Zawgyi ျဖင့္ဖတ္ရန္
အခ်စ္မွာ ရုုပ္ရည္မလိုေၾကာင္းသက္ေသျပခဲ့တဲ့ ကေမာၻဒီးယားစံုတြဲ
လက္တေလာ လူမႈကြန္ယက္မွာ ေရပန္းစားေနတာကေတာ့ ကေမာၻဒီးယားႏုိင္ငံသူ အေခ်ာအလွေလး Kwan Dii နဲ႔ သူမရဲ႕ ခ်စ္သူတုိ႔ရဲ႕ ဓာတ္ပုံေတြပဲ ျဖစ္ပါလိမ့္မယ္။ Kwan က အသားေရ ေဖြးေဖြးေလးနဲ႔ မိန္းမေခ်ာေလးတစ္ေယာက္ဆုိတာ ေသခ်ာေပမယ့္ သူမရဲ႕ခ်စ္သူကေတာ့ ဆန္႔က်င္ဘက္ပါဘဲ။
သူမရဲ႕ခ်စ္သူကေတာ့ အမည္အရင္း မသိရေပမယ့္ Benly Joy အမည္နဲ႔ Facebook အေကာင့္ကို သုံးပါတယ္။ Joy ဟာ အသားကလည္း မည္းသလုိ၊ နဖူးကလည္း ေမာက္ၿပီး၊ ႏွာေခါင္းျပားကာ မ်က္ႏွာေပါက္ကလည္း အေတာ္ကေလး ဆုိးရြာတယ္ဆုိတာ ျမင္သူတုိင္း သိၾကပါတယ္။
ဒါေပမယ့္ Kwan ကေတာ့ ဘယ္သူေတြ ဘယ္လုိေျပာေျပာ Joy ကုိ တစ္ရက္ကေလးမွ အခ်စ္မေလွ်ာ့ခဲ့ေၾကာင္း၊ သူမတုိ႔အခ်စ္ကုိ မည္သူမွေျပာင္းလဲႏုိင္စြမ္းမွာ မဟုတ္ေၾကာင္း ေျပာခဲ့ပါတယ္။ သူမရဲ႕ လူမႈကြန္ယက္ Facebook မွာလည္း Kwan ရဲ႕ ႐ုပ္ရည္ဟာ ဒီလုိအမ်ိဳးသားနဲ႔ မထုိက္တန္ဘူးလုိ႔ လူအမ်ားအျပားက ေ၀ဖန္ေလွာင္ေျပာင္ခဲ့ၾက ေပမယ့္ Kwan ကေတာ့ ခ်စ္သူနဲ႔ ပုံေတြဆက္တုိက္ တင္ေနဆဲ ျဖစ္ပါတယ္။
သူမက ” ကၽြန္မတုိ႔ကေတာ့ မညာတာတဲ့ အျပဳသေဘာမေဆာင္တဲ့ မွတ္ခ်က္စကားေတြကို ဂ႐ုစုိက္ေနဖုိ႔ မရွိပါဘူး … က်မတုိ႔ ဘယ္ေလာက္ ေပ်ာ္ရႊင္ေနၾကသလဲဆုိတာကုိ ေဖာ္ျပဖုိ႔ ဓာတ္ပုံေတြထပ္ၿပီး တင္ေနဦးမွာပါ ” လုိ႔ ေျပာဆုိခဲ့ပါတယ္။ တစ္ခ်ိဳ႕ကလည္း Kwan ကုိ ကံေကာင္းသူလုိ႔ ေထာက္ခံေနၾကပါတယ္။
နတ္စည္ေတာ္ (Shwemom)source : viral4real.com
Unicode ျဖင့္ဖတ္ရန္
အချစ်မှာ ရုပ်ရည်မလိုကြောင်းသက်သေပြခဲ့တဲ့ ကမ္ဘောဒီးယားစုံတွဲ
လက်တလော လူမှုကွန်ယက်မှာ ရေပန်းစားနေတာကတော့ ကမ္ဘောဒီးယားနိုင်ငံသူ အချောအလှလေး Kwan Dii နဲ့ သူမရဲ့ ချစ်သူတို့ရဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါလိမ့်မယ်။ Kwan က အသားရေ ဖွေးဖွေးလေးနဲ့ မိန်းမချောလေးတစ်ယောက်ဆိုတာ သေချာပေမယ့် သူမရဲ့ချစ်သူကတော့ ဆန့်ကျင်ဘက်ပါဘဲ။
သူမရဲ့ချစ်သူကတော့ အမည်အရင်း မသိရပေမယ့် Benly Joy အမည်နဲ့ Facebook အကောင့်ကို သုံးပါတယ်။ Joy ဟာ အသားကလည်း မည်းသလို၊ နဖူးကလည်း မောက်ပြီး၊ နှာခေါင်းပြားကာ မျက်နှာပေါက်ကလည်း အတော်ကလေး ဆိုးရွာတယ်ဆိုတာ မြင်သူတိုင်း သိကြပါတယ်။
ဒါပေမယ့် Kwan ကတော့ ဘယ်သူတွေ ဘယ်လိုပြောပြော Joy ကို တစ်ရက်ကလေးမှ အချစ်မလျှော့ခဲ့ကြောင်း၊ သူမတို့အချစ်ကို မည်သူမှပြောင်းလဲနိုင်စွမ်းမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ သူမရဲ့ လူမှုကွန်ယက် Facebook မှာလည်း Kwan ရဲ့ ရုပ်ရည်ဟာ ဒီလိုအမျိုးသားနဲ့ မထိုက်တန်ဘူးလို့ လူအများအပြားက ဝေဖန်လှောင်ပြောင်ခဲ့ကြ ပေမယ့် Kwan ကတော့ ချစ်သူနဲ့ ပုံတွေဆက်တိုက် တင်နေဆဲ ဖြစ်ပါတယ်။
သူမက ” ကျွန်မတို့ကတော့ မညာတာတဲ့ အပြုသဘောမဆောင်တဲ့ မှတ်ချက်စကားတွေကို ဂရုစိုက်နေဖို့ မရှိပါဘူး … ကျမတို့ ဘယ်လောက် ပျော်ရွှင်နေကြသလဲဆိုတာကို ဖော်ပြဖို့ ဓာတ်ပုံတွေထပ်ပြီး တင်နေဦးမှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။ တစ်ချို့ကလည်း Kwan ကို ကံကောင်းသူလို့ ထောက်ခံနေကြပါတယ်။
နတ်စည်တော် (Shwemom)source : viral4real.com