖတ်ရန်








Aye Min Ko

Unicode ဖြင့်ဖတ်ရန်

တနင်္သာရီမြို့နယ် အမှတ်၉ကျေးရွာအနီး ရှားပါးတောတွင်းတိရိစ္ဆာန် “ကြံ့သူတော်” တစ်ကောင် လက်ကြိုးတန်းလန်းဖြင့် တွေ့ရှိ

အမှတ်၉ကျေးရွာအနီး ရှားပါးတောတွင်းတိရိစ္ဆာန် “ကြံ့သူတော်” တစ်ကောင်အား တောင်သူတစ်ဦး မှ တွေ့ရှိ၍ တာဝန်ရှိသူများထံအပ်နှံ

တနသ်ာရီမြို့နယ်၊ အမှတ်၉ကျေးရွာအုပ်စု အမှတ်၉ကျေးရွာအနီး (ဒေသအခေါ်) ဖောင်ဆိပ်ချောင်းဖျားတွင် ဥယျဉ်ခြံလုပ်ကိုင်နေသူတစ်ဦးတွင် ကြံ့သူတော်(ဒေသအခေါ်) တလာရှု့တောရိုင်းတိရိစ္ဆာန်တစ်ကောင်အား

ဥယျဉ်ခြံအစပ်တွင် လက်ကြိုးတန်းလန်းဖြင့် တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ပြီး သစ်တောဌာန တာဝန်ရှိပုဂ္ဂိုလ်များထံသို့ သတင်းပို့ အကြောင်းကြားထားကြောင်းသိရှိရပါသည်။

အဆိုပါ “ကြံ့သူတော်” သည် အမြင့်ပေ ၃ပေခွဲ “အလျှား ၆ပေ၆လက္မ” ရှိကြောင်းသိရပါသည်။၎င်း၏ လက်တွင်ကြိုးသွတ်ကိုင်း မိထားတဲ့ဒဏ်ရာ ကြောင့် သွားလာနိုင်ခြင်းမရှိသေးဘဲ့ ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရပါသည်။

ဒေသခံများပြောကြားချက်အရ ကြံသူတော် သည်ဝါတွင်းကာလတွင် လူပုဂ္ဂိုလ်သီလများကဲ့သို့ ဝါတွင်း ၃လ တရားထိုင်သည်အနေဖြင့်

အစာရှာစားခြင်းမရှိဘဲ့ မိမိအနီးပတ်ဝန်းကျင် ၁၀ပေ ပတ်လည်ခန့်သာ အစားစား၍ ဥပုဒ်သိလယူသည့် ရှားပါးတိရိစ္ဆာန် တစ်ကောင် ဖြစ်ကြောင်းသိရပါသည်။

Aye Min Ko

Leave a Reply

Your email address will not be published. Required fields are marked *