ေရြးေကာက္ပြဲမွာ သမၼတ ဘယ္ေလာက္သုံးခဲ့လဲ

Zawgyi ျဖင့္ဖတ္ရန္

ေရြးေကာက္ပြဲမွာ သမၼတ ဘယ္ေလာက္သုံးခဲ့လဲ

နိုင္ငံေတာ္သမၼတဦးဝင္းျမင့္ဟာ ေရြးေကာက္ပြဲကုန္က်စရိတ္ကို ရန္ကုန္၊အေရွ႕ပိုင္းခရိုင္ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွာ ဒီကေန႔မနက္ပိုင္းက ကိုယ္တိုင္လာသြင္းခဲ့တယ္လို့ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ေဒါက္တာ ေက်ာ္စိုးဝင္းက ဘီဘီစီကို အတည္ျပဳပါတယ္။

တာေမြၿမိဳ့နယ္ရဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ဝင္ၿပိဳင္တဲ့ ဦးဝင္းျမင့္ဟာ က်ပ္သိန္းတစ္ရာ သုံးစြဲခြင့္ရေပမယ့္လို့ သိန္း ၃၀ ေတာင္မသုံးခဲ့ဘူးလို့ ေဒါက္တာ ေက်ာ္စိုးဝင္းကေျပာၿပီးအေသးစိတ္သုံးစြဲမွုစာရင္းကိုေတာ့မသိရေသးပါဘူး။

ေနျပည္ေတာ္က သမၼတအိမ္ေတာ္မွာေနတဲ့ သမၼတဦးဝင္းျမင့္ဟာ ရန္ကုန္ၿမိဳ့က တာေမြမဲဆႏၵနယ္မွာအနိုင္ရခဲ့ၿပီး ကိုဗစ္ ၁၉ ကပ္ေရာဂါအေျခအေနအရ ကိုယ္တိုင္မဲဆြယ္ပြဲေတာင္မလုပ္ျဖစ္ခဲ့ပါဘူး။

သူဟာ ေဖ့စ္ဘြတ္ခ္ကေနမဲဆြယ္တာ၊ဗီနိုင္းေထာင္တာနဲ႔ ေရြးေကာက္ပြဲဝင္ခြင့္ အာမခံေငြ က်ပ္သုံးသိန္း တင္သြင္းတာေတြပဲအဓိကသုံးခဲ့တာပဲျဖစ္ပါတယ္။ပုံစာ – မဲဆြယ္စည္း႐ုံးေရးကာလက ေနျပည္ေတာ္မွာ စည္း႐ုံးေရးယာဥ္တန္းကို ႏွုတ္ဆက္ေနတဲ့ သမၼတ မိသားစု

ဓာတ္ပုံ – U Win Myint facebookဘီဘီစီ ျမန္မာပိုင္း

Unicode ျဖင့္ဖတ္ရန္

ရွေးကောက်ပွဲမှာ သမ္မတ ဘယ်လောက်သုံးခဲ့လဲ

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ရန်ကုန်၊အရှေ့ပိုင်းခရိုင် ကော်မရှင်အဖွဲ့ခွဲရုံးမှာ ဒီကနေ့မနက်ပိုင်းက ကိုယ်တိုင်လာသွင်းခဲ့တယ်လို့ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ ကျော်စိုးဝင်းက ဘီဘီစီကို အတည်ပြုပါတယ်။

တာမွေမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်တဲ့ ဦးဝင်းမြင့်ဟာ ကျပ်သိန်းတစ်ရာ သုံးစွဲခွင့်ရပေမယ့်လို့ သိန်း ၃၀ တောင်မသုံးခဲ့ဘူးလို့ ဒေါက်တာ ကျော်စိုးဝင်းကပြောပြီးအသေးစိတ်သုံးစွဲမှုစာရင်းကိုတော့မသိရသေးပါဘူး။

နေပြည်တော်က သမ္မတအိမ်တော်မှာနေတဲ့ သမ္မတဦးဝင်းမြင့်ဟာ ရန်ကုန်မြို့က တာမွေမဲဆန္ဒနယ်မှာအနိုင်ရခဲ့ပြီး ကိုဗစ် ၁၉ ကပ်ရောဂါအခြေအနေအရ ကိုယ်တိုင်မဲဆွယ်ပွဲတောင်မလုပ်ဖြစ်ခဲ့ပါဘူး။

သူဟာ ဖေ့စ်ဘွတ်ခ်ကနေမဲဆွယ်တာ၊ဗီနိုင်းထောင်တာနဲ့ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ်သုံးသိန်း တင်သွင်းတာတွေပဲအဓိကသုံးခဲ့တာပဲဖြစ်ပါတယ်။ပုံစာ – မဲဆွယ်စည်းရုံးရေးကာလက နေပြည်တော်မှာ စည်းရုံးရေးယာဉ်တန်းကို နှုတ်ဆက်နေတဲ့ သမ္မတ မိသားစု

ဓာတ်ပုံ – U Win Myint facebookဘီဘီစီ မြန်မာပိုင်း

Leave a Reply

Your email address will not be published. Required fields are marked *