Zawgyi ျဖင့္ဖတ္ရန္
မင္းကြန္းဆရာေတာ္ႀကီး မိခင္ႀကီးကို ဂရုစိုက္ပံု
မင္းကြန္းဆရာေတာ္ႀကီးသည္မိခင္ႀကီးႏွစ္သက္သည့္ အစားအစာ စသည္ကိုလည္းဂရုတစိုက္ ေပးကာ ေကြၽးကာ၊ေနစရာ ေနအိမ္ ေဆာက္လုပ္ေပးကာ၊သင့္ေတာ္မည့္တရားမ်ားလည္း ေဟာၾကား ျပသေပးကာျဖင့္ အေလာင္းေတာ္ျမတ္ ေဗာဓိသတ္ပမာ မာတုေပါသကလုပ္ငန္းကို ဝမ္းေျမာက္စြာေဆာင္႐ြက္ေတာ္မူေလသည္။
“မိခင္ကို မေသခင္ လုပ္ေကြၽး”
၁၃၂၃-ခုႏွစ္ မိခင္ႀကီး ေဒၚဆင္ ကြယ္လြန္သြားခ်ိန္တြင္ဦးဘသင္ ေရာက္လာၿပီး မိခင္ႀကီး၏ ႐ုပ္ကလာပ္ကိုၾကည့္ကာ ႐ိႈက္ႀကီးတငင္ ငိုေႂကြးေလရာဆရာေတာ္သည္ ညီျဖစ္သူ ဦးဘသင္အား -“ငိုရမွာေပါ့ကြာ၊ ေအး .. မင္းက အခုမွ ေနာင္တရၿပီးငိုေႂကြးေနတာ၊ အေမ အသက္ရွိစဥ္က မင္းဟာ အေမ့ကိုေထာက္ပံ့ရမွန္း ေကြၽးေမြးရမွန္း မသိဘူး။
မင္းရဲ႕ ပူေဆြးေသာကဟာ ေနာက္က်သြားၿပီ။ငါကေတာ့ တစ္သက္လံုး မငိုရေအာင္ လုပ္ခဲ့တယ္။မင္းလို ငိုေႂကြးစရာ ပူပင္ေသာကေရာက္စရာ မလိုေတာ့ဘူး။ငါကေတာ့ မငိုပါဘူး၊ မိခင္အေပၚ လိုသည္ထက္ပိုၿပီး ျပဳစုထားတာျဖစ္လို႔ ငါ ငိုဖို႔ မလိုဘူး။က႐ုဏာေဒါေသာျဖင့္ မိန္႔ၾကားေတာ္မူသည္။(ညီအရင္းျဖစ္၍ ဤသို႔ အားမလို ၊အားမရမိန္႔ၾကားျခင္း ျဖစ္သည္။)
“ကိုရင္ … မိဘကို လုပ္ေကြၽးဗ်ား၊ဘုန္းႀကီးအသက္ ၂၄-ႏွစ္အ႐ြယ္တုန္းက ဘုန္းႀကီးအက်ိဳးလိုလားတဲ့ ဆရာေတာ္တစ္ပါးက ဆံုးမဖူးတယ္။ဦးဇင္း မိဘကို ႐ို႐ိုေသေသ လုပ္ေကြၽး၊မိဘက ျဖဴတယ္ဆိုရင္ ျဖဴလိုက္၊မည္းတယ္ဆိုရင္ မည္းလိုက္၊ကိုယ္က ဝါးလံုးလို႔ သိရက္သားနဲ႔ မိဘက ဝါးျခမ္းဆိုရင္ျခမ္းလိုက္ဗ်ာ” လို႔ ၾသဝါဒေပးခဲ့တယ္။
ဘုန္းႀကီးလဲ အသက္ ၂၄-ႏွစ္ကတည္းကမယ္ေတာ္ႀကီး ကြယ္လြန္သည္အထိ ဒီအဆံုးအမအတိုင္းလိုက္နာခဲ့တယ္။ ယခုလဲ ကိုရင္ မိဘကိုလုပ္ေကြၽးဗ်ာ။ ကိုရင္ အသက္ရွည္မွာပါ” ဟူ၍ ျဖစ္ေပသည္။ဘဒၵႏၲသီလကၡႏၶာဘိဝံသ ေရးဖြဲ႕ ပူေဇာ္သည့္မင္းကြန္းဆရာေတာ္ဘုရားႀကီး သက္ေတာ္ရာျပည့္အထိမ္းအမွတ္ (၁၂၇၃-၁၃၇၃)၊ “တိပိဋကဓရအရွင္ျမတ္မ်ား၏ ဖခင္ကမၻာေက်ာ္ မင္းကြန္းေထရွင္” မွ
Credit:Bamakhit
Unicode ျဖင့္ဖတ္ရန္
မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဂရုစိုက်ပုံ
မင်းကွန်းဆရာတော်ကြီးသည်မိခင်ကြီးနှစ်သက်သည့် အစားအစာ စသည်ကိုလည်းဂရုတစိုက် ပေးကာ ကျွေးကာ၊နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ်ပမာ မာတုပေါသကလုပ်ငန်းကို ဝမ်းမြောက်စွာဆောင်ရွက်တော်မူလေသည်။
“မိခင်ကို မသေခင် လုပ်ကျွေး”
၁၃၂၃-ခုနှစ် မိခင်ကြီး ဒေါ်ဆင် ကွယ်လွန်သွားချိန်တွင်ဦးဘသင် ရောက်လာပြီး မိခင်ကြီး၏ ရုပ်ကလာပ်ကိုကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေရာဆရာတော်သည် ညီဖြစ်သူ ဦးဘသင်အား -“ငိုရမှာပေါ့ကွာ၊ အေး .. မင်းက အခုမှ နောင်တရပြီးငိုကြွေးနေတာ၊ အမေ အသက်ရှိစဉ်က မင်းဟာ အမေ့ကိုထောက်ပံ့ရမှန်း ကျွေးမွေးရမှန်း မသိဘူး။
မင်းရဲ့ ပူဆွေးသောကဟာ နောက်ကျသွားပြီ။ငါကတော့ တစ်သက်လုံး မငိုရအောင် လုပ်ခဲ့တယ်။မင်းလို ငိုကြွေးစရာ ပူပင်သောကရောက်စရာ မလိုတော့ဘူး။ငါကတော့ မငိုပါဘူး၊ မိခင်အပေါ် လိုသည်ထက်ပိုပြီး ပြုစုထားတာဖြစ်လို့ ငါ ငိုဖို့ မလိုဘူး။ကရုဏာဒေါသောဖြင့် မိန့်ကြားတော်မူသည်။(ညီအရင်းဖြစ်၍ ဤသို့ အားမလို ၊အားမရမိန့်ကြားခြင်း ဖြစ်သည်။)
“ကိုရင် … မိဘကို လုပ်ကျွေးဗျား၊ဘုန်းကြီးအသက် ၂၄-နှစ်အရွယ်တုန်းက ဘုန်းကြီးအကျိုးလိုလားတဲ့ ဆရာတော်တစ်ပါးက ဆုံးမဖူးတယ်။ဦးဇင်း မိဘကို ရိုရိုသေသေ လုပ်ကျွေး၊မိဘက ဖြူတယ်ဆိုရင် ဖြူလိုက်၊မည်းတယ်ဆိုရင် မည်းလိုက်၊ကိုယ်က ဝါးလုံးလို့ သိရက်သားနဲ့ မိဘက ဝါးခြမ်းဆိုရင်ခြမ်းလိုက်ဗျာ” လို့ သြဝါဒပေးခဲ့တယ်။
ဘုန်းကြီးလဲ အသက် ၂၄-နှစ်ကတည်းကမယ်တော်ကြီး ကွယ်လွန်သည်အထိ ဒီအဆုံးအမအတိုင်းလိုက်နာခဲ့တယ်။ ယခုလဲ ကိုရင် မိဘကိုလုပ်ကျွေးဗျာ။ ကိုရင် အသက်ရှည်မှာပါ” ဟူ၍ ဖြစ်ပေသည်။ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ ပူဇော်သည့်မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ရာပြည့်အထိမ်းအမှတ် (၁၂၇၃-၁၃၇၃)၊ “တိပိဋကဓရအရှင်မြတ်များ၏ ဖခင်ကမ္ဘာကျော် မင်းကွန်းထေရှင်” မှ
Credit:Bamakhit