အသက်၆၃နှစ်အရွယ် မသန်မစွမ်းသားဖြစ်သူကိုပြုစုစောင့်ရှောက်နေတဲ့ အမေအိုရဲ့ မေတ္တာ
အဖွားအိုကြီးဟာ အသက် ၁၀၁ နှစ်တိတိ ရှိနေပေမဲ့ သူမရဲ့ အသက် ၆၃ နှစ်အရွယ် ဒုက္ခိတသားကို ပြုစုပေးဖို့ အသက်ရှည်ရှည်နေထိုင်လိုဦးမှာ အမှန်ပါပဲ။ဒီဇာတ်လမ်းကို Digos Good Vibes ဆိုတဲ့ Facebook Page တစ်ခုမှာ Share ခဲ့တာ ဖြစ်ပြီး အမေဖြစ်သူနဲ့ သားဖြစ်သူရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။
ဆိုရှယ်မီဒီယာ အသုံးပြုသူများကတော့ အဖွားအိုရဲ့ သားဖြစ်သူအပေါ်ထားရှိတဲ့ အနှိုင်းမဲ့ မေတ္တာနဲ့ ပြောင်းလဲခြင်းမရှိတဲ့ အချစ်ကို ချီးကျူးခဲ့ရပြီး အဖွားအိုကို လျှုဒါန်းလိုသူတွေရှိပေမဲ့ နေရပ်လိပ်စာ မသိရသေးတဲ့ အတွက် လျှူဒါန်းနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
ဒါအပြင့် သားအမိ နှစ်ယောက်လုံးဟာ အသက်ကြီးနေပြီဖြစ်တဲ့အတွက် အဖွားအိုသာ အရင်ကွယ်လွန်ခဲ့ရင် ပြုစုသူမရှိတဲ့ ဒုက္ခိတ သားလည်း မကြာခင်မှာပဲ ကွယ်လွန်နိုင်ပါတယ်။
ဒီ ပိုစ်မှာတော့ အဖွားအိုဖြစ်သူရဲ့ သားကိုစောင့်ရှောက်နေရတဲ့ တာဝန်ကို လွှဲပြောင်းယူပေးနိုင်တဲ့ ဆွေမျိုးရင်းချာရှိလား၊မရှိလားဆိုတာကို ဖော်ပြထားခြင်းမရှိပါဘူး။ဒါ့ကြောင့်ဆိုရှယ်မီဒီယာ အသုံးပြုသူများက အဖွားအိုရဲ့ သားဖြစ်သူကို ရပ်ရွာကပဲ စောင့်ရှောက်ပေးထားဖို့၊ဒါမှ မဟုတ် အစိုးရ အထောက်အပံ့နဲ့ ကူညီပေးဖို့ အတွက် သားအမိ ၂ ဦးရဲ့ နေရပ်လိပ်စာကို ရှာဖွေဖို့ စုံစမ်းနေကြပါတယ်။
အဖွားအိုနဲ့ သားဖြစ်သူ နေထိုင်တဲ့ တဲလေးဟာလည်း တော်တော်ချို့ယွင်းနေတဲ့ တဲတစ်လုံးဖြစ်ပြီး ထောက်ပံ့မဲ့ သူမရှိပေမဲ့ မိဘများဟာ သားသမီးများကို ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် စောင့်ရှောက်ပေးရမဲ့ တာဝန်ကို မပျက်မကွက် ထမ်းဆောင်ကြတယ် ဆိုတာကို အဖွားအိုက သက်သေပြခဲ့ပါတယ်။
Shwemom Ref : Rach Feed