သစ္ခုတ္သမားက ေပးတဲ့ သင္ခန္းစာ

သစ္ခုတ္သမားက ေပးတဲ့ သင္ခန္းစာ

မဂၤလာပါ ပရိသတ္ႀကီးေရ ဒီေန႔မွာေတာ့ သစ္ခုတ္ၿပီး အသက္ေမြးဝမ္းေၾကာင္းျပဳသူနဲ႔ လက္သမားဆရာတစ္ေယာက္ရဲ႕ ​အျပန္အလွန္ေက်းဇူးတရာ ဆက္စပ္ပုံကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ေတြ ယေန႔အခ်ိန္ထိ ရွင္သန္ေနထိုင္ႏိုင္ တာဟာ သဘာဝတရားရဲ႕ ျဖစ္တည္မႈေၾကာင့္ပါ။ ဒီကမာၻမွာ ရွိသမွ်သက္ရွိ သက္မဲ့ အရာအားလုံးဟာ တစ္ခုနဲ႔ တစ္ခုဆက္စပ္ေနပါတယ္။

ဥပမာ သစ္ပင္ေတြရွိလို႔ ေႏြအခါ အရိပ္ရ ပါတယ္။ သစ္ပင္ေတြ မရွိေတာ့ရင္ ေႏြအခါပူပါမယ္ သစ္ပင္ေတြ လုံးဝမရွိေတာ့ရင္ေတာ့ ေအာက္စီဂ်င္ ပ်က္ေတာက္ၿပီး ကြၽန္ေတာ္တို႔ လူသားေတြပါ မ်ိဳးတုံးေပ်ာက္ကြယ္သြားမွာ အမွန္ပါ။

အဲ့လိုပါပဲ ကြၽန္ေတာ္တို႔ေနထိုင္ရာ ဒီကမာၻႀကီးက ရွိသမွ်အရာအားလုံး အျပန္အလွန္ မွီခိုေနပါတယ္။ ကဲ…သစ္ခုတ္သမားအေၾကာင္းေလး ဆက္လိုက္ရေအာင္

တခါတုန္းက ႐ြာတစ္႐ြာမွာ သစ္ခုတ္ၿပီး အသက္ေမြး၀မ္းေက်ာင္း လုပ္တဲ့သူ တစ္ဦးရွိတယ္။ သစ္ခုတ္သမားရဲ႕ အိမ္ေဘးမွာ လက္ သမားဆရာ တစ္ေယာက္ ရွိတယ္။

သူတို႔ႏွစ္ဦးက အလြန္းရင္းႏွီးၾကသလို စီးပြားေရး မိတ္ဖက္လို ႔လည္းေျပာလို ႔ရတယ္။ သစ္ခုတ္သမားခုတ္လို႔ရတဲ့သစ္ေတြကို လက္သမားဆရာက ဝယ္ယူခြဲျခမ္း စိတ္ျဖာတယ္ၿပီးေတာ့ သူ႔ရဲ႕အလုပ္မွာ အသုံးျပဳတယ္။

သုံးမရလို႔ ထြက္လာတဲ့ အတိုအစ​ေတြကို သစ္ခုတ္သမားကို ျပန္ေပးရၿပီး သစ္ခုတ္သမားကေန ထင္းအျဖစ္ျပန္ေရာင္းရင္း သူ႔တို႔ႏွစ္ေယာက္ စီးပြားေရး မိတ္ဖက္ျဖစ္ လာတယ္။

တေန႔ၾကေတာ့ သစ္ခုတ္သမားရဲ႕မိန္းမကို လက္သမားဆရာရဲ႕ မိန္းမက “တကယ္ေတာ့ နင့္တို႔လင္မယား ငါတို႔လင္မယားကို ေက်းဇူးတင္ သင့္တယ္။”

“ဘာလို႔လဲဟ””ဟုတ္တယ္ေလ ငါ့ေယာက္်ားက နင့္ေယာက္်ားခုတ္လာတဲ့ထင္းတုံးေတြကို သစ္ခြဲစက္မွာခြဲဖို႔ ပိုက္ဆံ ပိုေပးၿပီး ဝယ္တယ္ ခြဲလို႔ ပိုတဲ့ပကာသားေတြ ကိုလည္း


နင့္ေယာက္်ားကိုျပန္ေပးတယ္ေလ…အဲ့ေတာ့ နင့္တို႔ မိသားစု အရင္က ထက္ပို အဆင္ေျပလာတာ ငါ့ေယာက္်ားေၾကာင့္ မဟုတ္လို႔ ဘယ္သူ႔ေၾကာင့္လဲ။”ဆိုၿပီးေျပာ တယ္။

ဒါနဲ႔ သစ္ခုတ္သမားရဲ႕ မိန္းမက ညေရာက္ေတာ့ေယာက္်ား ျဖစ္သူကိုအက်ိဳးအေၾကာင္း ေျပာျပၿပီး​​ေမးၾကည့္ လိုက္ေတာ့ သစ္ခုတ္ သမားက ေျပာျပတယ္ “မိန္းမ ေရရရွိဖို႔ ေရတြင္းတူးရတယ္

အဲ့ေရက ေျမေအာက္က တူးရေပမယ့္ ေရဘယ္ေလာက္ျမင့္ျမင့္ ေျမဆိုတဲ့ ၾကမ္းျပင္ ရွိရျပန္တယ္ အားလုံးဟာ အျပန္အလွန္ပဲ မိန္းမရယ္ ဘာမဟုတ္တဲ့ မခံခ်င္ စိတ္နဲ႔ ခိုင္ခံ့တဲ့အရာေတြကို မပ်က္စီး ပါေစနဲ႔” လို႔ေျပာၿပီး ထြက္ သြားတယ္

အဲ့အေၾကာင္းကို ေနာက္ေတာ့ လက္သမားဆရာက သိသြားတယ္ေနာက္ ေန႔ၾကေတာ့လက္သမားဆရာက သူ႔အမ်ိဳးသမီးကိုေခၚၿပီး သစ္ခုတ္ သမားဆီက ပ်ဥ္းကတိုးသားကို ယခင္သစ္တုံးေတြထက္ ေစ်းႏွစ္ဆေပးၿပီး ယူလိုက္တယ္

အဲ့အခ်ိန္မွာ လက္သမားဆရာရဲ႕မိန္းမက ႏွစ္ဆေပးဝယ္ေတာ့ ေစ်းႀကီးတယ္ဘာလို႔ေပးရတာလဲ လို႔ေျပာ တာေပါ့။ ေနာက္ေတာ့ လက္သမားဆရာက သစ္သားကို ခြဲၿပီး ဗီ႐ိုႀကီးႀကီးတစ္လုံး႐ိုက္တယ္ ကႏုတ္ေဖာ္ တာေတြ ေပၚလစ္ တင္တာေတြ ပါ လုပ္တယ္။

အားလုံးၿပီးေတာ့ သူ႔သြင္းေနၾက ဆိုင္ကိုသြားတယ္ ဗီ႐ိုရဲ႕အသားကိုၾကည့္တယ္ လက္ရာကိုၾကည့္တယ္ ဆိုင္ရွင္က သေဘာက်ၿပီး လက္သမား ဆရာေခၚတဲ့ ေစ်းနဲ႔ ယူလိုက္တယ္

သူသစ္တုံးကိုဝယ္တုန္းက ဘယ္ေလာက္မွ မေပး ရေပမယ့္ သူရဲ႕အတတ္ပညာနဲ ႔ေပါင္းစပ္ ပုံေဖာ္ၿပီးခ်ိန္မွာေတာ့ သစ္တုံးကိုသူေပးဝယ္ရတဲ့ေစ်းထက္ ဆယ္ဆေလာက္အျမတ္က်န္တယ္။

အဲ့ဒါ​နဲ႔ လက္သမားက အိမ္​ျပန္ေရာက္ေတာ့ သူ႔မိန္းမကို ေျပာတယ္ ​”မိန္းမ ငါ သစ္ခုတ္ သမားဆီက ဝယ္တုန္းက မင္းကေစ်းပိုေပးလို ႔ဆိုၿပီး ငါ့ ကိုေျပာတယ္

ခု ငါေရာင္းလို႔ျပန္ရတဲ့ပိုက္ဆံနဲ႔တြက္ရင္ သစ္ခုတ္သမားစီက ငါဝယ္ လိုက္တာေစ်းမ မ်ားဘူးေလ တကယ္ေတာ့ သစ္ခုတ္သမားဟာ ငါ့အတြက္ ေက်းဇူးရွင္ပဲ”

“အဲ့လိုပဲ မနက္ျဖန္ ခုေရာင္းလိုက္တဲ့ဗီ႐ိုကို ျပန္လာေမးၾကည့္ပါ ငါတို႔ေရာင္း တဲ့ေစ်းထက္သုံးဆျဖစ္ေနပါ လိမ့္မယ္ မိန္းမ။ ဘယ္ ေလာက္ေတာ္တဲ့ပန္းပု ဆရာျဖစ္ ပါေစ

ထုဆစ္စရာ မရွိရင္သူ႔ပညာဟာ အလ ကားပဲ အဲ့လိုပဲ ထုဆစ္စရာ သစ္တုံးရွိ ပါရက္နဲ႔ ထုဆစ္ပုံေဖာ္တဲ့ အတတ္ပညာ မရွိခဲ့ရင္လည္း သစ္တုံးဟာ တံတားတစ္ခု ထင္းတစ္ခုသာျဖစ္ေနမွာပဲ

အားလုံးဟာအျပန္အလွန္ ေက်းဇူးျပဳၾကရတယ္ အဲ့လို အျပန္အလွန္ မွီခိုၾကရင္း ကိုယ့္အတတ္ပညာ ကိုေပါင္းစပ္ၾကတယ္ အဆင္ေျပေအာင္ လုပ္ကိုင္ ၾကရတယ္။ ဥပမာ မင္းေစ်းသြားတယ္ေရာင္းမယ့္သူ ရွိလို႔ ဝယ္တဲ့သူရွိတာ အဲ့လိုပဲ ဝယ္တဲ့သူရွိေနလို႔ ေရာင္းတဲ့သူေတြေရာင္းေနၾကတာပါ

မာနတစ္ခုကိုအေျခခံၿပီးကိုယ့္ကိုယ္ကို အျမင့္ဆုံးမမွတ္ပါနဲ႔ေက်းဇူးဆိုတာ လြယ္လြယ္ေျပာရရင္ကိုယ့္ရဲ႕အက်ိဳးကိုလိုလားသူကိုယ့္ရဲ႕အက်ိဳးကိုျဖစ္ထြန္းေစသူ အားလုံးဟာေက်းဇူးရွိေနတာပါ။” ဆိုၿပီး သူ႔မိန္းကို ျပန္ေျပာျပတယ္။

နိဂုံးခ်ဳပ္ရရင္ေတာ့ အားလုံးဟာ အျပန္အလွန္ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ ကိုယ့္ရဲ႕ မခံခ်င္စိတ္ေၾကာင့္ အရာအားလုံးကို မပ်က္စီးေစ ပါနဲ႔။

ကိုယ့္အတြက္ အသုံးမဝင္ဘူး ထင္တဲ့ အရာအားလုံးဟာ ယခုအခ်ိန္မွာ အသုံးမလို ေသးေပမဲ့ ေနာင္တစ္ခ်ိန္ခ်ိန္မွာ အသုံးဝင္ႏိုင္ပါတယ္။ လို႔တင္ျပရင္း မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္။

သစ်ခုတ်သမားက ပေးတဲ့ သင်ခန်းစာ

မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ သစ်ခုတ်ပြီး အသက်မွေးဝမ်းကြောင်းပြုသူနဲ့ လက်သမားဆရာတစ်ယောက်ရဲ့ အပြန်အလှန်ကျေးဇူးတရာ ဆက်စပ်ပုံကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့တွေ ယနေ့အချိန်ထိ ရှင်သန်နေထိုင်နိုင် တာဟာ သဘာဝတရားရဲ့ ဖြစ်တည်မှုကြောင့်ပါ။ ဒီကမ္ဘာမှာ ရှိသမျှသက်ရှိ သက်မဲ့ အရာအားလုံးဟာ တစ်ခုနဲ့ တစ်ခုဆက်စပ်နေပါတယ်။

ဥပမာ သစ်ပင်တွေရှိလို့ နွေအခါ အရိပ်ရ ပါတယ်။ သစ်ပင်တွေ မရှိတော့ရင် နွေအခါပူပါမယ် သစ်ပင်တွေ လုံးဝမရှိတော့ရင်တော့ အောက်စီဂျင် ပျက်တောက်ပြီး ကျွန်တော်တို့ လူသားတွေပါ မျိုးတုံးပျောက်ကွယ်သွားမှာ အမှန်ပါ။

အဲ့လိုပါပဲ ကျွန်တော်တို့နေထိုင်ရာ ဒီကမ္ဘာကြီးက ရှိသမျှအရာအားလုံး အပြန်အလှန် မှီခိုနေပါတယ်။ ကဲ…သစ်ခုတ်သမားအကြောင်းလေး ဆက်လိုက်ရအောင်

တခါတုန်းက ရွာတစ်ရွာမှာ သစ်ခုတ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်တဲ့သူ တစ်ဦးရှိတယ်။ သစ်ခုတ်သမားရဲ့ အိမ်ဘေးမှာ လက် သမားဆရာ တစ်ယောက် ရှိတယ်။

သူတို့နှစ်ဦးက အလွန်းရင်းနှီးကြသလို စီးပွားရေး မိတ်ဖက်လို့လည်းပြောလို့ရတယ်။ သစ်ခုတ်သမားခုတ်လို့ရတဲ့သစ်တွေကို လက်သမားဆရာက ဝယ်ယူခွဲခြမ်း စိတ်ဖြာတယ်ပြီးတော့ သူ့ရဲ့အလုပ်မှာ အသုံးပြုတယ်။

သုံးမရလို့ ထွက်လာတဲ့ အတိုအစတွေကို သစ်ခုတ်သမားကို ပြန်ပေးရပြီး သစ်ခုတ်သမားကနေ ထင်းအဖြစ်ပြန်ရောင်းရင်း သူ့တို့နှစ်ယောက် စီးပွားရေး မိတ်ဖက်ဖြစ် လာတယ်။

တနေ့ကြတော့ သစ်ခုတ်သမားရဲ့မိန်းမကို လက်သမားဆရာရဲ့ မိန်းမက “တကယ်တော့ နင့်တို့လင်မယား ငါတို့လင်မယားကို ကျေးဇူးတင် သင့်တယ်။”

“ဘာလို့လဲဟ””ဟုတ်တယ်လေ ငါ့ယောက်ျားက နင့်ယောက်ျားခုတ်လာတဲ့ထင်းတုံးတွေကို သစ်ခွဲစက်မှာခွဲဖို့ ပိုက်ဆံ ပိုပေးပြီး ဝယ်တယ် ခွဲလို့ ပိုတဲ့ပကာသားတွေ ကိုလည်း

နင့်ယောက်ျားကိုပြန်ပေးတယ်လေ…အဲ့တော့ နင့်တို့ မိသားစု အရင်က ထက်ပို အဆင်ပြေလာတာ ငါ့ယောက်ျားကြောင့် မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ။”ဆိုပြီးပြော တယ်။

ဒါနဲ့ သစ်ခုတ်သမားရဲ့ မိန်းမက ညရောက်တော့ယောက်ျား ဖြစ်သူကိုအကျိုးအကြောင်း ပြောပြပြီးမေးကြည့် လိုက်တော့ သစ်ခုတ် သမားက ပြောပြတယ် “မိန်းမ ရေရရှိဖို့ ရေတွင်းတူးရတယ်

အဲ့ရေက မြေအောက်က တူးရပေမယ့် ရေဘယ်လောက်မြင့်မြင့် မြေဆိုတဲ့ ကြမ်းပြင် ရှိရပြန်တယ် အားလုံးဟာ အပြန်အလှန်ပဲ မိန်းမရယ် ဘာမဟုတ်တဲ့ မခံချင် စိတ်နဲ့ ခိုင်ခံ့တဲ့အရာတွေကို မပျက်စီး ပါစေနဲ့” လို့ပြောပြီး ထွက် သွားတယ်

အဲ့အကြောင်းကို နောက်တော့ လက်သမားဆရာက သိသွားတယ်နောက် နေ့ကြတော့လက်သမားဆရာက သူ့အမျိုးသမီးကိုခေါ်ပြီး သစ်ခုတ် သမားဆီက ပျဉ်းကတိုးသားကို ယခင်သစ်တုံးတွေထက် ဈေးနှစ်ဆပေးပြီး ယူလိုက်တယ်

အဲ့အချိန်မှာ လက်သမားဆရာရဲ့မိန်းမက နှစ်ဆပေးဝယ်တော့ ဈေးကြီးတယ်ဘာလို့ပေးရတာလဲ လို့ပြော တာပေါ့။ နောက်တော့ လက်သမားဆရာက သစ်သားကို ခွဲပြီး ဗီရိုကြီးကြီးတစ်လုံးရိုက်တယ် ကနုတ်ဖော် တာတွေ ပေါ်လစ် တင်တာတွေ ပါ လုပ်တယ်။

အားလုံးပြီးတော့ သူ့သွင်းနေကြ ဆိုင်ကိုသွားတယ် ဗီရိုရဲ့အသားကိုကြည့်တယ် လက်ရာကိုကြည့်တယ် ဆိုင်ရှင်က သဘောကျပြီး လက်သမား ဆရာခေါ်တဲ့ ဈေးနဲ့ ယူလိုက်တယ်

သူသစ်တုံးကိုဝယ်တုန်းက ဘယ်လောက်မှ မပေး ရပေမယ့် သူရဲ့အတတ်ပညာနဲ့ပေါင်းစပ် ပုံဖော်ပြီးချိန်မှာတော့ သစ်တုံးကိုသူပေးဝယ်ရတဲ့ဈေးထက် ဆယ်ဆလောက်အမြတ်ကျန်တယ်။

အဲ့ဒါနဲ့ လက်သမားက အိမ်ပြန်ရောက်တော့ သူ့မိန်းမကို ပြောတယ် ”မိန်းမ ငါ သစ်ခုတ် သမားဆီက ဝယ်တုန်းက မင်းကဈေးပိုပေးလို့ဆိုပြီး ငါ့ ကိုပြောတယ်

ခု ငါရောင်းလို့ပြန်ရတဲ့ပိုက်ဆံနဲ့တွက်ရင် သစ်ခုတ်သမားစီက ငါဝယ် လိုက်တာဈေးမ များဘူးလေ တကယ်တော့ သစ်ခုတ်သမားဟာ ငါ့အတွက် ကျေးဇူးရှင်ပဲ”

“အဲ့လိုပဲ မနက်ဖြန် ခုရောင်းလိုက်တဲ့ဗီရိုကို ပြန်လာမေးကြည့်ပါ ငါတို့ရောင်း တဲ့ဈေးထက်သုံးဆဖြစ်နေပါ လိမ့်မယ် မိန်းမ။ ဘယ် လောက်တော်တဲ့ပန်းပု ဆရာဖြစ် ပါစေ

ထုဆစ်စရာ မရှိရင်သူ့ပညာဟာ အလ ကားပဲ အဲ့လိုပဲ ထုဆစ်စရာ သစ်တုံးရှိ ပါရက်နဲ့ ထုဆစ်ပုံဖော်တဲ့ အတတ်ပညာ မရှိခဲ့ရင်လည်း သစ်တုံးဟာ တံတားတစ်ခု ထင်းတစ်ခုသာဖြစ်နေမှာပဲ

အားလုံးဟာအပြန်အလှန် ကျေးဇူးပြုကြရတယ် အဲ့လို အပြန်အလှန် မှီခိုကြရင်း ကိုယ့်အတတ်ပညာ ကိုပေါင်းစပ်ကြတယ် အဆင်ပြေအောင် လုပ်ကိုင် ကြရတယ်။ ဥပမာ မင်းဈေးသွားတယ်ရောင်းမယ့်သူ ရှိလို့ ဝယ်တဲ့သူရှိတာ အဲ့လိုပဲ ဝယ်တဲ့သူရှိနေလို့ ရောင်းတဲ့သူတွေရောင်းနေကြတာပါ

မာနတစ်ခုကိုအခြေခံပြီးကိုယ့်ကိုယ်ကို အမြင့်ဆုံးမမှတ်ပါနဲ့ကျေးဇူးဆိုတာ လွယ်လွယ်ပြောရရင်ကိုယ့်ရဲ့အကျိုးကိုလိုလားသူကိုယ့်ရဲ့အကျိုးကိုဖြစ်ထွန်းစေသူ အားလုံးဟာကျေးဇူးရှိနေတာပါ။” ဆိုပြီး သူ့မိန်းကို ပြန်ပြောပြတယ်။

နိဂုံးချုပ်ရရင်တော့ အားလုံးဟာ အပြန်အလှန် အကျိုးသက်ရောက်မှု ရှိပါတယ်။ ကိုယ့်ရဲ့ မခံချင်စိတ်ကြောင့် အရာအားလုံးကို မပျက်စီးစေ ပါနဲ့။

ကိုယ့်အတွက် အသုံးမဝင်ဘူး ထင်တဲ့ အရာအားလုံးဟာ ယခုအချိန်မှာ အသုံးမလို သေးပေမဲ့ နောင်တစ်ချိန်ချိန်မှာ အသုံးဝင်နိုင်ပါတယ်။ လို့တင်ပြရင်း မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *