ချိန်းတွေ့ချိန်မှာ ဖုန်းကိုပဲထိုင်ကလိနေခဲ့တဲ့ အမျိုးသမီးကို တရားစွဲလိုက်တဲ့အမျိုးသား

ချိန်းတွေ့ချိန်မှာ ဖုန်းကိုပဲထိုင်ကလိနေခဲ့တဲ့ အမျိုးသမီးကို တရားစွဲလိုက်တဲ့အမျိုးသား

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Austin မှ Brandon Vezmar ဆိုတဲ့ အမျိုးသားဟာ သူနဲ့ဒိတ်လုပ်ခဲ့တဲ့ မိန်းကလေးကို တရားစွဲလိုက်ပါတယ် ။အေ ကြာင်းအရင်းကတော့ သူနဲ့အတူ ချိန်းတွေ့ပြီး ရုပ်ရှင် ကြည့်နေတဲ့ အချိန်မှာ အမျိုး သမီးက ဖုန်းကလိနေပြီး မက်ဆေ့ခ်ျတွေကိုပဲ တောက်လျှောက်ထိုင်ပို့နေခဲ့ တာဟာ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ အတွက် တရားစွဲဆိုခဲ့တာပါ။

သူတို့နှစ်ယောက်ရဲ့ ပထမဆုံး ဒိတ်မှာ Guardians of the Galaxy Vol.2. ကိုကြည့်ခဲ့တာပါ။ဒါပေမယ့် ဒိတ်လုပ်သူမိန်းကလေးကတော့ ဘေးလူ ကိုမှ အားမနာပဲ မက်ဆေ့ခ်ျတွေပဲ ထိုင်ပို့ နေခဲ့တာကြောင့် ရုပ်ရှင် လက်မှတ်ဖိုး အမေရိကန်ဒေါ်လာ(၁၇)ဒေါ်လာကို ပြန်ရလိုမှုနဲ့ တရားစွဲလိုက်တာပါ။

အသက် (၃၅)နှစ်အရွယ်Brandon ဟာ Crystal ဆိုတဲ့ မိန်းကလေးနဲ့ အွန်လိုင်းက Date လုပ်တဲ့ Bumble App မှာတွေ့ခဲ့တာပါ။ဒီလိုနဲ့ရင်းနှီးသွားပြီး မေလ(၆) ရက်နေ့မှာတော့ ပထမဆုံးအကြိမ်အပြင်မှာချိန်းတွေ့ခဲ့တာပါ။

Guardians of the Galaxy Vol.2 ဇာတ်ကားအတွက် လက်မှတ်နှစ်စောင်ဝယ်ပြီး အတူ ရုပ်ရှင်ကြည့်ခဲ့ပေမယ့် ရုပ်ရှင်ရုံထဲကို ရောက်လို့(၁၅)မိနစ်ကြာပြီး ချိန်မှာတော့ ကောင်မလေးဘက်ကနေ စဖောက်ခဲ့တာပါ။ဖုန်းတစ်လုံးကို ထုတ်ပြီး တော က်လျှောက် မက်ဆေ့ခ်ျတွေ ပို့နေခဲ့ပါတယ်။မက်ဆေ့ခ်ျပို့နေတာတွေကို ရပ်ဖို့နဲ့ မရပ်ရင် ရုံထဲကနေထွက်သွားဖို့ ပြောလိုက်တဲ့ အခါမှာတော့ Crystal က ရုံထဲကနေထွက်သွားခဲ့တာပါ။

အတော်လေးစိတ်အနှောင့်အယှက်ဖြစ်ခဲ့ပုံရတဲ့ Brandon ဟာ Crystal ဆီ ကနေ ရုပ်ရှင်လက်မှတ်ဖိုး တောင်းခဲ့ပါတယ်။သူမက မပေးနိုင်ဘူးလို့ ငြင်း လိုက်တဲ့ အခါမှာတော့ တခြားရွေးစရာမရှိတော့ပဲ တရားစွဲပြီး တောင်း ခဲ့တာပါ။

အမျိးသမီးဘက်ကတော့ မက်ဆေ့ခ်ျပို့တာ ၂ စောင် ၃ စောင်လောက်ပဲ ပို့မိတာလို့ ဆိုပါတယ်။ဒီအကြောင်းကို ကြားလိုက်တဲ့ Guardians of the Galaxy Vol. 2 ရုပ်ရှင်ဒါရိုက်တာကလည်း ရုပ်ရှင်မကြည့်ပဲ ဖုန်းကလိနေတဲ့ သူကို တရားစွဲ လျော်ကြေး တောင်းတာေ လာက်နဲ့မကျေနပ်သင့်ပဲ ထောင်ဒ ဏ်ပေးသင့်တယ်ဆိုပြီး ဟာသနှောပြီးပြောခဲ့ပါတယ်။

Ref;odditycentral Nilar(Shwemom)

Leave a Reply

Your email address will not be published. Required fields are marked *