မိသားစုနဲ့ မတွေ့ရ၊ သရဏဂုံလည်း မတင်ရ၊ သင်္ဂြိုလ်ဖို့တောင် ကား မလောက်တဲ့ ကိုဗစ်လူနာ နောက်ဆုံးခရီး

ကိုယ်ခံအားကောင်းအောင်သာနေ ကိုဗစ်က သူ့ဘာသာပျောက်သွားမှာပဲဆိုတဲ့ ဉာဏ်ကြီးရှင်များ

 

volunteer တွေ၊ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းတယ်ဆိုတာ (၇)လကျော်ပဲရှိပါသေးတယ် ပင်ပန်းတာ စာမဖွဲ့လောက်သေးပါဘူး၊ အနှစ်(၂၀)ပင်ပန်းခဲ့တဲ့ အမယ်အိုအတွက် ဂုဏ်ပြုတဲ့အနေနဲ့တော့ ပျော်ပွဲ၊ရွှင်ပွဲတွေတော့ လုပ်ကိုလုပ်ရမှာပဲဆိုတဲ့ ဂရုဏာရှင်များ (အခုထက်ထိ ကျနော်လဲ အမေစုဖန်ပါနော်)

 

ကျေးဇူးပြုပြီး ဆေးရုံ ICU/HDU ကို လေ့လာရေးလေး တစ်ရက်လောက် လာကြည့်စေချင်တယ်။ ကိုယ်ခံအားကောင်းတဲ့ ဘော်ဒါတို့ဆီက ပေးလိုက်တဲ့ လက်ဆောင်တွေကြောင့် အဖေ၊ အမေ၊ အဖိုး၊ အဖွားတွေ တဖြုတ်ဖြုတ်ကြွေနေတာ မြင်စေချင်တယ်။

 

လူငယ်မို့ ခံနိုင်မယ်မထင်ပါနဲ့ လူငယ်/အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကျနော်တောင် အရင်က သီချင်း(၁၅)ပုဒ်လောက်အေးဆေးပဲ။ ခု ပိုးကူးခံရပြီးနောက်ပိုင်း တစ်ပုဒ်ဆိုရင်တောင် မောနေပြီ…ဒီပုံအတိုင်းဆို ကံမကောင်းရင် အဆိုတော်ဘဝ စွန့်လွှတ်ရမလားမသိ..

 

ICU ထဲ volunteer တွေ အကုန်နီးပါး အကူးခံလိုက်ရလို့ သွားပြန်ကူပေးချိန်မှာတောင် N95နဲ့ ခနနေရင် အသက်ရှူမဝတော့ဘူး။ Positive volunteer တွေက စိတ်ဓါတ် ဘယ်လောက်မာမာ၊ ဘယ်နရက်လောက်ထိ ကူနိုင်မှာလဲ (ကိုယ်တိုင်ကလူနာဖြစ်နေတာလေ)

ကျန်းမာရေး ဝန်ထမ်းတွေ အကူးခံလိုက်ရချိန်မှာမှ ဘော်ဒါတို့ မိဘဘိုးဘွားတွေသာ ဆေးရုံရောက်လာမယ်ဆိုရင်တော့ တွေးကြည့်လိုက်ပါတော့.. မလွယ်ရေးချမလွယ်

 

ဓာတ်ပုံ – မနေ့ကမြင်ကွင်း (အိမ်သားတွေလဲ တွေ့မြင်ခွင့်မရ၊ သရဏဂုံလဲ တင်ခွင့်မရှိ၊ သင်္ဂြိုလ်ဖို့တောင် ကားတွေ မလောက်လို့ အဖော်စောင့်နေရ)

Kmask

 

##########################

နှစ်တစ်ရာပြည့်က နောက်တစ်ကြိမ်ကြုံရဖို့မဖြစ်နိုင်လို့ မရောက်ရောက်အောင်သွားမှာ ဆိုတဲ့‌ဘော်ဒါများ

ကိုဘစ်က ကူးချင်တဲ့သူကူးတာ၊ အိမ်ထဲနေလဲကူးတာပဲ၊ ကူးသွားလဲ (၁၁)ရက် Qနေပြီးရင် ပြီးတာပဲ ဆိုသူများ

 

ကိုယ်ခံအားကောင်းအောင်သာနေ ကိုဗစ်က သူ့ဘာသာပျောက်သွားမှာပဲဆိုတဲ့ ဉာဏ်ကြီးရှင်များ

volunteer တွေ၊ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းတယ်ဆိုတာ (၇)လကျော်ပဲရှိပါသေးတယ် ပင်ပန်းတာ စာမဖွဲ့လောက်သေးပါဘူး၊ အနှစ်(၂၀)ပင်ပန်းခဲ့တဲ့ အမယ်အိုအတွက် ဂုဏ်ပြုတဲ့အနေနဲ့တော့ ပျော်ပွဲ၊ရွှင်ပွဲတွေတော့ လုပ်ကိုလုပ်ရမှာပဲဆိုတဲ့ ဂရုဏာရှင်များ (အခုထက်ထိ ကျနော်လဲ အမေစုဖန်ပါနော်)

 

ကျေးဇူးပြုပြီး ဆေးရုံ ICU/HDU ကို လေ့လာရေးလေး တစ်ရက်လောက် လာကြည့်စေချင်တယ်။ ကိုယ်ခံအားကောင်းတဲ့ ဘော်ဒါတို့ဆီက ပေးလိုက်တဲ့ လက်ဆောင်တွေကြောင့် အဖေ၊ အမေ၊ အဖိုး၊ အဖွားတွေ တဖြုတ်ဖြုတ်ကြွေနေတာ မြင်စေချင်တယ်။

 

လူငယ်မို့ ခံနိုင်မယ်မထင်ပါနဲ့ လူငယ်/အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကျနော်တောင် အရင်က သီချင်း(၁၅)ပုဒ်လောက်အေးဆေးပဲ။ ခု ပိုးကူးခံရပြီးနောက်ပိုင်း တစ်ပုဒ်ဆိုရင်တောင် မောနေပြီ…ဒီပုံအတိုင်းဆို ကံမကောင်းရင် အဆိုတော်ဘဝ စွန့်လွှတ်ရမလားမသိ..

 

ICU ထဲ volunteer တွေ အကုန်နီးပါး အကူးခံလိုက်ရလို့ သွားပြန်ကူပေးချိန်မှာတောင် N95နဲ့ ခနနေရင် အသက်ရှူမဝတော့ဘူး။ Positive volunteer တွေက စိတ်ဓါတ် ဘယ်လောက်မာမာ၊ ဘယ်နရက်လောက်ထိ ကူနိုင်မှာလဲ (ကိုယ်တိုင်ကလူနာဖြစ်နေတာလေ)

 

ကျန်းမာရေး ဝန်ထမ်းတွေ အကူးခံလိုက်ရချိန်မှာမှ ဘော်ဒါတို့ မိဘဘိုးဘွားတွေသာ ဆေးရုံရောက်လာမယ်ဆိုရင်တော့ တွေးကြည့်လိုက်ပါတော့.. မလွယ်ရေးချမလွယ်

ဓာတ်ပုံ – မနေ့ကမြင်ကွင်း (အိမ်သားတွေလဲ တွေ့မြင်ခွင့်မရ၊ သရဏဂုံလဲ တင်ခွင့်မရှိ၊ သြင်္ဂိုလ်ဖို့တောင် ကားတွေ မလောက်လို့ အဖော်စောင့်နေရ)

Kmask

Leave a Reply

Your email address will not be published. Required fields are marked *