ငါးဒိုင္မွာ အလုပ္လုပ္ေနတဲ့သူေတြဆီက စိတ္ရွည္လက္ရွည္ ငါးလိုက္ေတာင္းစားေနတဲ့ ပင္လယ္ဖ်ံႀကီး

Zawgyi ျဖင့္ဖတ္ရန္

ငါးဒိုင္မွာ အလုပ္လုပ္ေနတဲ့သူေတြဆီက စိတ္ရွည္လက္ရွည္ ငါးလိုက္ေတာင္းစားေနတဲ့ ပင္လယ္ဖ်ံႀကီး

ၿပီးခဲ့တဲ့ရက္ပိုင္းက အေမရိကန္ေတာင္ပိုင္းရွိ ပင္လယ္ကမ္းစပ္နားရွိ ငါးေရာင္းဝယ္ေရးဒိုင္မွာ အလုပ္လုပ္ေနတဲ့ လူေတြဆီက ငါးလိုက္ေတာင္းစားေနတဲ့ ပင္လယ္ဖ်ံႀကီး တစ္ေကာင္ရဲ႕ ဗီဒီယိုဖိုင္ အြန္လိုင္းမွာျပန႔္ႏွံ႔ခဲ့ပါတယ္။ ပင္လယ္ဖ်ံေတြဟာ သူတို႔ရဲ႕ အစာအတြက္ ေရထဲကငါးေတြကို ဖမ္းယူစားေသာက္ေလ့ရွိပါတယ္။ ဒါေပမဲ့ အခုဖ်ံႀကီးကေတာ့ ပင္လယ္ထဲက ငါးကို ဖမ္းယူမစားေသာက္ႏိုင္ေတာ့ပဲ လူေရွ႕မွာ ျမင္ေတြ႕ေနရတဲ့ ငါးေတြကို မ်က္စိက်ေနပုံေပၚပါတယ္။

ထိုေနရာကို မ်က္စိလည္ လမ္းမွားၿပီး ေရာက္လာဟန္တူေပမဲ့ ငါးေတြကို ေတြ႕တာေၾကာင့္ ဒီအနီးနားကေန ဘယ္မွ မခြဲႏိုင္ မခြာႏိုင္ဘဲ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။ သူဟာ ငါးေတြကို လုယူစားသုံးျခင္းမရွိဘဲ ေကြၽးမဲ့ အခ်ိန္ကို ေစာင့္ဆိုင္းေနတာပါ။ အဲ့ဒီအခ်ိန္မွာ ငါးေတြကို ထည့္ေနတဲ့ လူတစ္ေယာက္က သူ႔ကို ငါးတစ္ေကာင္ ပစ္ေကြၽးလိုက္ပါတယ္။ ငါးတစ္ေကာင္ပစ္ေကြၽးလိုက္ေပမဲ့ ဒီအနားက မသြားႏိုင္ေသးပါဘူး။ ေနာက္ထပ္ျမန္း ထပ္ေကြၽးဦးမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေစာင့္ဆိုင္းေနတာ ဗီဒီယိုဖိုင္မွာ ေတြ႕ရမွာပါ။

တကယ္တမ္းေတာ့ ပင္လယ္ဖ်ံနဲ႔ ငါးဖမ္းသမားဆိုတာ ရန္သူေတြလိုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ငါးဖမ္းသမားဖမ္းလာတဲ့ ငါးေတြကို ဖ်ံေတြက အလစ္လုယူစားသုံးတတ္လို႔ပါပဲ။ ဒါ့ေၾကာင့္ ဖ်ံေတြကို ငါးသူခိုးလို႔ ငါးဖမ္းသမားအခ်ိဳ႕က ေခၚဆိုၾကပါတယ္။ ဒါေပမဲ့ အခုေတြ႕ျမင္ရတဲ့ ပင္လယ္ဖ်ံ ႀကီးကေတာ့ လိမၼာတဲ့ ပင္လယ္ဖ်ံႀကီးတစ္ေကာင္လို႔ ဆိုရမလိုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ေရွ႕မွာ ငါးေတြတပုံႀကီးေတြ႕ေနေပမဲ့ ေကြၽးမဲ့ အခ်ိန္ကိုပဲ စိတ္ရွည္လက္ရွည္ေစာင့္ဆိုင္းေနတတ္လိုပဲျဖစ္ပါတယ္။

mckzonedaily

Unicode ျဖင့္ဖတ္ရန္

ငါးဒိုင်မှာ အလုပ်လုပ်နေတဲ့သူတွေဆီက စိတ်ရှည်လက်ရှည် ငါးလိုက်တောင်းစားနေတဲ့ ပင်လယ်ဖျံကြီး

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်တောင်ပိုင်းရှိ ပင်လယ်ကမ်းစပ်နားရှိ ငါးရောင်းဝယ်ရေးဒိုင်မှာ အလုပ်လုပ်နေတဲ့ လူတွေဆီက ငါးလိုက်တောင်းစားနေတဲ့ ပင်လယ်ဖျံကြီး တစ်ကောင်ရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာပြန့်နှံ့ခဲ့ပါတယ်။ ပင်လယ်ဖျံတွေဟာ သူတို့ရဲ့ အစာအတွက် ရေထဲကငါးတွေကို ဖမ်းယူစားသောက်လေ့ရှိပါတယ်။ ဒါပေမဲ့ အခုဖျံကြီးကတော့ ပင်လယ်ထဲက ငါးကို ဖမ်းယူမစားသောက်နိုင်တော့ပဲ လူရှေ့မှာ မြင်တွေ့နေရတဲ့ ငါးတွေကို မျက်စိကျနေပုံပေါ်ပါတယ်။

ထိုနေရာကို မျက်စိလည် လမ်းမှားပြီး ရောက်လာဟန်တူပေမဲ့ ငါးတွေကို တွေ့တာကြောင့် ဒီအနီးနားကနေ ဘယ်မှ မခွဲနိုင် မခွာနိုင်ဘဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ သူဟာ ငါးတွေကို လုယူစားသုံးခြင်းမရှိဘဲ ကျွေးမဲ့ အချိန်ကို စောင့်ဆိုင်းနေတာပါ။ အဲ့ဒီအချိန်မှာ ငါးတွေကို ထည့်နေတဲ့ လူတစ်ယောက်က သူ့ကို ငါးတစ်ကောင် ပစ်ကျွေးလိုက်ပါတယ်။ ငါးတစ်ကောင်ပစ်ကျွေးလိုက်ပေမဲ့ ဒီအနားက မသွားနိုင်သေးပါဘူး။ နောက်ထပ်မြန်း ထပ်ကျွေးဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေတာ ဗီဒီယိုဖိုင်မှာ တွေ့ရမှာပါ။

တကယ်တမ်းတော့ ပင်လယ်ဖျံနဲ့ ငါးဖမ်းသမားဆိုတာ ရန်သူတွေလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ငါးဖမ်းသမားဖမ်းလာတဲ့ ငါးတွေကို ဖျံတွေက အလစ်လုယူစားသုံးတတ်လို့ပါပဲ။ ဒါ့ကြောင့် ဖျံတွေကို ငါးသူခိုးလို့ ငါးဖမ်းသမားအချို့က ခေါ်ဆိုကြပါတယ်။ ဒါပေမဲ့ အခုတွေ့မြင်ရတဲ့ ပင်လယ်ဖျံ ကြီးကတော့ လိမ္မာတဲ့ ပင်လယ်ဖျံကြီးတစ်ကောင်လို့ ဆိုရမလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ရှေ့မှာ ငါးတွေတပုံကြီးတွေ့နေပေမဲ့ ကျွေးမဲ့ အချိန်ကိုပဲ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေတတ်လိုပဲဖြစ်ပါတယ်။

mckzonedaily

Leave a Reply

Your email address will not be published. Required fields are marked *