ဗြိတိန်နိုင်ငံက Pfizer ကိုဗစ်ကာကွယ်ဆေးကို တရားဝင် ထိုးနှံခွင့်ပြုလိုက်ပြီ

ဗြိတိန်နိုင်ငံက Pfizer ကိုဗစ်ကာကွယ်ဆေးကို တရားဝင် ထိုးနှံခွင့် ပြုလိုက်ပါပြီ။ Pfizer နဲ့ BioNTech ဇီဝနည်းပညာကုမ္ပဏီတွေ ပူးပေါင်းဖော်စပ်ခဲ့တဲ့ ကာကွယ်ဆေးဟာ

ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ လာမယ့်တစ်ပတ်ကစပြီး Pfizer ကာကွယ်ဆေးကို ထိုးနှံခွင့်ပေးလိုက်ပြီလို့ ဗြိတိန်နိုင်ငံ ဆေးဝါးနှင့်

ကျန်းမာရေးဝန်ဆောင်မှု ထုတ်ကုန်ပစ္စည်းများဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအေဂျင်စီ (MHRA) က ပြောပါတယ်။

သက်ကြီးရွယ်အိုတွေ၊ ထိလွယ်ရှလွယ်တဲ့ လူနာတွေလို အရေးတကြီးလိုအပ်နေသူတွေအတွက် လာမယ့်ရက်ပိုင်းအတွင်း ကာကွယ်ဆေး ထိုးနှံပေးသွားဖွယ် ရှိနေပါတယ်။

ဗြိတိန်နိုင်ငံက Pfizer ကာကွယ်ဆေး အဖုံ သန်း ၄၀ ဝယ်ယူထားပြီး ( ၂ ကြိမ်ထိုးရတဲ့အတွက်) လူသန်း ၂၀ ကို ကာကွယ်ဆေး ထိုးပေးနိုင်မှာပါ။ လာမယ့်ရက်ပိုင်းအတွင်း

ဗြိတိန်နိုင်ငံကို ကာကွယ်ဆေး အဖုံ ၈ သိန်း ရောက်ရှိလာမှာဖြစ်သလို အချိန်တိုအတွင်း ကာကွယ်ဆေး အဖုံ ၁၀ သန်း ပို့ဆောင်နိုင်ဖွယ် ရှိပါတယ်။

ဗြိတိန်နိုင်ငံမှာ ဆေးရုံ ၅၀ နီးပါး အသင့်ပြင်ဆင်ထားပြီး ကာကွယ်ဆေးထိုးနှံရေးစင်တာတွေ တည်ထောင်လျက်ရှိပါတယ်။ ကာကွယ်ဆေး စတင်ထိုးနှံနိုင်ပြီဆိုပေမဲ့ လူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးဖို့ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်နေဆဲပဲလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။
…………..

Zawgyi

ဗြိတိန်နိုင်ငံက Pfizer ကိုဗစ်ကာကွယ်ဆေးကို တရားဝင် ထိုးနှံခွင့်ပြုလိုက်ပြီ

ဗြိတိန်နိုင်ငံက Pfizer ကိုဗစ်ကာကွယ်ဆေးကို တရားဝင် ထိုးနှံခွင့် ပြုလိုက်ပါပြီ။ Pfizer နဲ့ BioNTech ဇီဝနည်းပညာကုမ္ပဏီတွေ ပူးပေါင်းဖော်စပ်ခဲ့တဲ့ ကာကွယ်ဆေးဟာ

ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ လာမယ့်တစ်ပတ်ကစပြီး Pfizer ကာကွယ်ဆေးကို ထိုးနှံခွင့်ပေးလိုက်ပြီလို့ ဗြိတိန်နိုင်ငံ ဆေးဝါးနှင့်

ကျန်းမာရေးဝန်ဆောင်မှု ထုတ်ကုန်ပစ္စည်းများဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအေဂျင်စီ (MHRA) က ပြောပါတယ်။

သက်ကြီးရွယ်အိုတွေ၊ ထိလွယ်ရှလွယ်တဲ့ လူနာတွေလို အရေးတကြီးလိုအပ်နေသူတွေအတွက် လာမယ့်ရက်ပိုင်းအတွင်း ကာကွယ်ဆေး ထိုးနှံပေးသွားဖွယ် ရှိနေပါတယ်။

ဗြိတိန်နိုင်ငံက Pfizer ကာကွယ်ဆေး အဖုံ သန်း ၄၀ ဝယ်ယူထားပြီး ( ၂ ကြိမ်ထိုးရတဲ့အတွက်) လူသန်း ၂၀ ကို ကာကွယ်ဆေး ထိုးပေးနိုင်မှာပါ။ လာမယ့်ရက်ပိုင်းအတွင်း

ဗြိတိန်နိုင်ငံကို ကာကွယ်ဆေး အဖုံ ၈ သိန်း ရောက်ရှိလာမှာဖြစ်သလို အချိန်တိုအတွင်း ကာကွယ်ဆေး အဖုံ ၁၀ သန်း ပို့ဆောင်နိုင်ဖွယ် ရှိပါတယ်။

ဗြိတိန်နိုင်ငံမှာ ဆေးရုံ ၅၀ နီးပါး အသင့်ပြင်ဆင်ထားပြီး ကာကွယ်ဆေးထိုးနှံရေးစင်တာတွေ တည်ထောင်လျက်ရှိပါတယ်။ ကာကွယ်ဆေး စတင်ထိုးနှံနိုင်ပြီဆိုပေမဲ့ လူတွေအနေနဲ့

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးဖို့ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်နေဆဲပဲလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

Ref: BBC ” Covid Pfizer vaccine approved for use next week in UK”
Nz (ရိုးရာလေး)

Leave a Reply

Your email address will not be published. Required fields are marked *