အမျိုးသမီးအတွင်းခံအစုံပေါင်း၁၄၀ကို ခိုးယူခဲ့သည့်သူခိုးကိုဖမ်းမိခဲ့
ထိုင်ဝမ်နိုင်ငံအနောက်မြောက်ပိုင်း တောင်ယွမ်မြို့ (Taoyuan) တွင် အမည်ဖော်ပြခဲ့ခြင်းမရှိတဲ့ အသက်၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသမီး အတွင်းခံများကို ခိုးယူနေစဉ် ထိုင်ဝမ်ရဲများက လက်ပူးလက်ကြပ်ဖမ်းဆီးရမိခဲ့ပါတယ်။ထိုင်ဝမ်ရဲများက ဖမ်းဆီးရခဲ့တဲ့ ထိုအမျိုးသားကို ထပ်မံစစ်ဆေးရာ ထိုအမျိုးသားခိုးယူခဲ့တဲ့ အမျိုးသမီးအတွင်းခံများဟာ အစုံပေါင်း ၁၄၀ ရှိတဲ့အပြင် ထိုထူးထူးဆန်ဆန်းသူခိုးဟာ အမျိုးသမီး အတွင်းခံများကို သူ့ရဲ့အံဆွဲထဲမှာ သပ်သပ်ရပ်ရပ် စီထားတာကို တွေ့ရှိခဲ့ရပါတယ်။
ရဲများရဲ့ စစ်ဆေးချက်အရ ထိုသူခိုးဟာ တောင်ယွမ်မြို့ ချောင်ယန် ခရစ်ယာန် တက္ကသိုလ် ( Chung Yuan Christian University) အနားမှာ နေထိုင်သူဖြစ်ပြီး ဘေးပါတ်ဝန်းကျင်က တံခါးပိတ်ဖို့မေ့ခဲ့တဲ့ တိုက်ခန်းများမှ အမျိုးသမီးအတွင်းခံများကို ခိုးယူပြီးစုဆောင်းထားခဲ့တာဖြစ်တယ် လို့သိရပါတယ်။
ဒါ့အပြင် ၂၀၁၄ ခုနှစ်ကလည်း တရုတ်နိုင်ငံမှာ တန် အမည်ရှိတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးအတွင်းခံ ၂၀၀၀ ကျော်ကို ပါတ်ဝန်းကျင်တစ်ဝိုက် အိမ်ပေါင်း ၇၅၀ ခန့် မှာနေတဲ့အမျိုးသမီးများထံမှ ခိုးယူခဲ့ဖူးတဲ့ မှတ်တမ်းတစ်ခုလည်းရှိပါသေးတယ်။ဒါပေမဲ့ တန်ကို သူခိုးယူလာခဲ့တဲ့အတွင်းခံများသိမ်းထားရာ မျက်နှာကျက်မှ အလေးချိန်မခံနိုင်ဘဲ ကျိုးကျရာမှ ရဲများသိရှိပြီး ဖမ်းမိခဲ့တာဖြစ်ပြီး တန်ရဲ့ဝါသနာကတော့ အတွင်းခံများကို ခိုးယူပြီးရင် သေချာကိုင်ကြည့်ပြီး အနံ့ရူကြည့်ခြင်းဖြစ်တယ် လို့ဝန်ခံခဲ့ပါတယ်။
ဒီလိုခိုးယူခြင်းဟာလည်းရောဂါတစ်မျိုးဖြစ်ပြီး လူတစ်ယောက်ဟာ သူ့အတွက်လည်းတန်ဖိုးမရှိ၊အသုံးမ၀င်တဲ့ ပစ္စည်းတစ်ခုခုကို ထိန်းလို့မရအောင် ခိုးယူချင်နေတယ် ဆိုရင် Kleptomania (ဆင်းရဲ၍ မဟုတ်ပဲ ခိုးယူလိုက်ရမှ ကျေနပ်သောစိတ်) ဝေဒနာရှိနေတယ်လို့ ပြောဆိုနိုင်ပါတယ်။Kleptomania (ဆင်းရဲ၍ မဟုတ်ပဲ ခိုးယူလိုက်ရမှ ကျေနပ်သောစိတ်) ဆိုတာဘာလဲ။
Kleptomania ရောဂါဟာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အစီအစဉ် လွဲမှုတစ်ခုဖြစ်ပြီး မိမိကိုယ်ကို မထိန်းချုပ်နိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယယ်။Kleptomania ရောဂါရဲ့ လက္ခဏာတွေကတော့ မလိုအပ်တဲ့အရာတစ်ခုကို ခိုးယူချင်စိတ် တားဆီးလို့မရအောင် ဖြစ်ပေါ်တတ်ခြင်း၊မခိုးယူဘဲနေရင် စိတ်ရှုပ်ခြင်း၊စိတ်ဖိစီးခြင်း၊နဲ့ ခိုးလိုက်ရမှ အားရကျေနပ်ခြင်း၊ခိုးယူပြီးသွင်းရင်လဲ နောင်တရခြင်း၊ကြောက်စိတ်ဝင်ခြင်း၊နဲ့ မိမိလုပ်ရပ်ကို အော့နှလုံးနာခြင်းနဲ့ အချိန်ကြာလာရင် ပြန်လည် ခိုးယူလိုခြင်းစတဲ့ စက်ဝိုင်းပုံစံ စိတ်ခံစားချက်များထပ်ခါထပ်ခါ ဖြစ်ပေါ်တတ်ပါတယ်။
Credit-shwemom