စိတ္ရင္းေကာင္းတဲ့ငါးေရာင္းသူအမ်ိဳးသမီးေၾကာင့္မိဘရင္ခြင္ျပန္ေရာက္သြားတဲ့ ေျခရွည္တဲ့ေကာင္မေလး

Zawgyi ျဖင့္ဖတ္ရန္

စိတ္ရင္းေကာင္းတဲ့ငါးေရာင္းသူအမ်ိဳးသမီးေၾကာင့္မိဘရင္ခြင္ျပန္ေရာက္သြားတဲ့ ေျခရွည္ဲတဲ့ေကာင္မေလး

ဘုရားႀကီး၊နိုဝင္ဘာ ၃၀

ေညာင္အင္းကေန ငါးေရာင္းၿပီးျပန္လာတဲ့ေဒၚ …..တစ္ေယာက္၊လာဂမို့တိုးဂိတ္နားက လမ္းေဘးမွာ ဆိုင္ကယ္တစ္စီးနဲ႔ရြာလည္ေနတဲ့ကေလးမေလးတစ္ေယာက္ကိုေတြ႕ပါတယ္။သူ႔ကို တစ္ခါမွ ဒီအရပ္မွာမျမင္ဘူး။အသက္ကလည္း မသကာရွိမွ (၁၂)ႏွစ္ဝန္းက်င္။ေရွ႕သြားမလို ေနာက္ျပန္မလိုနဲ႔ ခ်ီတုံခ်ျဖစ္ေနဟန္ေၾကာင့္ သူမအနားသြားၿပီးေမးလိုက္ပါတယ္။သမီး ဘယ္ကလာတာလဲ ဘုရားႀကီးကတဲ့။

ဘယ္သြားမွာလဲ ဆိုေတာ့ ေရေရရာရာမေျဖနိုင္။ဒီေတာ့ ေသျခာေအာင္ထပ္ေမးလိုက္တယ္ဘာျဖစ္လို့ထြက္လာတာလဲသမီး ဆိုေတာ့အေဒၚဆူလို့တဲ့။ခက္ၿပီ ။ခုေခတ္ကေလးေတြကေတာ့။ေဒၚ ……… စဥ္းစားတယ္။ကိုယ္နဲ႔မဆိုင္ဘူးဆိုၿပီး အတိုင္းလႊတ္ေပးလိုက္ရင္ေတာ့ဒီကေလးမေလးအတြက္ အႏၲရာယ္ကလက္တစ္ကမ္းမွာ။အခ်ိန္ကလည္း ညမိုးခ်ဳပ္စ။ေနရာကလည္း ၿမိဳ့အထြက္နား။လူကလည္းျပတ္။ကဲ, မထူးေတာ့ပါဘူး၊ အေဒၚ့အိမ္လိုက္ခဲ့ဆိုၿပီး ေဒၚ ……… က လယ္ထဲကသူ႔အိမ္ဆီ သူမကိုေခါိသြားပါေတာ့တယ္။

ဘုရားႀကီးနယ္ေျမရဲစခန္းက ရဲအုပ္တင္ေဌးနဲ႔နယ္ထိန္းအဖြဲ႕၊CCTV မွတ္တမ္းေတြျပန္ၾကည့္ၿပီး အလုပ္ရွုပ္ေနၾကၿပီ။ဘုရားႀကီးၿမိဳ့၊(၂)ရပ္ကြက္၊ဘူတာလမ္းက အသက္(၁၂)အရြယ္ေက်ာင္းသူေလးတစ္ဦး ေနအိမ္ကေနဆိုင္ကယ္တစ္စီးနဲ႔ဘယ္ေပ်ာက္သြားမွန္းမသိတဲ့ကိစၥ။ေဟာ, CCTV မွတ္တမ္းမွာ သူမကိုေတြ႕ပါၿပီ။အခ်ိန္က ညေန၅နာရီ၊၄၅မိနစ္မွာ ဘုရားႀကီး DANKO ဆီဆိုင္မွာ ဆီဝင္ျဖည့္ေနတဲ့ အဲ့ေကာင္မေလး။ေနာက္ အဲ့ဆီဆိုင္ကေန ပဲခူးဘက္ေမာင္းထြက္သြားၿပီ။

ေနာက္ေတာ့ …. ေနာက္ေတာ့ ။ေဒၚ ……… ဆီမွာ ဖုန္းမရွိ။ဒါေပမဲ့ ကံေကာင္းတာက ကေကာင္မေလးက သူ႔အေမဖုန္းနံပါတ္မွတ္မိေပလို့။ဒီေတာ့ ရြာထဲကဖုန္းရွိသူတစ္ဦးထံအကူအညီေတာင္းၿပီး ေကာင္မေလးနဲ႔သူ႔မိဘေတြကို ဖုန္းခ်င္းခ်ိတ္ေပးလိုက္တယ္။ဒီေန႔ ဘုရားႀကီးနယ္ေျမရဲစခန္းကနယ္ထိန္းအဖြဲ႕နဲ႔သူ႔မိဘေတြခ်ိန္းဆိုထားတဲ့ ပဲခူးလာဂမို့တိုးဂိတ္နားမွာ ဆုံၾကၿပီ။ေသကံမေရာက္၊သက္မေပ်ာက္ခဲ့တဲ့သမီးေလး(သို့မဟုတ္)ထစ္ကနဲရွိ ဟိုသြားမယ္ ဒီသြားမယ္လုပ္တက္ၾကတဲ့ ခုေခတ္ ေျခရွည္တက္ၾကတဲ့စရိုက္ရွိသူ ဆယ္ေက်ာ္သက္အရြယ္ေတြထဲက သမီးေလး။

ဘာပစၥည္းမွလည္း အေပ်ာက္အရွမရွိဘဲ အေကာင္းပကတိျပန္ေတြ႕ရတဲ့သမီးေလး။ဆင္းရဲေပမယ့္ စိတ္ရင္းေကာင္းတဲ့ ငါးေရာင္သည္လင္မယားႏွစ္ဦးရဲ့ေစာင့္ေရွာက္မွုအရိပ္ေအာက္မွာ ေအးခ်မ္းစြာနဲ႔ တစ္ညတာခိုနားခြင့္ရခဲ့ၿပီး ………အခုေတာ့ အဲ့ဒီေျခရွည္တဲ့ေကာင္မေလးဟာ သူ႔မိဘေတြရဲ့ရင္ခြင္ထဲေကာင္းမြန္စြာ ျပန္လည္ေရာက္ရွိသြားပါၿပီ။အနာဂတ္ၾကယ္ပြင့္ကေလးမ်ား ၊ တိမ္ညိဳတိမ္မဲအႏၲရာယ္ေတြကေနလြတ္ကင္းၿပီး ေကာင္းစြာ ထြန္းလင္းေတာက္ပနိုင္ၾကပါေစ။

ဧရာ(ပဲခူး၊သိလိုတာေျဖၾကားေပးခဲ့တဲ့ ဘုရားႀကီးနယ္ေျမရဲစခန္းမွုးအား အထူးေက်းဇူတင္ရွိပါတယ္။ဓါတ္ပုံ(၂)ပုံကို ကိုေအာင္ခန္႔ပို့စ္ကယူသုံးပါတယ္။

Unicode ျဖင့္ဖတ္ရန္

စိတ်ရင်းကောင်းတဲ့ငါးရောင်းသူအမျိုးသမီးကြောင့်မိဘရင်ခွင်ပြန်ရောက်သွားတဲ့ ခြေရှည်ဲတဲ့ကောင်မလေး

ဘုရားကြီး၊နိုဝင်ဘာ ၃၀

ညောင်အင်းကနေ ငါးရောင်းပြီးပြန်လာတဲ့ဒေါ် …..တစ်ယောက်၊လာဂမို့တိုးဂိတ်နားက လမ်းဘေးမှာ ဆိုင်ကယ်တစ်စီးနဲ့ရွာလည်နေတဲ့ကလေးမလေးတစ်ယောက်ကိုတွေ့ပါတယ်။သူ့ကို တစ်ခါမှ ဒီအရပ်မှာမမြင်ဘူး။အသက်ကလည်း မသကာရှိမှ (၁၂)နှစ်ဝန်းကျင်။ရှေ့သွားမလို နောက်ပြန်မလိုနဲ့ ချီတုံချဖြစ်နေဟန်ကြောင့် သူမအနားသွားပြီးမေးလိုက်ပါတယ်။သမီး ဘယ်ကလာတာလဲ ဘုရားကြီးကတဲ့။

ဘယ်သွားမှာလဲ ဆိုတော့ ရေရေရာရာမဖြေနိုင်။ဒီတော့ သေခြာအောင်ထပ်မေးလိုက်တယ်ဘာဖြစ်လို့ထွက်လာတာလဲသမီး ဆိုတော့အဒေါ်ဆူလို့တဲ့။ခက်ပြီ ။ခုခေတ်ကလေးတွေကတော့။ဒေါ် ……… စဉ်းစားတယ်။ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး အတိုင်းလွှတ်ပေးလိုက်ရင်တော့ဒီကလေးမလေးအတွက် အန္တရာယ်ကလက်တစ်ကမ်းမှာ။အချိန်ကလည်း ညမိုးချုပ်စ။နေရာကလည်း မြို့အထွက်နား။လူကလည်းပြတ်။ကဲ, မထူးတော့ပါဘူး၊ အဒေါ့်အိမ်လိုက်ခဲ့ဆိုပြီး ဒေါ် ……… က လယ်ထဲကသူ့အိမ်ဆီ သူမကိုခေါိသွားပါတော့တယ်။

ဘုရားကြီးနယ်မြေရဲစခန်းက ရဲအုပ်တင်ဌေးနဲ့နယ်ထိန်းအဖွဲ့၊CCTV မှတ်တမ်းတွေပြန်ကြည့်ပြီး အလုပ်ရှုပ်နေကြပြီ။ဘုရားကြီးမြို့၊(၂)ရပ်ကွက်၊ဘူတာလမ်းက အသက်(၁၂)အရွယ်ကျောင်းသူလေးတစ်ဦး နေအိမ်ကနေဆိုင်ကယ်တစ်စီးနဲ့ဘယ်ပျောက်သွားမှန်းမသိတဲ့ကိစ္စ။ဟော, CCTV မှတ်တမ်းမှာ သူမကိုတွေ့ပါပြီ။အချိန်က ညနေ၅နာရီ၊၄၅မိနစ်မှာ ဘုရားကြီး DANKO ဆီဆိုင်မှာ ဆီဝင်ဖြည့်နေတဲ့ အဲ့ကောင်မလေး။နောက် အဲ့ဆီဆိုင်ကနေ ပဲခူးဘက်မောင်းထွက်သွားပြီ။

နောက်တော့ …. နောက်တော့ ။ဒေါ် ……… ဆီမှာ ဖုန်းမရှိ။ဒါပေမဲ့ ကံကောင်းတာက ကကောင်မလေးက သူ့အမေဖုန်းနံပါတ်မှတ်မိပေလို့။ဒီတော့ ရွာထဲကဖုန်းရှိသူတစ်ဦးထံအကူအညီတောင်းပြီး ကောင်မလေးနဲ့သူ့မိဘတွေကို ဖုန်းချင်းချိတ်ပေးလိုက်တယ်။ဒီနေ့ ဘုရားကြီးနယ်မြေရဲစခန်းကနယ်ထိန်းအဖွဲ့နဲ့သူ့မိဘတွေချိန်းဆိုထားတဲ့ ပဲခူးလာဂမို့တိုးဂိတ်နားမှာ ဆုံကြပြီ။သေကံမရောက်၊သက်မပျောက်ခဲ့တဲ့သမီးလေး(သို့မဟုတ်)ထစ်ကနဲရှိ ဟိုသွားမယ် ဒီသွားမယ်လုပ်တက်ကြတဲ့ ခုခေတ် ခြေရှည်တက်ကြတဲ့စရိုက်ရှိသူ ဆယ်ကျော်သက်အရွယ်တွေထဲက သမီးလေး။

ဘာပစ္စည်းမှလည်း အပျောက်အရှမရှိဘဲ အကောင်းပကတိပြန်တွေ့ရတဲ့သမီးလေး။ဆင်းရဲပေမယ့် စိတ်ရင်းကောင်းတဲ့ ငါးရောင်သည်လင်မယားနှစ်ဦးရဲ့စောင့်ရှောက်မှုအရိပ်အောက်မှာ အေးချမ်းစွာနဲ့ တစ်ညတာခိုနားခွင့်ရခဲ့ပြီး ………အခုတော့ အဲ့ဒီခြေရှည်တဲ့ကောင်မလေးဟာ သူ့မိဘတွေရဲ့ရင်ခွင်ထဲကောင်းမွန်စွာ ပြန်လည်ရောက်ရှိသွားပါပြီ။အနာဂတ်ကြယ်ပွင့်ကလေးများ ၊ တိမ်ညိုတိမ်မဲအန္တရာယ်တွေကနေလွတ်ကင်းပြီး ကောင်းစွာ ထွန်းလင်းတောက်ပနိုင်ကြပါစေ။

ဧရာ(ပဲခူး၊သိလိုတာဖြေကြားပေးခဲ့တဲ့ ဘုရားကြီးနယ်မြေရဲစခန်းမှုးအား အထူးကျေးဇူတင်ရှိပါတယ်။ဓါတ်ပုံ(၂)ပုံကို ကိုအောင်ခန့်ပို့စ်ကယူသုံးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *