SP Bakery ပိုင္ရွင္ မိုးကုတ္ၿမိဳ႕ရဲ႕ ၿမိဳ႕မ်က္ႏွာဖုံးျဖစ္သူ ဦးေက်ာ္ဝင္း လက္နက္ကိုင္လူတစ္စု၏ဖမ္းဆီးခံရ

SP Bakery ပိုင္ရွင္ မိုးကုတ္ၿမိဳ႕ရဲ႕ ၿမိဳ႕မ်က္ႏွာဖုံးျဖစ္သူ ဦးေက်ာ္ဝင္း လက္နက္ကိုင္လူတစ္စု၏ဖမ္းဆီးခံရ

မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕ စံျပမုန႔္တိုက္ (SP Bakery) ပိုင္ရွင္ ဦးေက်ာ္ဝင္းအား ယေန႔ (ဒီဇင္ဘာ ၄ ရက္) နံနက္ပိုင္းတြင္ လက္နက္ကိုင္ လူတစ္စုက

ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

မိုးကုတ္ၿမိဳ႕ စံျပမုန႔္တိုက္ (SP Bakery) ပိုင္ရွင္ ဦးေက်ာ္ဝင္းသည္ ၎၏သူငယ္ခ်င္းျဖစ္သူမ်ားႏွင့္ မိုးကုတ္ၿမိဳ႕ ေအာင္ခ်မ္းသာေဈးသို႔ လာေရာက္စဥ္ အမည္မသိ လက္နက္ကိုင္ လူတစ္စုမွ လက္နက္ျပ၍ ကားေပၚသို႔ အတင္းေခၚေဆာင္ၿပီး ဖမ္းဆီးေခၚေဆာင္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဖမ္းဆီးသြားတဲ့ အဖြဲ႕က ေလးေယာက္လို႔ ေျပာတယ္။ ဦးေက်ာ္ဝင္းကို ကားေပၚဆြဲသြင္းတာက သုံးေယာက္ေျပာတာပဲ။ ဖမ္းဆီးတဲ့အဖြဲ႕က Mask ေတြ တပ္ထားတယ္ အားလုံး။ SURF ကားခဲေရာင္ေလးနဲ႔ အတင္းအဓမၼကို ဆြဲသြင္းသြားတာတဲ့ လက္နက္ျပၿပီးေတာ့မွ။ အဲဒါနဲ႔ စံျပေက်ာ္ဝင္းနဲ႔လာတဲ့ သူငယ္ခ်င္း သုံးေယာက္က ထြက္ေျပးသြားတယ္။ သူက

႐ုန္းေတာ့႐ုန္းေသးတယ္တဲ့။ ကားေပၚတက္တဲ့ အခ်ိန္မွာပဲ လက္နက္ျပၿပီး ျပန္ေပးဆြဲသြားတာ။ မ်က္ျမင္သက္ေသေတြက ရွိတယ္။ ဘယ္သူမွ မေျပာရဲဘူး။ ခဲေရာင္ SURF ကားနဲ႔ ေခၚသြားတယ္။ သူေဌးက အက်ႌအမဲေရာင္ ဝတ္ထားတယ္” ဟု အမည္မေဖာ္လိုသူ မ်က္ျမင္သက္ေသ တစ္ဦးက ေျပာၾကားခဲ့သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိုးကုတ္ၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းရာ “ကြၽန္ေတာ္တို႔လည္း သတင္းရလို႔ လိုက္ေတာ့ အတည္ျပဳတုန္းပါ။ လိုက္ၿပီးေတာ့ စုံးစမ္းေနဆဲပါ” ဟု တာဝန္က် ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။Crd – DVB

unicode

SP Bakery ပိုင်ရှင် မိုးကုတ်မြို့ရဲ့ မြို့မျက်နှာဖုံးဖြစ်သူ ဦးကျော်ဝင်း လက်နက်ကိုင်လူတစ်စု၏ဖမ်းဆီးခံရ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းအား ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်ပိုင်းတွင် လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းသည် ၎င်း၏သူငယ်ချင်းဖြစ်သူများနှင့် မိုးကုတ်မြို့ အောင်ချမ်းသာဈေးသို့ လာရောက်စဉ် အမည်မသိ လက်နက်ကိုင် လူတစ်စုမှ လက်နက်ပြ၍ ကားပေါ်သို့ အတင်းခေါ်ဆောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။


“ဖမ်းဆီးသွားတဲ့ အဖွဲ့က လေးယောက်လို့ ပြောတယ်။ ဦးကျော်ဝင်းကို ကားပေါ်ဆွဲသွင်းတာက သုံးယောက်ပြောတာပဲ။ ဖမ်းဆီးတဲ့အဖွဲ့က Mask တွေ တပ်ထားတယ် အားလုံး။ SURF ကားခဲရောင်လေးနဲ့ အတင်းအဓမ္မကို ဆွဲသွင်းသွားတာတဲ့ လက်နက်ပြပြီးတော့မှ။ အဲဒါနဲ့ စံပြကျော်ဝင်းနဲ့လာတဲ့ သူငယ်ချင်း သုံးယောက်က ထွက်ပြေးသွားတယ်။ သူက

ရုန်းတော့ရုန်းသေးတယ်တဲ့။ ကားပေါ်တက်တဲ့ အချိန်မှာပဲ လက်နက်ပြပြီး ပြန်ပေးဆွဲသွားတာ။ မျက်မြင်သက်သေတွေက ရှိတယ်။ ဘယ်သူမှ မပြောရဲဘူး။ ခဲရောင် SURF ကားနဲ့ ခေါ်သွားတယ်။ သူဌေးက အင်္ကျီအမဲရောင် ဝတ်ထားတယ်” ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးကုတ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့လည်း သတင်းရလို့ လိုက်တော့ အတည်ပြုတုန်းပါ။ လိုက်ပြီးတော့ စုံးစမ်းနေဆဲပါ” ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။Crd – DVB

Leave a Reply

Your email address will not be published. Required fields are marked *