
Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

အဆိုတော် ရဲရင့်အောင်၏ အဖွားဖြစ်သူ၏ဈာပနအား ကိုင်ဖေးမကူညီမှုခဲ့တဲ့ ဦးကျော်သူနဲ့ ထွန်းကိုကို

၂၀၂၀၊ ဒီဇင်ဘာ ၊ (၃)ရက်ယနေ့ နံနက် (၁၀း၃၀)နာရီတွင် ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊
(၂၉)ရပ်ကွက်၊ ဦးထွန်းမြင့်လမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားသော အဆိုတော် ရဲရင့်အောင် ၏ အဖွားဒေါ်ခင်လှ အသက်(၇၈)နှစ်၏ ရုပ်အလောင်းအား နေအိမ်မှ ရေဝေးသုသာန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ(အခမဲ့)ပို့ဆောင်ကူညီပေးခဲ့ပါသည်။

ထိုသို့ ပို့ဆောင်မှုတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို တို့မှ နိဗ္ဗာန်ယာဉ်မောင်းနှင်၍ စေတနာ့လုပ်အားပေး အသင်းသား/အသင်သူ များမှဖေးမကူညီပေးခဲ့သည် ။ အမေကြီး ဒေါ်ခင်လှကောင်းရာသုဂတိလားပါစေ။

နာရေးကိစ္စများနှင့်ပတ်သက်၍အကူညီတောင်းခံလိုပါကရုံးချုပ် ဖုန်း – 01-709277 ၊ 01- 704784 ၊09 – 406 7777 13 ၊ 09 – 406 7777 14ရေဝေးရုံးခွဲဖုန်း – 09 406 7777 24ထိန်ပင်ရုံးခွဲဖုန်း – 09 406 7777 92 သို့(အခမဲ့)ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ဓါတ်ပုံ – ##Robert_Aung #FFSS_Ygn#Kyaw_Thu #Tun_Ko_Ko

Leave a Reply

Your email address will not be published. Required fields are marked *