ကြမ္းစားသူမ်ား ကိုဗစ္ကူးစက္ႏိုင္ေျခ ပိုမ်ားသျဖင့္ အထူး သတိျပဳရန္ လိုအပ္

ကြမ္းစားသုံးသူမ်ားတြင္ COVID-19 ေရာဂါ ကူးစက္ႏိုင္ ေျခပိုမ်ားသျဖင့္ သတိျပဳရန္လို အပ္ေၾကာင္း ဆရာဝန္မ်ားက ေျပာပါတယ္။

“ကြမ္းယာစားတဲ့အတြက္ ေၾကာင့္ ကိုဗစ္ကို ပိုကူးစက္ႏိုင္ပါ တယ္။ ဘာလို႔လဲဆိုေတာ့ ကြမ္း တံေတြးေထြးလို႔ ျဖစ္ပါတယ္။ အားလုံးသိတဲ့အတိုင္းပဲ ကိုဗစ္ဟာ အသက္ရႉလမ္းေၾကာင္းမွာ ျဖစ္ တယ္။ ပါးစပ္၊ ႏွာေခါင္းကထြက္ တဲ့ အမႈန္အမႊား၊ အရည္ေတြထဲမွာ ရွိတယ္။ ဒီကေနထြက္ရင္ ကူးစက္ႏိုင္တယ္။

ဒါေၾကာင့္မို႔လို႔ ေခ်ာင္းဆိုးရင္ အုပ္ဆိုးဖို႔၊ ႏွာေခါင္းစည္းတပ္ဖို႔ ေျပာၾကားရတယ္။ စကားေျပာရင္ေတာင္ ကူးႏိုင္တယ္။ သီခ်င္းဆိုရင္ ကူးႏိုင္တယ္။ တံေတြးကေန ကူးႏိုင္တဲ့အတြက္ ေၾကာင့္” ဟု ကိုဗစ္အေၾကာင္း သိေကာင္းစရာ အေမးအေျဖ အစီ အစဥ္တြင္ ျမန္မာႏိုင္ငံဆရာဝန္ အသင္း(ဗဟို)ဥကၠ႒ ပါေမာကၡ ေဒါက္တာ ထင္ေအာင္ေစာက ေျပာပါတယ္။

ေဆးလိပ္ႏွင့္ ကြမ္းစားသုံးသူမ်ားတြင္ ကိုဗစ္ေရာဂါ ကူးစက္ႏိုင္ေျခသည္ သာမန္လူထက္ တစ္ဆခြဲခန႔္ ပိုမ်ားႏိုင္ေၾကာင္း ျပည္သူ႔ က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္ ကံေကာင္း (မကူးစက္)က ဆိုပါတယ္။

“ကိုဗစ္ကူးစက္ႏိုင္ေျခရွိတဲ့ သူေတြကေတာ့ သူတို႔ရဲ႕ အျပဳအမူေတြေပါ့ေနာ္။ အျပဳအမူေတြဆိုတာက ကြမ္းစားတာ၊ ေဆးလိပ္ေသာက္တာ။ အဲဒါမ်ိဳးသမားေတြက Mask လည္းမတပ္ဘူးေပါ့ ေနာ္။ ကြမ္းစားမယ္ဆိုလည္း ႏွာေခါင္းစည္းမတပ္ဘဲ ဟိုကိုင္လိုက္၊ ဒီကိုင္လိုက္ လက္နဲ႔၊ မ်က္ႏွာနဲ႔ ထိေတြ႕တဲ့ အႀကိမ္မ်ားတယ္။ ေဆးလိပ္တို႔၊ ဘာတို႔ ကိုင္တာမ်ိဳးေတြေပါ့။ ကူးစက္ႏိုင္ေျခမ်ားတာ ေပါ့’’ဟု ၎က ေျပာပါတယ္။

အိႏၵိယႏိုင္ငံတြင္ ကိုဗစ္ကာလတြင္း ေရာဂါကူးစက္မႈကင္းေဝးေစရန္ ကြမ္းတံေတြးေထြးသူမ်ားအား ဒဏ္ေငြ႐ိုက္ေၾကာင္း၊ ထို႔အျပင္ အေနာက္ႏိုင္ငံမ်ားတြင္လည္း ေဘာလုံးပြဲမ်ား၌ ေဘာလုံးအဖြဲ႕ခ်ဳပ္မ်ားက အားကစားသမားမ်ားကို တံေတြးေထြးျခင္းအား တား ျမစ္ထားသည့္ သာဓကမ်ားရွိ ေၾကာင္း သိရွိရပါတယ္။

“အိႏၵိယႏိုင္ငံမွာဆိုလည္း ကိုဗစ္ကူးစက္မွာစိုးလို႔ ကြမ္းတံ ေတြးေထြးၾကသူမ်ားသည္ Mask မတပ္ေသာ သူမ်ားႏွင့္ တူတယ္ ဆိုၿပီး ဒဏ္ေငြေဆာင္ရမယ္လို႔ဆို ပါတယ္။ ဆိုေတာ့ ပညာေပးလုပ္ ငန္းေတြရွိတယ္။

တားျမစ္ေနတဲ့ လုပ္ငန္း၊ ဒဏ္႐ိုက္ေနတဲ့လုပ္ငန္း ေတြလည္း ရွိတယ္။ ကြၽန္ေတာ္ ေတာ့ အေရးႀကီးတယ္ထင္ပါ တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံလည္းပဲ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ ငန္းေတြမွာ ဘယ္လိုပဲျဖစ္ျဖစ္ မက်န္ခဲ့ေအာင္ လုပ္ဖို႔သင့္တယ္ လို႔ ေျပာခ်င္ပါတယ္’’ ဟု ပါေမာကၡေဒါက္တာထင္ေအာင္ေစာက ေျပာပါတယ္။

Source.myanmarahlinn

unicode version
ကွမ်းစားသူများ ကိုဗစ်ကူးစက်နိုင်ခြေ ပိုများသဖြင့် အထူး သတိပြုရန် လိုအပ်

ကွမ်းစားသုံးသူများတွင် COVID-19 ရောဂါ ကူးစက်နိုင် ခြေပိုများသဖြင့် သတိပြုရန်လို အပ်ကြောင်း ဆရာဝန်များက ပြောပါတယ်။

“ကွမ်းယာစားတဲ့အတွက် ကြောင့် ကိုဗစ်ကို ပိုကူးစက်နိုင်ပါ တယ်။ ဘာလို့လဲဆိုတော့ ကွမ်း တံတွေးထွေးလို့ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကိုဗစ်ဟာ အသက်ရှူလမ်းကြောင်းမှာ ဖြစ် တယ်။ ပါးစပ်၊ နှာခေါင်းကထွက် တဲ့ အမှုန်အမွှား၊ အရည်တွေထဲမှာ ရှိတယ်။ ဒီကနေထွက်ရင် ကူးစက်နိုင်တယ်။

ဒါကြောင့်မို့လို့ ချောင်းဆိုးရင် အုပ်ဆိုးဖို့၊ နှာခေါင်းစည်းတပ်ဖို့ ပြောကြားရတယ်။ စကားပြောရင်တောင် ကူးနိုင်တယ်။ သီချင်းဆိုရင် ကူးနိုင်တယ်။ တံတွေးကနေ ကူးနိုင်တဲ့အတွက် ကြောင့်” ဟု ကိုဗစ်အကြောင်း သိကောင်းစရာ အမေးအဖြေ အစီ အစဉ်တွင် မြန်မာနိုင်ငံဆရာဝန် အသင်း(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ထင်အောင်စောက ပြောပါတယ်။

ဆေးလိပ်နှင့် ကွမ်းစားသုံးသူများတွင် ကိုဗစ်ရောဂါ ကူးစက်နိုင်ခြေသည် သာမန်လူထက် တစ်ဆခွဲခန့် ပိုများနိုင်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာကျော် ကံကောင်း (မကူးစက်)က ဆိုပါတယ်။

“ကိုဗစ်ကူးစက်နိုင်ခြေရှိတဲ့ သူတွေကတော့ သူတို့ရဲ့ အပြုအမူတွေပေါ့နော်။ အပြုအမူတွေဆိုတာက ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ။ အဲဒါမျိုးသမားတွေက Mask လည်းမတပ်ဘူးပေါ့ နော်။ ကွမ်းစားမယ်ဆိုလည်း နှာခေါင်းစည်းမတပ်ဘဲ ဟိုကိုင်လိုက်၊ ဒီကိုင်လိုက် လက်နဲ့၊ မျက်နှာနဲ့ ထိတွေ့တဲ့ အကြိမ်များတယ်။ ဆေးလိပ်တို့၊ ဘာတို့ ကိုင်တာမျိုးတွေပေါ့။ ကူးစက်နိုင်ခြေများတာ ပေါ့’’ဟု ၎င်းက ပြောပါတယ်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာလတွင်း ရောဂါကူးစက်မှုကင်းဝေးစေရန် ကွမ်းတံတွေးထွေးသူများအား ဒဏ်ငွေရိုက်ကြောင်း၊ ထို့အပြင် အနောက်နိုင်ငံများတွင်လည်း ဘောလုံးပွဲများ၌ ဘောလုံးအဖွဲ့ချုပ်များက အားကစားသမားများကို တံတွေးထွေးခြင်းအား တား မြစ်ထားသည့် သာဓကများရှိ ကြောင်း သိရှိရပါတယ်။

“အိန္ဒိယနိုင်ငံမှာဆိုလည်း ကိုဗစ်ကူးစက်မှာစိုးလို့ ကွမ်းတံ တွေးထွေးကြသူများသည် Mask မတပ်သော သူများနှင့် တူတယ် ဆိုပြီး ဒဏ်ငွေဆောင်ရမယ်လို့ဆို ပါတယ်။ ဆိုတော့ ပညာပေးလုပ် ငန်းတွေရှိတယ်။

တားမြစ်နေတဲ့ လုပ်ငန်း၊ ဒဏ်ရိုက်နေတဲ့လုပ်ငန်း တွေလည်း ရှိတယ်။ ကျွန်တော် တော့ အရေးကြီးတယ်ထင်ပါ တယ်။ ကျွန်တော်တို့နိုင်ငံလည်းပဲ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းတွေမှာ ဘယ်လိုပဲဖြစ်ဖြစ် မကျန်ခဲ့အောင် လုပ်ဖို့သင့်တယ် လို့ ပြောချင်ပါတယ်’’ ဟု ပါမောက္ခဒေါက်တာထင်အောင်စောက ပြောပါတယ်။ Source.myanmarahlinn

Leave a Reply

Your email address will not be published. Required fields are marked *