ဗြိတိန်မှာ ကာကွယ်ဆေး ရမယ့်ရက်ကိုပါ ကြေညာလိုက်ပါပြီ (ကပ်ကြီး အဆုံးသတ်ပါတော့မယ်)

ဗိတိန်မှာ ကာကွယ်ဆေး ရမယ့်ရက်ကိုပါ ကြေညာလိုက်ပါပြီ (ကပ်ကြီး အဆုံးသတ်ပါတော့မယ်)

ဗြိတိန်နိုင်ငံမှာ ဒီဇင်ဘာလ ၁ရက်ကစတင်ကာ ကိုဗစ် ကာကွယ်ဆေးအတွက် အဆင်သင့်ဖြစ်နိုင်ဖွယ်ရှိပြီး ကာကွယ်ဆေးတွေကို ခရစ္စမတ်ပွဲတော်မတိုင်မီ ထိုးနှံသွားနိုင်မယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးမက်ဟန်ကော့ခ်က ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံအတွင်း ဒီဇင်ဘာလ ၁ ရက်က စတင်ပြီး Pfizer ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ဖြန့်ဝေပေးသွားဖို့ အဆင်သင့် ဖြစ်နိုင်မယ်လို့ ကျန်းမာရေးဝန်ကြီး မက်ဟန်ကော့ခ်က ပြောကြားလိုက်တာပါ။

ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရအနေနဲ့ ကာကွယ်ဆေးကုမ္ပဏီနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပြီး ဒီဇင်ဘာလ ၁ ရက်ကစလို့ အဆင်သင့်ဖြစ်နိုင်ကာ ခရစ္စမတ်ပွဲတော် မတိုင်မီမှာ ပိုပြီး ဖြစ်နိုင်ပါလိမ့်မယ်လို့ ဝန်ကြီးက ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ သိပ္ပံပညာရှင်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နောက်တစ်မျိုးကို ဗြိတိန်နိုင်ငံမှာ လူပေါင်း ၆၀၀ဝ နဲ့ စမ်းသပ်မှုကို စတင်နေကြပြီလို့လည်း ၎င်းကဆိုပါတယ်။ Janssen ဆေးဝါးထုတ်လုပ်ရေးဆီက ကာကွယ်ဆေး သန်း ၃ဝ စာကိုလည်း ဗြိတိန်မှာ လာမယ့် ၂၀၂၁ခုနှစ်၊ နှစ်လယ်ပိုင်းလောက်ကျရင် ရရှိသွားဦးမယ်လို့လည်း သိရပါတယ်။

A view of a COVID-19 testing station manned by British military personnel inside London’s Hyde Park, Britain, May 8, 2020. REUTERS/ Alexander Smith

နောက်ထပ်အနေနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ AstraZenecaရဲ့ ကာကွယ်ဆေး စမ်းသပ်စစ်ဆေးမှုအခြေအနေကိုလည်း လာမယ့်အပတ်ထဲမှာ အစီရင်ခံထုတ်ပြန်သွားနိုင်မယ်လို့ သိရပါတယ်။

############################

ွဗိတိန်မှာ ကာကွယ်ဆေး ရမယ့်ရက်ကိုပါ ကြေညာလိုက်ပါပြီ (ကပ်ကြီး အဆုံးသတ်ပါတော့မယ်)

Leave a Reply

Your email address will not be published. Required fields are marked *