ကိုဗစ္ကာလ မွာ အခ်ိန္အၾကာႀကီး ရပ္ထားရမယ့္ ကားပိုင္ရွင္ ေတြ သိထား ရမယ့္ အခ်က္မ်ားနဲ႔ သတိျပဳရန္

၁။ ကားအင္ဂ်င္ဝိုင္ေတြကို လဲထားပါ။ အင္ဂ်င္ဝိုင္ လဲမထားတာ ကီလို ၃၀၀၀-၄၀၀၀၀ ၾကာေနၿပီဆိုလွ်င္ အင္ဂ်င္ဝိုင္ သက္တမ္း မကုန္ ေသးတာ ျဖစ္ႏိုင္ေပမယ့္ ကားကိုအၾကာႀကီး ထိုးမထားခင္ လဲထားသင့္ပါတယ္။ ညစ္ေပေနတဲ့ အင္ဂ်င္ဝိုင္ထဲမွာ အညစ္အေၾကးေတြဟာ စက္မႏႈိးဘဲ အခ်ိန္ၾကာလာလွ်င္ ပ်စ္ခဲလာတတ္ပါတယ္။ ဒါ့ေၾကာင့္ ကားကိုအသုံးမျပဳဘဲ

အခ်ိန္အၾကာႀကီး ထိုးထားမယ္ဆိုလွ်င္ အင္ဂ်င္ ဝိုင္အသစ္လဲၿပီးမွ ထိုးထားတာက မ်ားစြာပိုေကာင္းပါတယ္။ ထို႔အတူပဲ ဂီယာဝိုင္ နဲ႔ ကေရာင္းဝိုင္ေတြ မလဲတာ ၾကာေနၿပီဆိုလွ်င္လည္း လဲထားၿပီးမွ ထိုးထားသင့္ပါတယ္။

၂။ ကားဆီတိုင္ကီထဲကို ဆီအျပည့္ ျဖည့္ထားပါ။ ၿပီးလွ်င္ ဆီကို မပ်က္စီးေစတဲ့ Additives ေတြ ထည့္ထားပါ။ ဆီတိုင္ကီထဲမွာ ဆီအ ျပည့္မရွိရင္ တိုင္ကီအတြင္းထဲမွာ သံေခ်းတက္ တက္ပါတယ္။ ဒါ့ေၾကာင့္ ဆီအျပည့္ ျဖည့္ထားျခင္းျဖင့္ ဆီတိုင္ကီအတြင္း သံေခ်းတက္ ျခင္းကို ကာကြယ္ႏိုင္ပါတယ္။ ဆီတိုင္ကီထဲမွာ အသုံးမျပဳဘဲထားတဲ့ ဓါတ္ဆီ၊ ဒီဇယ္ဟာ အခ်ိန္ၾကာလွ်င္ အရည္အေသြး က်ဆင္းလာၿပီး ဆီလမ္းေၾကာင္းကို ဒုကၡေပးတတ္ပါတယ္။

ဒါ့ေၾကာင့္ ဆီအရည္အေသြး က်မသြားေစရန္ ဓါတ္ဆီကားဆိုလွ်င္ Hybrid Additive သို႔မဟုတ္ Injection Cleaner ဒီဇယ္ကားဆိုလွ်င္ Super Diesel Additives ကို ထည့္ထားၿပီးမွသာလွ်င္ အခ်ိန္အၾကာႀကီး ထိုးထားသင့္ပါတယ္။ Additives ေတြ ထည့္ၿပီးလွ်င္ အနည္း ဆုံး (၁၅) မိနစ္ခန္႔ စက္ႏႈိးထားၿပီးမွ ရပ္ထားသင့္ပါတယ္။ ဒါမွသာ Additives ေတြအတြက္ ဆီလမ္းေၾကာင္းတစ္ေလွ်ာက္ ျပန္႔ႏွံ႔ေရာက္ ရွိပို အခ်ိန္လုံေလာက္စြာ ရရွိမွာျဖစ္ပါတယ္။

၃။ တာယာေတြကို ေလအျပည့္ထိုးထားပါ။ ျဖစ္ႏိုင္လွ်င္ ကားကို တာယာေပၚ ဝန္မပိေစရန္ အသုံးျပဳသည့္ တာယာေဒါက္မ်ားကို အသုံး ျပဳပါ။ ကားကို တစ္လ ႏွစ္ႀကိမ္ခန္႔ ထုတ္ေမာင္းၿပီး ေလေလ်ာ့ေနပါက ျပန္ျဖည့္တင္းပါ။ တာယာထုပါးသည့္ ၿပိဳင္ကားမ်ားအတြက္ေတာ့ (၂) လခန္႔ ဒီအတိုင္းရပ္ထားလွ်င္လည္း အဆင္ေျပပါတယ္။ ၄။ ကားပါကင္ဘရိတ္ကို ဆြဲမထားပါနဲ႔။ ကားဘရိတ္ေတြဟာ Rotor ေတြနဲ႔ ထိကပ္တာ ၾကာလာလွ်င္ ကပ္သြားတတ္ပါတယ္။ ကားရပ္ထားရမယ့္ မ်က္ႏွာျပင္ မညီညာလွ်င္ ကားဂီယာမနာေစရန္ ႏွင့္ ကားမေ႐ြ႕ေစ ရန္ ဂ်မ္းတုံးရွာၿပီး ခုထားပါ။

၅။ ကားကို အျပင္ေရာ အတြင္းပါ သန္႔ရွင္းထားပါ။ အျပင္ကို သန္႔ရွင္းထားျခင္းသည္ ကား၏ ေဆးသားမ်ားကို အညစ္အေၾကးမ်ားမွ စား သြားျခင္း ကြက္သြားျခင္းမွ ကာကြယ္ရန္ျဖစ္ၿပီး အတြင္းပိုင္းကို သန္႔ရွင္းျခင္းသည္ မႈိမ်ား ဘက္တီးရီးယားမ်ား ေပါက္ဖြားလာမည့္ အညစ္ အေၾကးမ်ားကို သန္႔ရွင္းျခင္းျဖစ္ပါတယ္။ ၆။ ကားအတြင္းခန္းတြင္ ႂကြက္မ်ား ခိုေအာင္းမေနရန္ႏွင့္ ဝါယာႀကိဳးမ်ားကို ႂကြက္မကိုက္ေစ ရန္ ျဖန္းသည့္ ေဆးရည္ကို အသုံးျပဳ၍ ႂကြက္သိုက္မ်ားႏွင့္ ႂကြက္ကိုက္ျခင္းကို ကာကြယ္ထားသင့္ ပါတယ္။ ႂကြက္ကိုက္ထားသည့္ ဝါ ယာႀကိဳးမ်ားသည္ ဝါယာေရွာ့ျဖစ္ၿပီး ကားမီးေလာင္ျခင္းအႏၲရာယ္ကို ျဖစ္ေစႏိုင္သျဖင့္ ဝါယာမ်ား ႂကြက္ကိုက္ထားျခင္းရွိမရွိ ကားျပန္ လည္အသုံးျပဳမည့္အခ်ိန္တြင္ စစ္ေဆးသင့္ပါတယ္။

၇။ ကားရပ္ထားတာ ၾကာလွ်င္ ဘက္ထရီ အားကုန္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ကားကို အနည္းဆုံး (၁) ပတ္ တစ္ႀကိမ္ ၁၅ မိနစ္ခန္႔ စက္ႏႈိးေပးပါ။ ဒီလိုစက္ႏႈိးေပးျခင္းဟာ ဒုကၡမ်ားတဲ့ ဘက္ထရီေထာက္ႏႈိးရျခင္းကို ကာကြယ္ေပးပါတယ္။ မိမိကား ဘက္ထရီအားကုန္တာ ျမန္တယ္ဆိုရင္ (၃) ရက္ျခားတစ္ခါ (၁၅) မိနစ္ခန္႔ စက္ႏႈိးေပးသင့္ပါတယ္။ ျဖစ္ႏိုင္လွ်င္ ႏွစ္ပတ္လွ်င္ တစ္ႀကိမ္ခန္႔ ကားကို (၁၅) မိနစ္ ဝန္းက်င္ ပတ္ေမာင္းေပးသင့္ပါတယ္။ ကားရဲ႕ အင္ဂ်င္အစိတ္အပိုင္းေတြကို ဆီမ်ားနဲ႔ ေခ်ာေမြ႕ကာကြယ္ေပးေနေစဖို႔ ျဖစ္ပါတယ္။

၈။ ကားဟာ အိမ္အတြင္းၿခံဝင္းအတြင္းမွာ ရပ္ထားတယ္ဆိုလွ်င္ မွန္ကို အနည္းငယ္ (၁) လက္မ၏ (၄) ပုံ (၁) ပုံခန္႔ ဖြင့္ထားႏိုင္ပါတယ္။ ကားအတြင္း ေလေတြနဲ႔ စိုထိုင္းဆေတြ ပူၿပီး ပိတ္ေလွာင္မေနဖို႔ျဖစ္ပါတယ္။ ဖြင့္ထားတဲ့ ေနရာကေန ဖုန္ေတြမ်ားစြာ ဝင္မလာေစရန္ မိုး ကာနဲ႔ လုံၿခဳံစြာ အုပ္ထားသင့္ပါတယ္။ ၿခံျပင္မွာရပ္ထားတယ္ ဆိုလွ်င္ေတာ့ မွန္ကိုအေပၚထိ လုံၿခဳံစြာ ပိတ္ထားသင့္ပါတယ္။

၉။ ကားဝိုက္ပါ မ်ားကို ပလပ္စတစ္ အၾကည္သားတစ္ခုနဲ႔ အုပ္ထားပါ။ ကားဝိုက္ပါ ရာဘာသားေတြဟာ အခ်ိန္ၾကာျမင့္စြာ ပစ္ထားလွ်င္ မွန္နဲ႔ ကပ္သြားၿပီး ပ်က္စီးတတ္ပါတယ္။ ဒါ့ေၾကာင့္ ပလပ္စတစ္ အၾကည္အလႊာပါးနဲ႔ အုပ္ထားသင့္ပါတယ္။ ကိုဗစ္ ၿပီးလို႔ ကားေလးေတြ ျပန္လည္အသုံးျပဳမယ့္ အခ်ိန္မွာ သြက္လက္က်န္းမာႏိုင္ၾကပါေစခင္ဗ်ာ။

တစ္ခ်ိဳ႕က ကားသိပ္မသုံးျဖစ္ဘဲ ဒီအတိုင္းရပ္ထားရတဲ့အခ်ိန္ေတြ မ်ားလာတာ ရွိပါလိမ့္မယ္။ အခ်ိန္အၾကာႀကီး ရပ္ထားၿပီး ကားကို ျပန္လည္အသုံးျပဳတဲ့အခါ အဆင္မေျပတာေလးေတြ ႀကဳံရတတ္ပါတယ္။ ဒါ့ေၾကာင့္ ေအာက္ပါအခ်က္ေလးေတြကို ဂ႐ုစိုက္ေပးရင္ အေကာင္းဆုံးျဖစ္ပါတယ္။

UNICODE

၁။ ကားအင်ဂျင်ဝိုင်တွေကို လဲထားပါ။ အင်ဂျင်ဝိုင် လဲမထားတာ ကီလို ၃၀၀၀-၄၀၀၀၀ ကြာနေပြီဆိုလျှင် အင်ဂျင်ဝိုင် သက်တမ်း မကုန် သေးတာ ဖြစ်နိုင်ပေမယ့် ကားကိုအကြာကြီး ထိုးမထားခင် လဲထားသင့်ပါတယ်။ ညစ်ပေနေတဲ့ အင်ဂျင်ဝိုင်ထဲမှာ အညစ်အကြေးတွေဟာ စက်မနှိုးဘဲ အချိန်ကြာလာလျှင် ပျစ်ခဲလာတတ်ပါတယ်။ ဒါ့ကြောင့် ကားကိုအသုံးမပြုဘဲ အချိန်အကြာကြီး ထိုးထားမယ်ဆိုလျှင် အင်ဂျင် ဝိုင်အသစ်လဲပြီးမှ ထိုးထားတာက များစွာပိုကောင်းပါတယ်။ ထို့အတူပဲ ဂီယာဝိုင် နဲ့ ကရောင်းဝိုင်တွေ မလဲတာ ကြာနေပြီဆိုလျှင်လည်း လဲထားပြီးမှ ထိုးထားသင့်ပါတယ်။

၂။ ကားဆီတိုင်ကီထဲကို ဆီအပြည့် ဖြည့်ထားပါ။ ပြီးလျှင် ဆီကို မပျက်စီးစေတဲ့ Additives တွေ ထည့်ထားပါ။ ဆီတိုင်ကီထဲမှာ ဆီအ ပြည့်မရှိရင် တိုင်ကီအတွင်းထဲမှာ သံချေးတက် တက်ပါတယ်။ ဒါ့ကြောင့် ဆီအပြည့် ဖြည့်ထားခြင်းဖြင့် ဆီတိုင်ကီအတွင်း သံချေးတက် ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဆီတိုင်ကီထဲမှာ အသုံးမပြုဘဲထားတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဟာ အချိန်ကြာလျှင် အရည်အသွေး ကျဆင်းလာပြီး ဆီလမ်းကြောင်းကို ဒုက္ခပေးတတ်ပါတယ်။

ဒါ့ကြောင့် ဆီအရည်အသွေး ကျမသွားစေရန် ဓါတ်ဆီကားဆိုလျှင် Hybrid Additive သို့မဟုတ် Injection Cleaner ဒီဇယ်ကားဆိုလျှင် Super Diesel Additives ကို ထည့်ထားပြီးမှသာလျှင် အချိန်အကြာကြီး ထိုးထားသင့်ပါတယ်။ Additives တွေ ထည့်ပြီးလျှင် အနည်း ဆုံး (၁၅) မိနစ်ခန့် စက်နှိုးထားပြီးမှ ရပ်ထားသင့်ပါတယ်။ ဒါမှသာ Additives တွေအတွက် ဆီလမ်းကြောင်းတစ်လျှောက် ပြန့်နှံ့ရောက် ရှိပို အချိန်လုံလောက်စွာ ရရှိမှာဖြစ်ပါတယ်။

၃။ တာယာတွေကို လေအပြည့်ထိုးထားပါ။ ဖြစ်နိုင်လျှင် ကားကို တာယာပေါ် ဝန်မပိစေရန် အသုံးပြုသည့် တာယာဒေါက်များကို အသုံး ပြုပါ။ ကားကို တစ်လ နှစ်ကြိမ်ခန့် ထုတ်မောင်းပြီး လေလျော့နေပါက ပြန်ဖြည့်တင်းပါ။ တာယာထုပါးသည့် ပြိုင်ကားများအတွက်တော့ (၂) လခန့် ဒီအတိုင်းရပ်ထားလျှင်လည်း အဆင်ပြေပါတယ်။ ၄။ ကားပါကင်ဘရိတ်ကို ဆွဲမထားပါနဲ့။ ကားဘရိတ်တွေဟာ Rotor တွေနဲ့ ထိကပ်တာ ကြာလာလျှင် ကပ်သွားတတ်ပါတယ်။ ကားရပ်ထားရမယ့် မျက်နှာပြင် မညီညာလျှင် ကားဂီယာမနာစေရန် နှင့် ကားမရွေ့စေ ရန် ဂျမ်းတုံးရှာပြီး ခုထားပါ။

၅။ ကားကို အပြင်ရော အတွင်းပါ သန့်ရှင်းထားပါ။ အပြင်ကို သန့်ရှင်းထားခြင်းသည် ကား၏ ဆေးသားများကို အညစ်အကြေးများမှ စား သွားခြင်း ကွက်သွားခြင်းမှ ကာကွယ်ရန်ဖြစ်ပြီး အတွင်းပိုင်းကို သန့်ရှင်းခြင်းသည် မှိုများ ဘက်တီးရီးယားများ ပေါက်ဖွားလာမည့် အညစ် အကြေးများကို သန့်ရှင်းခြင်းဖြစ်ပါတယ်။ ၆။ ကားအတွင်းခန်းတွင် ကြွက်များ ခိုအောင်းမနေရန်နှင့် ဝါယာကြိုးများကို ကြွက်မကိုက်စေ ရန် ဖြန်းသည့် ဆေးရည်ကို အသုံးပြု၍ ကြွက်သိုက်များနှင့် ကြွက်ကိုက်ခြင်းကို ကာကွယ်ထားသင့် ပါတယ်။ ကြွက်ကိုက်ထားသည့် ဝါ ယာကြိုးများသည် ဝါယာရှော့ဖြစ်ပြီး ကားမီးလောင်ခြင်းအန္တရာယ်ကို ဖြစ်စေနိုင်သဖြင့် ဝါယာများ ကြွက်ကိုက်ထားခြင်းရှိမရှိ ကားပြန် လည်အသုံးပြုမည့်အချိန်တွင် စစ်ဆေးသင့်ပါတယ်။

၇။ ကားရပ်ထားတာ ကြာလျှင် ဘက်ထရီ အားကုန်သွားတတ်ပါတယ်။ ဒါ့ကြောင့်ကားကို အနည်းဆုံး (၁) ပတ် တစ်ကြိမ် ၁၅ မိနစ်ခန့် စက်နှိုးပေးပါ။ ဒီလိုစက်နှိုးပေးခြင်းဟာ ဒုက္ခများတဲ့ ဘက်ထရီထောက်နှိုးရခြင်းကို ကာကွယ်ပေးပါတယ်။ မိမိကား ဘက်ထရီအားကုန်တာ မြန်တယ်ဆိုရင် (၃) ရက်ခြားတစ်ခါ (၁၅) မိနစ်ခန့် စက်နှိုးပေးသင့်ပါတယ်။ ဖြစ်နိုင်လျှင် နှစ်ပတ်လျှင် တစ်ကြိမ်ခန့် ကားကို (၁၅) မိနစ် ဝန်းကျင် ပတ်မောင်းပေးသင့်ပါတယ်။ ကားရဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို ဆီများနဲ့ ချောမွေ့ကာကွယ်ပေးနေစေဖို့ ဖြစ်ပါတယ်။

၈။ ကားဟာ အိမ်အတွင်းခြံဝင်းအတွင်းမှာ ရပ်ထားတယ်ဆိုလျှင် မှန်ကို အနည်းငယ် (၁) လက်မ၏ (၄) ပုံ (၁) ပုံခန့် ဖွင့်ထားနိုင်ပါတယ်။ ကားအတွင်း လေတွေနဲ့ စိုထိုင်းဆတွေ ပူပြီး ပိတ်လှောင်မနေဖို့ဖြစ်ပါတယ်။ ဖွင့်ထားတဲ့ နေရာကနေ ဖုန်တွေများစွာ ဝင်မလာစေရန် မိုး ကာနဲ့ လုံခြုံစွာ အုပ်ထားသင့်ပါတယ်။ ခြံပြင်မှာရပ်ထားတယ် ဆိုလျှင်တော့ မှန်ကိုအပေါ်ထိ လုံခြုံစွာ ပိတ်ထားသင့်ပါတယ်။

၉။ ကားဝိုက်ပါ များကို ပလပ်စတစ် အကြည်သားတစ်ခုနဲ့ အုပ်ထားပါ။ ကားဝိုက်ပါ ရာဘာသားတွေဟာ အချိန်ကြာမြင့်စွာ ပစ်ထားလျှင် မှန်နဲ့ ကပ်သွားပြီး ပျက်စီးတတ်ပါတယ်။ ဒါ့ကြောင့် ပလပ်စတစ် အကြည်အလွှာပါးနဲ့ အုပ်ထားသင့်ပါတယ်။ ကိုဗစ် ပြီးလို့ ကားလေးတွေ ပြန်လည်အသုံးပြုမယ့် အချိန်မှာ သွက်လက်ကျန်းမာနိုင်ကြပါစေခင်ဗျာ။

တစ်ချို့က ကားသိပ်မသုံးဖြစ်ဘဲ ဒီအတိုင်းရပ်ထားရတဲ့အချိန်တွေ များလာတာ ရှိပါလိမ့်မယ်။ အချိန်အကြာကြီး ရပ်ထားပြီး ကားကို ပြန်လည်အသုံးပြုတဲ့အခါ အဆင်မပြေတာလေးတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် အောက်ပါအချက်လေးတွေကို ဂရုစိုက်ပေးရင် အကောင်းဆုံးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *