နိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ရဲ ့ NLD အစိုးရလက္ထက္မွာစတင္ထိုးႏွံေပးျပီျဖစ္တဲ့(HPV)ကာကြယ္ေဆး

Zawgyi ျဖင့္ဖတ္ရန္

နိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ရဲ ့ NLD အစိုးရလက္ထက္မွာစတင္ထိုးႏွံေပးျပီျဖစ္တဲ့(HPV)ကာကြယ္ေဆး

လက္တို့ၿပီးေတာ့ေျပာရဦးမယ္။ သမီးေလးကို(HPV) ထိုးေပးၿပီးပါၿပီလို့မေန႔ညကပါ။အသက္၉ႏွစ္နဲ႔၁၀ႏွစ္္ၾကား မိန္းကေလးငယ္မ်ားကို(HPV Vaccine)သြားထိုးၾကဖို့ရပ္ကြက္ထဲမွာေအာ္လံနဲ႔လိုက္လံႏွိုးေဆာ္သံၾကားရပါတယ္၊ဒါနဲ႔ ဒီေန႔မွာ ၿမိဳ့နယ္က်န္းမာေရးေဆးခန္း ဆီသြားၿပီး သမီးေလးကိုHPVကာကြယ္ေဆးသြားေရာက္ ထိုးေပးခဲ့ပါတယ္။

သမီးကေတာ့ေၾကာက္လို့ မထိုးဘူးဆိုၿပီး ကေလးသာဘာဝဂ်ီက်လို့ေနပါတယ္၊ေဆးမထိုးဘူး၊ေဆးတိုက္မွာလို့မုသားစကားသုံးၿပီးေခၚသြားရပါတယ္။ ေဆးခန္းေရာက္ေတာ့ အမည္၊အသက္၊ လိပ္စာ၊ေက်ာင္းအမည္ကိုသာေျပာျပရပါတယ္။ သန္းေခါင္စာရင္းေတာင္မျပလိုက္ရပါဘူး။ ေဆးကလက္ေမာင္းမွာထိုးရတာပါ။

ေဆးထိုးခ်ိန္မွာသမီးရဲ့ ေအာ္ သံတစ္ခ်က္ေလာက္ပဲၾကားလိုက္ရပါတယ္။ အတင္ေျပေျပနဲ႔ ေဆးထိုးၿပီးခဲ့ပါတယ္။ေဆးထိုးၿပီး နာရီဝက္ေလာက္ ထိုင္ေနရပါတယ္။ေဆးအရွိန္ေၾကာင့္ မူးမွာဆိုးလို့ပါ။ ေဆးမွတ္တမ္းကတ္ျပားလည္းေပးပါတယ္။ တစ္ႏွစ္အၾကာမွာ ေနာက္တစ္ႀကိမ္ထပ္မံထိုးရဦးမွာျဖစ္ပါတယ္။ကတ္ျပားကိုေတာ့မေပ်ာက္ေအာင္ေသခ်ာသိမ္းတည္းထားရမွာပါ။

HPVကာကြယ္ေဆးဟာနိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ ရဲ့ NLD အစိုးရလက္ထက္မွာစတင္ထိုးႏွံေပးျခင္းျဖစ္တယ္လို့သိရပါတယ္။သားအိမ္ေခါင္းကင္ဆာဟာ ကမၻာ့အႏွံ့အျပားရွိ အမ်ိဳးသမီးမ်ား စတုတၱေျမာက္အျဖစ္အမ်ားဆုံးကင္ဆာေရာဂါျဖစ္ၿပီး၊ ျမန္မာနိုင္ငံရွိ အမ်ိဳးသမီးမ်ားမွာ အျဖစ္အမ်ားဆုံး ကင္ဆာေရာဂါျဖစ္ေၾကာင္းကမၻာတစ္ဝွမ္းလုံး သားအိမ္ေခါင္းကင္ဆာျဖစ္ပြားသူ အမ်ိဳးသမီး ၈၄၉၀၀၀ ေက်ာ္ရွိၿပီး၊

၃၅၆၀၀၀ ေက်ာ္အသက္ဆုံးရွူံးခဲ့ရေၾကာင္း ျမန္မာနိုင္ငံမွာ အမ်ိဳးသမီး ၆၄၀၀၀ ေက်ာ္ သားအိမ္ေခါင္းကင္ဆာေရာဂါ ခံစားေနရၿပီး ၃၆၀၀၀ ေက်ာ္ အသက္ဆုံးရွူံးခဲ့ရေၾကာင္းနိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ ပုံမွန္ကာကြယ္ေဆးထိုးအစီအစဥ္၊ HPVကာကြယ္ေဆး စတင္ထည့္သြင္းထိုးႏွံျခင္း ဗဟိုအဆင့္ဖြင့္ပြဲအခမ္းအနားမွာထည့္သြင္းေျပာ ၾကားခဲ့ပါတယ္။

က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနက ထိုးႏွံေပးတဲ့ ကာကြယ္ေဆး ၁၂ ခုရွိခဲ့ပါတယ္။ အခု နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ NLD အစိုးရလက္ထက္မွာေတာ့ HPV ကာကြယ္ေဆးကိုထပ္တိုးအျဖစ္ထိုးႏွံေပးခဲ့ရာ ကာကြယ္ေဆး ၁၃ ခုေျမာက္ျဖစ္လာခဲ့ပါတယ္။HPVကာကြယ္ေဆးကို အသက္(၉)ႏွစ္နဲ႔(၁၀)ႏွစ္ၾကား မိန္းခေလး ၄သိန္းခြဲကို ထိုးႏွံေပးမယ္လို့သိရပါတယ္။

အိတ္ခ္်ပီဒီကာကြယ္ေဆးထိုးထားျခင္းအားျဖင့္ သားအိမ္ေခါင္းကင္ဆာေရာဂါ ျဖစ္ပြားမွုကိုကာကြယ္ၿပီးသားျဖစ္ မွာပါ။ေဆးထိုးေပးတဲ့ဆရာဝန္၊ဆရာမေတြေရာ စီစဥ္သူေတြကိုပါေက်းဇူးတင္ပါတယ္။ဒါေၾကာင့္မိဘေတြအေနနဲ႔ သမီးငယ္ေတြကိုအခုလို HPVကာကြယ္ေဆးမျဖစ္ျဖစ္ေအာင္ထိုးေစခ်င္ပါတယ္ လို့လက္တို့ၿပီးေတာ့ေျပာလိုက္ပါရေစ။

ေက်ာ္စြာမင္း၃.၁၂. ၂၀၂၀

Unicode ျဖင့္ဖတ္ရန္

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ ့ NLD အစိုးရလက်ထက်မှာစတင်ထိုးနှံပေးပြီဖြစ်တဲ့(HPV)ကာကွယ်ဆေး

လက်တို့ပြီးတော့ပြောရဦးမယ်။ သမီးလေးကို(HPV) ထိုးပေးပြီးပါပြီလို့မနေ့ညကပါ။အသက်၉နှစ်နဲ့၁၀နှစ်ကြား မိန်းကလေးငယ်များကို(HPV Vaccine)သွားထိုးကြဖို့ရပ်ကွက်ထဲမှာအော်လံနဲ့လိုက်လံနှိုးဆော်သံကြားရပါတယ်၊ဒါနဲ့ ဒီနေ့မှာ မြို့နယ်ကျန်းမာရေးဆေးခန်း ဆီသွားပြီး သမီးလေးကိုHPVကာကွယ်ဆေးသွားရောက် ထိုးပေးခဲ့ပါတယ်။

သမီးကတော့ကြောက်လို့ မထိုးဘူးဆိုပြီး ကလေးသာဘာဝဂျီကျလို့နေပါတယ်၊ဆေးမထိုးဘူး၊ဆေးတိုက်မှာလို့မုသားစကားသုံးပြီးခေါ်သွားရပါတယ်။ ဆေးခန်းရောက်တော့ အမည်၊အသက်၊ လိပ်စာ၊ကျောင်းအမည်ကိုသာပြောပြရပါတယ်။ သန်းခေါင်စာရင်းတောင်မပြလိုက်ရပါဘူး။ ဆေးကလက်မောင်းမှာထိုးရတာပါ။

ဆေးထိုးချိန်မှာသမီးရဲ့ အော် သံတစ်ချက်လောက်ပဲကြားလိုက်ရပါတယ်။ အတင်ပြေပြေနဲ့ ဆေးထိုးပြီးခဲ့ပါတယ်။ဆေးထိုးပြီး နာရီဝက်လောက် ထိုင်နေရပါတယ်။ဆေးအရှိန်ကြောင့် မူးမှာဆိုးလို့ပါ။ ဆေးမှတ်တမ်းကတ်ပြားလည်းပေးပါတယ်။ တစ်နှစ်အကြာမှာ နောက်တစ်ကြိမ်ထပ်မံထိုးရဦးမှာဖြစ်ပါတယ်။ကတ်ပြားကိုတော့မပျောက်အောင်သေချာသိမ်းတည်းထားရမှာပါ။

HPVကာကွယ်ဆေးဟာနိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD အစိုးရလက်ထက်မှာစတင်ထိုးနှံပေးခြင်းဖြစ်တယ်လို့သိရပါတယ်။သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာ့အနှံ့အပြားရှိ အမျိုးသမီးများ စတုတ္တမြောက်အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ အမျိုးသမီးများမှာ အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ကြောင်းကမ္ဘာတစ်ဝှမ်းလုံး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူ အမျိုးသမီး ၈၄၉၀၀၀ ကျော်ရှိပြီး၊

၃၅၆၀၀၀ ကျော်အသက်ဆုံးရှူံးခဲ့ရကြောင်း မြန်မာနိုင်ငံမှာ အမျိုးသမီး ၆၄၀၀၀ ကျော် သားအိမ်ခေါင်းကင်ဆာရောဂါ ခံစားနေရပြီး ၃၆၀၀၀ ကျော် အသက်ဆုံးရှူံးခဲ့ရကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်၊ HPVကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားမှာထည့်သွင်းပြော ကြားခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထိုးနှံပေးတဲ့ ကာကွယ်ဆေး ၁၂ ခုရှိခဲ့ပါတယ်။ အခု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မှာတော့ HPV ကာကွယ်ဆေးကိုထပ်တိုးအဖြစ်ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး ၁၃ ခုမြောက်ဖြစ်လာခဲ့ပါတယ်။HPVကာကွယ်ဆေးကို အသက်(၉)နှစ်နဲ့(၁၀)နှစ်ကြား မိန်းခလေး ၄သိန်းခွဲကို ထိုးနှံပေးမယ်လို့သိရပါတယ်။

အိတ်ခ်ျပီဒီကာကွယ်ဆေးထိုးထားခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုကိုကာကွယ်ပြီးသားဖြစ် မှာပါ။ဆေးထိုးပေးတဲ့ဆရာဝန်၊ဆရာမတွေရော စီစဉ်သူတွေကိုပါကျေးဇူးတင်ပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့ သမီးငယ်တွေကိုအခုလို HPVကာကွယ်ဆေးမဖြစ်ဖြစ်အောင်ထိုးစေချင်ပါတယ် လို့လက်တို့ပြီးတော့ပြောလိုက်ပါရစေ။

ကျော်စွာမင်း၃.၁၂. ၂၀၂၀

Leave a Reply

Your email address will not be published. Required fields are marked *