Zawgyi ျဖင့္ဖတ္ရန္
ဓာတ္ေလွကားမ်ားပါဝင္ေသာ ရန္ကုန္ၿမိဳ ့ပထမဆုံးေသာ ေျမေအာက္ဥမင္လူကူးစႀကႍလမ္း ဖြင့္လွစ္ေတာ့မည္
ျပည္လမ္းမႀကီးကိုျဖတ္၍ ျပည္လမ္း TTC ေက်ာင္း ႏွင့္ Junction Square ေစ်းဝယ္စင္တာတို့အားခ်ိတ္ဆက္မည့္ ရန္ကုန္ၿမိဳ့၏ ပထမဆုံးျဖစ္ေသာ ေျမေအာက္ဥမင္လူကူးစၾကၤန္လမ္း (Underpass) စီမံကိန္းသည္ ၉၀ ရာခိုင္ႏွုန္းၿပီးစီးေနၿပီျဖစ္သည္။
ဥမင္အတြင္း ၂၄ နာရီဖြင့္လွစ္မည့္ ေစ်းဆိုင္အပါအဝင္ ဆိုင္ခန္း ၁၈ ခန္း ထည့္သြင္းတည္ေဆာက္ထားၿပီး အခ်ိန္ျပည့္ လုံျခဳံေရးခ်ထားမည္ျဖစ္ေၾကာင္း၊ ေရေဘး မီးေဘး၊ ေျမငလ်င္ေဘးမ်ားအတြက္လည္း လုံျခဳံေရးစနစ္မ်ား ထည့္သြင္းတည္ေဆာက္ထားေၾကာင္း သိရသည္။
ယင္းေျမေအာက္လမ္းမွာ ဆိုင္ခန္းအပါ အက်ယ္ ၄၀ ေပ ၊ အျမင့္ ၁၁ ေပရွိကာ အမ်ားျပည္သူ သြားလာေရးအဆင္ေျပေစရန္ စက္ေလွကား၊ ဓာတ္ေလွကားမ်ားလည္း တပ္ဆင္ထားေၾကာင္း သိရသည္။အဆိုပါေျမေအာက္လမ္းကို ၂၀၂၁ ဇန္နဝါရီလကုန္ပိုင္းတြင္ ဖြင့္လွစ္နိုင္ရန္ လ်ာထားသည္။
Photo – Ye Naung
Unicode ျဖင့္ဖတ္ရ
ဓာတ်လှေကားများပါဝင်သော ရန်ကုန်မြို ့ပထမဆုံးသော မြေအောက်ဥမင်လူကူးစြင်္ကံလမ်း ဖွင့်လှစ်တော့မည်
ပြည်လမ်းမကြီးကိုဖြတ်၍ ပြည်လမ်း TTC ကျောင်း နှင့် Junction Square ဈေးဝယ်စင်တာတို့အားချိတ်ဆက်မည့် ရန်ကုန်မြို့၏ ပထမဆုံးဖြစ်သော မြေအောက်ဥမင်လူကူးစြင်္ကန်လမ်း (Underpass) စီမံကိန်းသည် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
ဥမင်အတွင်း ၂၄ နာရီဖွင့်လှစ်မည့် ဈေးဆိုင်အပါအဝင် ဆိုင်ခန်း ၁၈ ခန်း ထည့်သွင်းတည်ဆောက်ထားပြီး အချိန်ပြည့် လုံခြုံရေးချထားမည်ဖြစ်ကြောင်း၊ ရေဘေး မီးဘေး၊ မြေငလျင်ဘေးများအတွက်လည်း လုံခြုံရေးစနစ်များ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။
ယင်းမြေအောက်လမ်းမှာ ဆိုင်ခန်းအပါ အကျယ် ၄၀ ပေ ၊ အမြင့် ၁၁ ပေရှိကာ အများပြည်သူ သွားလာရေးအဆင်ပြေစေရန် စက်လှေကား၊ ဓာတ်လှေကားများလည်း တပ်ဆင်ထားကြောင်း သိရသည်။အဆိုပါမြေအောက်လမ်းကို ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် လျာထားသည်။
Photo – Ye Naung